Aug 31, 2025
အရိပ်လိုအပင်ပျိုးရသည်။ ရင့်မာအပွေးတက်ဖို့အချိန်ယူရသည်။ ဆိုခဲ့ပါနိယာမနှင့်အညီ အနာဂတ်ကိုပိုင်စိုးမည့်၊ နောင်တစ်ခေတ်တွင် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ပြည်မှုရေးရာကိစ္စအဝဝကို ပခုံးပြောင်းတာဝန် ထမ်းဆောင်ကြမည့် မျိုးဆက်သစ်လူငယ်ခေါင်းဆောင်လောင်းလျာများကို ကမ္ဘာ့နိုင်ငံအသီးသီးမှ စနစ်တကျပြုစုပျိုးထောင်လေ့ရှိကြသည်။
Aug 31, 2025
သံမဏိမူဝါဒထုတ်ပြန်ပြဋ္ဌာန်းနိုင်ရေးနှင့် အရည်အသွေးပြည့်မီသော သံ၊ သံမဏိများထုတ်လုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 31, 2025
မြို့သစ်မြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် အကျုံးမဝင်သော မိုးစပါးစိုက်တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် သွင်းအားစုဓာတ်မြေဩဇာများပေးအပ်ပွဲနှင့် ဆောင်းမြေပဲစိုက်တောင်သူများအတွက် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေဖြင့် မျိုး၊ သွင်းအားစု၊ မြေဩဇာပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မြို့သစ်မြို့စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးပညာပေးရေးနှင့် ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမ၌ကျင်းပရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
Aug 31, 2025
နိုင်ငံတကာရေးရာ၊ ပထဝီနိုင်ငံရေး၊ အမျိုးသားမဟာဗျူဟာနှင့်ပတ်သက်သည့် အခြေခံဗဟုသုတ များရရှိစေရန်၊ လူငယ်များအကြားခေါင်းဆောင်မှု၊ စူးစမ်းစဉ်းစားနိုင်မှုနှင့် လူမှုဆက်ဆံရေး ကျွမ်းကျင်မှုအရည်အချင်းများမြှင့်တင်ရန်၊ ဖိုရမ်တွင်အပြန်အလှန်ဆွေးနွေး ပြောဆိုမှုများမှတစ်ဆင့် ပူးပေါင်း ဆောင်ရွက်မှု၊ ဆွေးနွေးနှီးနှောမှုနှင့် ပြည်သူ့နီတိထိတွေ့ဆက်ဆံမှုများတိုးမြှင့်ရန်၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြစ်ပေါ်လာမည့် အနာဂတ်လမ်းကြောင်းများကို လူငယ်များကိုယ်တိုင် ရှုမြင်အဆိုပြုနိုင်စွမ်းမြှင့်တင်ရန်နှင့် အနာဂတ်တွင်ဆောင်ရွက်ကြမည့် အမျိုးသားအဆင့်နှင့် ဒေသဆိုင်ရာအဆင့် လုပ်ငန်းအစီအစဉ်များအတွက် တက်ကြွသည့် ဖိုရမ်ဆင်းလူငယ်ကွန်ရက်ကို ဖန်တီးပေးရန်ဟူသည့် ရည်ရွယ်ချက်ငါးရပ်ဖြင့် မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ ကို ယနေ့တွင် ရန်ကုန်မြို့ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ၌ ကျင်းပသည်။
Aug 31, 2025
မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC)၌ ကျင်းပသည်။
Aug 31, 2025
တပ်မတော်သည် မူလတာဝန်ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို သမိုင်းအစဉ်အလာမပြတ် ကြိုးပမ်းထမ်းရွက်လျက်ရှိသလို နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝလုံခြုံရေးကိုလည်း သက်စွန့်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ တန်ပြန်ထိုးစစ်နှင့်အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေးဖြင့် TNLA သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများ ခေတ္တထိန်းချုပ်ခဲ့သည့် နောင်ချိုမြို့ကို ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် အပြီးတိုင် အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့သည်။
Aug 31, 2025
မြန်မာကိုကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်ရန် တစ်နည်းအားဖြင့် ငြိမ်းချမ်းသာယာဝပြော၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ်ရောက်ရှိစေရန်အတွက် အားလုံးဆောင်ရွက်ကြရမည့် လုပ်ငန်းများမှာ ပမာဏကြီးမားကျယ်ပြန့်လှသည်။ လက်ရှိဆောင်ရွက်လုပ်ကိုင်နေကြသည်ထက် လေး၊ ငါး၊ ဆယ်ဆ ပို၍ ကြိုးပမ်းအားထုတ်လုပ်ကိုင်ကြမည်ဆိုလျှင်ပင် နှစ်ပေါင်း ၂၀၊ ၃၀ စသည်ဖြင့် အချိန်ကာလတစ်ရပ်ကိုဖြတ်သန်းကာ ဇွဲလုံ့လဝီရိယအားတို့ဖြင့် မဆုတ်မနစ် အလုပ်လုပ်ကြရဦးမည်ဖြစ်သည်။
Aug 30, 2025
တပ်မတော်အနေဖြင့် TNLA အဖွဲ့ နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ ခေတ္တစိုးမိုးထားသည့် နောင်ချိုမြို့အား ပြန်လည်သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး ပြည်ထောင်စုလမ်းမကြီးဖြစ်သော မန္တလေး-လားရှိုး-မူဆယ် လမ်းမကြီးပေါ်ရှိ အဓိကလမ်းကြောင်းတစ်ခုဖြစ်သည့် နောင်ချို-ကျောက်မဲ လမ်းပိုင်းအား ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို ခဲရာခဲဆစ်ဖြင့် ဆောင်ရွက်ခဲ့ရာ နောင်ပိန်ကျေးရွာ၊ ပင်ပေါကျေးရွာ၊ နောင်ပစ်လမ်းခွဲနှင့် ဂုတ်တွင်းတံတား၊ ဂုတ်ထိပ်တံတားနှင့် အဆိုပါဒေသတစ်ဝိုက်တို့အား ဩဂုတ်လ ၂၉ ရက်တွင် ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။
