Dec 03, 2022
စားသုံးဆီ အရည်အသွေး စစ်ဆေးခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျန်းမာရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Dec 03, 2022
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ ဆေးဝါးစက်ရုံ (အင်းစိန်) ၌ ဝန်ထမ်းများနှင့် နွေးထွေးသည့် ဆက်ဆံမှုရှိစေရန်၊ လုပ်ငန်းတာဝန်များကို မိသားစုစိတ်ဓာတ်ဖြင့် ဆောင်ရွက်နိုင်ရန်၊ ဝန်ထမ်းအချင်းချင်း ပိုမိုစည်းလုံး ညီညွတ်မှုရှိစေရန် စက်ရုံစားရိပ်သာ၌ ဝန်ထမ်းများနှင့် နံနက်စာအတူတကွသုံးဆောင်ပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကားများ ပြောကြားသည်။
Dec 03, 2022
၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်သည် ထူးခြားလေးနက်သည့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ နေ့ထူးနေ့မြတ်ဖြစ်သည်။ ၇၅ နှစ်တိုင် လွတ်လပ်ရေးကို ထိန်းသိမ်းခဲ့သည့် အထိမ်းအမှတ်နေ့ ဖြစ်သကဲ့သို့ လာမည့်ကာလတွင်လည်း နိုင်ငံတော်၏အချုပ်အခြာအာဏာကို ကာကွယ်ထိန်းသိမ်းရန် ရည်ရွယ်ချက်ဖြင့် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားကို နေပြည်တော်၌ နိုင်ငံတော်အဆင့် ခမ်းနားကြီးကျယ်စွာကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
Dec 03, 2022
နိုင်ငံတော်အစိုးရ၏ ယန္တရားကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် ကျရာကဏ္ဍမှ တာဝန်ကျေပွန်စွာ ထမ်းဆောင်နေကြသော ဝန်ထမ်းများအား မိသားစုသဖွယ် အသိအမှတ် ပြုသောအားဖြင့် ကျင်းပပြုလုပ်သည့် နယ်စပ်ရေးရာဝန်ကြီးဌာန၏ မိတ်ဆုံနေ့လယ်စာစားပွဲကို ယနေ့မွန်းတည့် ၁၂ နာရီတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန၌ ကျင်းပသည်။
Dec 03, 2022
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် (၁) တွင် “လူတိုင်းသည် တူညီလွတ်လပ်သော ဂုဏ်သိက္ခာဖြင့်လည်းကောင်း၊ တူညီလွတ်လပ်သော အခွင့်အရေးများဖြင့်လည်းကောင်း မွေးဖွားလာသူများဖြစ်သည်။ ထိုသူတို့၌ ပိုင်းခြားဝေဖန်တတ်သောဉာဏ်နှင့် ကျင့်ဝတ်သိတတ်သောစိတ်တို့ရှိကြ၍ ထိုသူ တို့သည် အချင်းချင်းမေတ္တာထား၍ ဆက်ဆံကျင့်သုံးသင့်၏” ဟု ဖော်ပြထားသည်။ လူ့အခွင့်အရေးသည် လူသားတိုင်း ရပိုင်ခွင့်ရှိသည့် အခွင့်အရေးဖြစ်ပြီး မြန်မာနိုင်ငံ အပါအဝင် နိုင်ငံများအားလုံးက လေးစားလိုက်နာကြသည်။
Dec 03, 2022
ကမ္ဘာပေါ်တွင် နှစ်စဉ်ကော်ဖီကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံကျော်ရှိပြီး ရေနံပြီးလျှင် ဒုတိယအများဆုံး ကုန်သွယ်မှုပြုသည့် ကုန်စည်ဖြစ်သည်။ ထို့အပြင် ကမ္ဘာ့ကော်ဖီဈေးကွက်တွင် ဝယ်လိုအားရှိသလောက် ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးသည့်အတွက် ဈေးကောင်းရနေသည့် ကုန်စည်လည်း ဖြစ်နေသည်။ မြန်မာနိုင်ငံတွင် ကိုလိုနီခေတ်ဦးကတည်းက ကော်ဖီကိုစိုက်ပျိုးလာခဲ့ခြင်းဖြစ်ရာ ကော်ဖီစိုက်ပျိုးသည့်သက်တမ်း နှစ်ပေါင်းတစ်ရာကျော်ပြီဖြစ်သည်။ သို့ရာတွင် မိရိုးဖလာနည်းဖြင့်သာ စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သည့်နှစ်အနည်းငယ် (၂၀၁၄ ခုနှစ်) ကမှစတင်ကာ ခေတ်မီနည်းပညာ၊ စက်ကိရိယာများ၊ စိုက်ပျိုးနည်းစနစ်များ၊ ကော်ဖီအရည်အသွေး ထိန်းသိမ်းမှုနည်းစနစ်များနှင့် စတင်ထိတွေ့ လာရခြင်းဖြစ်သည်။
Dec 02, 2022
CRPH နှင့် NUG အမည်ခံအကြမ်းဖက်အဖွဲ့များသည် အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ကိုဖွဲ့စည်း၍ အစိုးရ၏အုပ်ချုပ်မှုယန္တရားများ ပျက်ပြားစေရေးနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုများ မရှိစေရေးတို့အတွက် စစ်ရေးပစ်မှတ်မဟုတ်သည့် အများပြည်သူနှင့်သက်ဆိုင်သော အဆောက်အဦများအား နည်းလမ်းမျိုးစုံဖြင့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည်။
