Oct 21, 2024
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်သည်။
Oct 21, 2024
၁၃၈၆ ခုနှစ် စာဆိုတော်နေ့အထိမ်းအမှတ် ပြုလုပ်ကျင်းပမည့် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် စေတနာရှင်အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် နေပြည်တော်စာပေဝိုင်းမှ လှူဒါန်းသည့် အလှူငွေကျပ် ၃၅၀၀၀၀ ကို ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေ တစ်သက်တာဆုရ စာရေးဆရာမကြီး တင်ရီမ (ညောင်ဦး) ကပေးအပ်ရာ မြန်မာနိုင်ငံစာရေး ဆရာအသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) က လက်ခံရယူခဲ့ကြောင်း သိရသည်။
Oct 21, 2024
၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို နေပြည်တော်၌ ခမ်းနားသိုက်မြိုက်စွာဖြင့် ကျင်းပလျက်ရှိရာ အောက်တိုဘာ ၂၀ ရက်တွင် ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်များ၏ ရင်တွင်းခံစားချက်စကားသံများကို စုစည်းဖော်ပြလိုက်ပါသည်။
Oct 21, 2024
မန္တလေးရတနာပုံမြို့တည်နန်းတည်ပဉ္စမသင်္ဂါယနာတင် ဘဝရှင်မင်းတုန်းမင်းတရားကြီး တည်ထားကိုးကွယ်တော်မူခဲ့သော မဟာသကျမာရဇိန် ကျောက်တော်ကြီးမြတ်စွာဘုရား ၁၃၆ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် သံဃာ့ဒါနဆွမ်းတော်ကြီး လောင်းလှူပွဲအား သာသနာတော်နှစ် ၂၅၆၈ ကို အမှူးထား၍ မန္တလေးမြို့လေးပြင်လေးရပ်မှ ပင့်သံဃာတော်များအား သံဃာ့ဒါနဆွမ်းတော်ကြီးလောင်းလှူပွဲကို အောင်မြေသာစံမြို့နယ် မဟာသကျ မာရဇိန်ကျောက်တော်ကြီးမြတ်စွာဘုရား အာရုံခံတန်ဆောင်းကြီးအတွင်း ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။
Oct 21, 2024
၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲ သတ္တမနေ့ကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ သတ်မှတ်နေရာအသီးသီးတွင် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသည်။
Oct 21, 2024
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။
Oct 21, 2024
၁။ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေပါ ပြဌာန်းချက်များနှင့်အညီ စပါးသီးနှံစိုက်ပျိုးထုတ်လုပ်သော တောင်သူလယ်သမားများအတွက် သင့်တင့်မျှတသောဈေးနှုန်းနှင့် ဈေးကွက်ဖြစ်ပေါ်စေရေး စိုက်ပျိုးထုတ်လုပ်မည့် စပါးသီးနှံများ၏ အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို အောက်ပါအတိုင်း ထုတ်ပြန်ကြေညာလိုက်သည်။
Oct 21, 2024
သီတင်းကျွတ်ရာသီကာလ၌ အနောက်တောင်မုတ်သုံလေသည် မြန်မာပြည်မှ ဆုတ်ခွာသွားပြီဖြစ်၍ ဥတုရာသီပုံမှန်ဖြစ်စဉ်အရ မိုးလေကင်းစင်ကာလဟုဆိုသည်။ ဥတုသပ္ပာယ မျှတကောင်းမွန်ပြီး သာယာလှပသော လောကဓာတ်ကိုဆောင်သည်ဟု လည်းဆိုကြသည်။ သို့သော် မျက်မှောက်ကာလဖြစ်ပေါ်နေသော ရာသီဥတုပြောင်းလဲမှုကြောင့် ဥတုရာသီဖောက်ပြန်ပြောင်းလဲမှုနှင့် ဆက်လက်ကြုံတွေ့နေရပြန်ရာ ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးအန္တရာယ်တို့ကို ကြိုတင်သတိပြုကြရမည် ဖြစ်သည်။