Aug 30, 2025
တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ H.E. Mr. Xi Jinping ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် တီယန်ကျင်းမြို့ရှိ တီယန်ကျင်းဧည့်ဂေဟာ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတနှင့် တွေ့ဆုံဆွေးနွေးသည်။
Aug 30, 2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ H.E. Mr. Xi Jinping ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးသွားရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ တပ်မတော်လေဆိပ်မှ ထွက်ခွာကြရာ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ စစ်သံရုံးတို့မှ တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
Aug 30, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Aug 30, 2025
ရှမ်းပြည်နယ် (မြောက်ပိုင်း)လားရှိုးမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)အသုံးပြုနည်းဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့စမ်းသပ်ဆန္ဒမဲပေးခြင်းကို ဩဂုတ် ၂၇ ရက်နံနက်ပိုင်းက လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ခရိုင်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Aug 30, 2025
တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ဒေသတွင်းတိုင်းရင်းသားလူငယ်များအတွက် အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ကျင်းပရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။
Aug 30, 2025
မန္တလေးတက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်ကျင်းပရေး တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃)ရှိ အစည်းအဝေးခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးဝန်ကြီးများ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် ပညာရေးဒီဂရီကောလိပ်များမှ ကျောင်းအုပ်ကြီးများ၊ မြို့မိမြို့ဖများနှင့် ကျောင်းသားဟောင်းများက အွန်လိုင်းဖြင့်တက်ရောက်ကြသည်။
Aug 30, 2025
MSME ကဏ္ဍတွင် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ စွန့်ဦးတီထွင်မှုများဆောင်ရွက်နိုင်ရေး ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် Naypyitaw State Polytechnic University သင်တန်းခန်းမ၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ Naypyitaw State Polytechnic University ပါမောက္ခချုပ်၊ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ MSME လုပ်ငန်းရှင်များနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။
Aug 30, 2025
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်သူများအား ဆုချီးမြှင့်ပွဲနှင့် ထောက်ပံ့ပစ္စည်းပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြသည်။
Aug 30, 2025
အလုပ်သမား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်ရှိ Knowledge Manage-ment and Dedication (KMD) Training Center တွင် IT ပိုင်းဆိုင်ရာ နည်းပညာသင်တန်းများ ဖွင့်လှစ်သင်ကြားနေမှုကို ကြည့်ရှုအားပေးသည်။
Aug 30, 2025
ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့မှတာဝန်ရှိသူများပါဝင်သည့် ဗဟိုကွင်းဆင်းအဖွဲ့သည် ယမန်နေ့ညနေပိုင်းက နေပြည်တော် ပျဉ်းမနားမြို့နယ် အုန်းတောပရိယတ္တိစာသင်တိုက် ယာယီရေဘေးရှောင်စခန်း၊ ပျဉ်းမနားမြို့နယ် ရန်အောင် (၁) ရပ်ကွက် လယ်တီစံကျောင်းတိုက် ယာယီရေဘေးရှောင်စခန်းနှင့် လယ်ဝေးမြို့နယ် အေလာရှိ ဂိုဏ်းထောက်ကျောင်းတိုက် ယာယီရေဘေးရှောင် စခန်းများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Aug 30, 2025
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
Aug 30, 2025
မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီ (National Seed - Related Committee, NSC)၏ (၃၁) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန နေပြည်တော်ရုံးအမှတ် (၄၃) အစည်းအဝေးခန်းမ၌ကျင်းပရာ မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ သီးနှံကျွမ်းကျင်မှုဆိုင်ရာလုပ်ငန်းအဖွဲ့ (Technical Working Groups, TWGs)များမှ အဖွဲ့ခေါင်းဆောင်များ၊ သီးနှံကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြသည်။
