ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာကာကွယ် ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်
ဇန်နဝါရီလ ၂၄ ရက်မှ ၃၀ ရက်နေ့အထိသည် တရုတ် နှစ်သစ်ကူး ကာလဖြစ်သည်။ ထိုကဲ့သို့ အများပြည်သူ နှစ်သစ်ကူးကာလရှည်ပိတ်ရက်တွင် တရုတ်နိုင်ငံ ဝူဟန် မြို့တွင် 2019 Novel Coronavirus (2019-nCoV) စတင် ဖြစ်ပွားခဲ့မှုကြောင့် နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲများ၊ နှစ်သစ် ကူးအပန်းဖြေခရီးသွားများဖြင့် မစည်ကားနိုင်တော့ပေ။ တရုတ်နိုင်ငံရှိ သက်ဆိုင်ရာအာဏာ ပိုင်များအနေဖြင့်ဘေးဒဏ်သင့်ဒေသများသို့ ဝင်ရောက်ခွင့်နှင့် ထွက်ခွာခွင့် များအတွက် ကန့်သတ် ချက်နှင့် စည်းကမ်းသတ်မှတ် ချက်များကို တိုးမြှင့်ထုတ်ပြန်ခြင်းအပါအဝင် Coronavirus ကူးစက် ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် ထိန်းချုပ်မှု အစီအမံများကို ဆောင်ရွက်လျက်ရှိသည်။