Dec 02, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Dec 02, 2022
စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၄) ပြန်တမ်းဝင်အရာရှိ ခန့်အပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စစ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်ချုပ် ဇော်မင်းလတ်နှင့် ကျောင်းဆင်းဗိုလ်လောင်းများ တက်ရောက်ကြသည်။
Dec 02, 2022
မြန်မာနိုင်ငံ၏ နယ်စပ်နယ်မြေအသီးသီးတွင် မိဝေးဖဝေးနှင့် မိသားစုဝေးကွာစွာဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို နေမအားညမနား ထမ်းဆောင်လျက် ရှိသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် နယ်ခြားစောင့်တပ်ဖွဲ့များ တဒင်္ဂခတ္တခဏမျှ စိတ်ပျော်ရွှင်ကြည်နူးချမ်းမြေ့စေရန်နှင့် ဘဝအမောများ ပြေပျောက်စေရန်အတွက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) မှ ဖျော်ဖြေရေးအဖွဲ့သူအဖွဲသားများ၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများက ကျောပိုးအိတ်ဖျော်ဖြေရေး အဖွဲ့ငယ်များ ဖွဲ့စည်းကာ တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရှေ့တန်းစခန်းများသို့ မိသားစုများ၏ကိုယ်စား ကိုယ်ချင်းစာစိတ်အပြည့်အဝဖြင့် အလှည့်ကျ သွားရောက်ဂုဏ်ပြု ဖျော်ဖြေသီဆိုကပြလျက်ရှိသည်။
Dec 02, 2022
စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၄) သင်တန်းဆင်းဂုဏ်ပြု ညစာစားပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ်၊ အနော်ရထာတပ်ရင်း ဗိုလ်လောင်းစားရိပ်သာ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
Dec 02, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နေ့လယ်ပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ် ထိန်းသိမ်းဆောင်ရွက်ထားရှိမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Dec 02, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ကော်ဖီလုပ်ငန်းရှင်များအား ပြင်ဦးလွင်မြို့၊ မြို့တော်ခန်းမ၌တွေ့ဆုံ၍ ကော်ဖီစိုက်ပျိုးမှု ဆိုင်ရာများကို ဆွေးနွေးသည်။
Dec 02, 2022
စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၄) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။
Dec 02, 2022
စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၄) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။
Dec 02, 2022
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ SITES-CENTER JSC ကုမ္ပဏီ၏ Deputy Chief Executive Officer Mr. Nikolaychuk Vsevolod နှင့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက် ၉ နာရီခွဲတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Dec 02, 2022
၂၀၀၃ ခုနှစ် အောက်တိုဘာ ၃၀ ရက်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက် ၅၈/၄ ဖြင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ သဘောတူလက်မှတ်ရေးထိုးခဲ့ကြသော ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်းက ဒီဇင်ဘာ ၉ ရက်ကို အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့သည်။
Dec 02, 2022
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင် နောင်ချိုမြို့နယ် ဇီးပင်ကြိုးဝိုင်းရှိ ၁/၁၉၈၄ ကျွန်း၊ ထင်းရှူးသက်ကြီး စိုက်ခင်းဧက ၅၅၀ ကို ထိန်းသိမ်းဆောင်ရွက်ထားမှုနှင့် ဇီးပင်ကြိုးဝိုင်း အကွက်အမှတ် (၁) ရှိ ၂၀၁၆ ခုနှစ် ကြီးမြန် ယမနေနှင့် ယူကလစ်ပုဂ္ဂလိက စိုက်ခင်း ၃၅ ဧကရှိ ကြီးမြန်သစ်မျိုးများ၏ ရှင်သန်ကြီးထွားမှုကို ကြည့်ရှုစစ်ဆေးပြီး သက်ကြီးစိုက်ခင်းများ ရေရှည်တည်တံ့အောင် ကာကွယ်ထိန်းသိမ်းရေးနှင့် ဒေသနှင့်ကိုက်ညီသော ကြီးမြန်သစ်မျိုး စိုက်ခင်းများ တိုးချဲ့တည်ထောင်ရေး မှာကြားသည်။