Skip to main content

Jul 30, 2024

ဧရာဝတီတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်သည် ယမန်နေ့ မွန်းတည့် ၁၂ နာရီက ကျုံပျော်ခရိုင် ရေကြည်မြို့နယ်အတွင်းရှိ နေအိမ်ခြံဝင်းများတွင် ရေဝင်ရောက်မှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ထားသူများအား စားရေရိက္ခာများ သွားရောက်လှူဒါန်းခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2024

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇူလိုင် ၂၉ ရက် နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှု လျော့နည်းသက်သာစေရေး၊ ရေများအမြန်ဆုံး ပြန်လည်ကျဆင်းနိုင်ရေးနှင့် ရေဘေးကာကွယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2024

မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် ဂုဏ်ပြုညီလာခံကို အောင်မြင်စွာ ကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနတွင် Hybrid စနစ်ဖြင့် ကျင်းပသည်။ နိုင်ငံတော်တွင် အင်ဂျင်နီယာပညာရေးသည် ၁၉၂၃-၁၉၂၄ ပညာသင်နှစ်မှ စတင်ခဲ့သည်ဖြစ်ရာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ နှစ် (၁၀၀) ပြည့်မြောက်ပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Jul 30, 2024

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဧရာဝတီတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်နှင့်အတူ ဇူလိုင် ၂၇ ရက် ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ Call Center တွင် ဓာတ်အားဖြန့်ဖြူးရန် ကြီးကြပ်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2024

ကျန်းမာ‌ရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနက ကြီးမှူးကျင်းပသော (၁၁) ကြိမ်မြောက် ဆေးပညာသင်ကြားရေးနှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Hotel Max ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2024

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ရန်ကုန်တိုင်းဒေကြီးအစိုးရအဖွဲ့ ပံ့ပိုးကူညီမှုနှင့် မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း ဦးဆောင်မှုတို့ဖြင့် ကုမ္ပဏီပေါင်း ၅၀ ကျော်က အများပြည်သူတို့ထံ ဆေးဝါးများတိုက်ရိုက်ရောင်းချပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်း နဝဒေးရုပ်ရှင်ရုံဝင်းအတွင်းရှိ မြန်မာ့ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာန အဆောက်အအုံအတွင်း၌ ခင်းကျင်းပြသရောင်းချပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2024

အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်သည့် လျှပ်စစ်သံဂဟေဆက်နည်းပညာသင်တန်းကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် ကြာအင်းကျေးရွာဓမ္မာရုံ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2024

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်းထုတ်လွှင့်မှုကို ၂၀၂၄ ခုနှစ် ဧပြီ ၁ ရက်မှစပြီး ဇူလိုင် ၃၁ ရက်အထိ နေ့စဉ် နံနက် ၆:၀၀ နာရီမှစပြီး ရှမ်း ၊ “ဝ”၊ ကချင်၊ ကယား၊ စကောကရင်၊ အနောက်ပိုးကရင်၊ အရှေ့ပိုးကရင်၊ ချင်း (လိုင်ဇိုး)၊ ချင်း (ချိုး)၊ မွန်၊ ရခိုင်ဘာသာအစီအစဉ်များကို ည ၂၃:၀၀ နာရီအထိ ထုတ်လွှင့်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2024

အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၄ ခုနှစ် တိုင်းမှူးဒိုင်း အမျိုးသား/ အမျိုးသမီးဘော်လီဘောပြိုင်ပွဲဖွင့်ပွဲကို ယနေ့ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ်အားကစားကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်ဝေလင်းနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်