Skip to main content

ရန်ကုန်တိုင်းဒေသကြီးအတွင်း အခွန်ပညာပေးလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန် ဩဂုတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူးရုံး ကွပ်ကဲမှုအောက်ရှိ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများသည် ဇူလိုင် ၂၀ ရက်မှ ဩဂုတ် ၄ ရက်အထိကာလအတွင်း ပြေစာပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းနှင့်စပ်လျဉ်း၍ အခွန်ပညာပေးရှင်းလင်းပွဲများကို သက်ဆိုင်ရာမြို့နယ်အလိုက် ကျင်းပလျက်ရှိသည်။

အဆိုပါ အခွန်ပညာပေး ရှင်းလင်းပွဲများသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၃၉ မြို့နယ်မှ စားသောက်ဆိုင်/ တည်းခိုခန်း၊ ဟိုတယ်၊ မိုတယ်နှင့် ရွှေဆိုင်လုပ်ငန်းရှင် ၁၆၂၅ ဦး တက်ရောက်ကြပြီး တက်ရောက်လာသူများကို အခွန်ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးသည်။

ပြည်တွင်းအခွန်များ ဦးစီးဌာနသည် နိုင်ငံတော်မှကောက်ခံသော အခွန်အကောက်ရငွေစုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းကျော်ကို နှစ်စဉ်ကောက်ခံပေးလျက်ရှိပြီး နိုင်ငံတော်ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လုံလောက်သည့် ဘဏ္ဍာငွေများတိုးမြှင့်ရရှိနိုင်ရန်နှင့် ဘဏ္ဍာနှစ်အလိုက်ကောက်ခံရန် လျာထားသည့် အခွန်ငွေများ ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်