Skip to main content

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များ နေပြည်တော်သို့ ရောက်ရှိ

နေပြည်တော် အောက်တိုဘာ ၂၁

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၏ ဗဟို အဆင့်ပြိုင်ပွဲများကို နေပြည်တော်တွင် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၄ ရက်မှစ၍ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲများသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်များ ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင် ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး(ယာပုံ)နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်အဖွဲ့များနှင့် အုပ်ချုပ်သူများသည် ယနေ့နံနက်ပိုင်းမှ စတင်၍ တည်းခိုနေထိုင်ကြမည့် နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းသို့ ရောက်ရှိကြသည်။

ပြိုင်ပွဲဝင်အဖွဲ့များကို တာဝန်ရှိသူများက နွေးထွေးပျူငှာစွာ ကြိုဆိုနှုတ်ဆက်ကြပြီး သတ်မှတ်ထားသည့် တည်းခိုဆောင်များအလိုက် နေရာချထားပေးကာ နေထိုင်စား သောက်ရေး အဆင်ပြေစေရေးအတွက် ပြင်ဆင်ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်း ရရှိသည်။   

သတင်းစဉ်