Skip to main content

ဦးစီးအရာရှိ၊ စာရင်းစစ်မှူး၊ ဒု-စာရင်းစစ်မှူးနှင့် လက်ထောက်စာရင်းစစ်မှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်း အမှတ်စဉ် (၄ /၂၀၂၃) သင်တန်းဆင်းပွဲ ကျင်းပ

နေပြည်တော် အောက်တိုဘာ ၂၃

ဦးစီးအရာရှိ၊ စာရင်းစစ်မှူး၊ ဒု-စာရင်းစစ်မှူးနှင့် လက်ထောက်စာရင်းစစ်မှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်း အမှတ်စဉ်(၄/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ ဒုတိယစာရင်းစစ်ချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က ယခုသင်တန်းကို လူ့စွမ်းအားအရင်းအမြစ် ပိုမိုအားကောင်းခိုင်မာလာစေရန်နှင့် စစ်ဆေးရေးစွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရန်ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း၊ လက်တွေ့လုပ်ငန်းခွင်တွင် ထိရောက်အကျိုးရှိစွာ ပြန်လည် အသုံးချကြစေလိုကြောင်း၊ သင်တန်းမှလေ့လာသိရှိ ခဲ့ရသည်များအပြင် ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲနေသည့် နည်းပညာရပ်များနှင့် စာရင်းစစ်ဆေး ခြင်းဆိုင်ရာ နည်းစနစ်များကိုလည်း စဉ်ဆက်မပြတ် လေ့လာဆည်းပူးနေကြရမည်ဖြစ်ပါကြောင်း။

ထို့ပြင် နိုင်ငံတော်မှချမှတ်ထားသည့် မူဝါဒများကို သိရှိနားလည်ပြီး လိုက်ပါဆောင်ရွက်နိုင်ရန်လိုအပ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အရည်အသွေးပြည့်ဝသည့် ခေါင်းဆောင်မှုနှင့် လိုက်ပါဆောင်ရွက်မှုများဖြစ်စေရန် အပြန်အလှန်လေးစားမှုဖြင့် စည်းလုံးညီညွတ်စွာ ဆောင်ရွက် ကြစေလိုပါကြောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေပါ လုပ်ငန်းတာဝန်များကို ကျင့်ဝတ်သိက္ခာများနှင့်အညီ သယ်ပိုးဆောင်ရွက်နိုင်သည့် ဝန်ထမ်းကောင်းများဖြစ်စေရေး ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းတွင် ရုံးချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးနှင့် ဒေသစာရင်းစစ်ရုံးများမှ သင်တန်းသားများအား စာသင်ခန်းရောက် (Face to Face) ဖြင့် ၇၀၊ အွန်လိုင်းဖြင့် ၁၃ ဦး စုစုပေါင်း သင်တန်းသား ၈၃ ဦး တက်ရောက်ခဲ့ပြီး အောက်တိုဘာ ၂၅ ရက်တွင် အရည်အချင်းစစ်စာမေးပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်