Skip to main content

Oct 22, 2024

အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်သည့် ဗီယက်နမ်နိုင်ငံမှ ရုရှားနိုင်ငံသို့ စိုက်ပျိုးရေးထွက်ကုန်များတင်ပို့မှု အမေရိကန်ဒေါ်လာ ၃၁၃ ဒသမ ၅ သန်းအထိ စံချိန်တင်ရောက်ရှိခဲ့ကြောင်း၊ ဗီယက်နမ်နှင့် ရုရှား နှစ်နိုင်ငံအကြား လယ်ယာထုတ်ကုန်သီးနှံ ကုန်သွယ်မှုပမာဏသည် လွန်ခဲ့သည့်ငါးနှစ်အတွင်း နှစ်ဆတိုးလာကာ နှစ်စဉ် ပျမ်းမျှ အမေရိကန်ဒေါ်လာ တစ်ဘီလီယံအထိ ရောက်ရှိလာကြောင်းနှင့် ရုရှားနိုင်ငံရှိ ကုန်တိုက်ကြီးများတွင် ဗီယက်နမ်ထုတ်ကုန် အများအပြား ရောင်းချနေကြကြောင်း သိရသည်။ အလားတူပင် ဗီယက်နမ်မှ တောင်ကိုရီးယားနိုင်ငံသို့ ယခုနှစ် ပထမနှစ်ဝက်အတွင်း လယ်ယာထွက်ကုန်တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၆၄ သန်းအထိ ရောက်ရှိခဲ့ကြောင်းနှင့် ဗီယက်နမ်လယ်ယာထွက်ကုန်များ၏ အရည်အသွေးနှင့် ဈေးနှုန်းတို့မှာ တောင်ကိုရီးယားစားသုံးသူများ၏ နှစ်သက်သဘောကျမှုကြောင့် တစ်နှစ်ထက်တစ်နှစ် ဝယ်လိုအားမြင့်မားလာသည်ဟုလည်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 21, 2024

အကြမ်းဖက်သမားအယောင်ဆောင်၍ စီးပွားရေးလုပ်ငန်းရှင်များထံ ခြိမ်းခြောက်ငွေကြေးတောင်းခံနေသူ ကျော်ခိုင်ဦးသည် ပြင်ဦးလွင်မြို့နယ်၊ မိုးကြိုးပစ်ကျေးရွာတွင် ရောက်ရှိနေကြောင်း မတရားမှုကို မလိုလားသည့် ပြည်သူများ၏ သတင်းပေးချက်အရ သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက် နေ့လယ်ပိုင်းတွင် ပြင်ဦးလွင်မြို့နယ်၊ မိုးကြိုးပစ်ကျေးရွာ၊ ခေတ္တာလမ်း၊ အမှတ် (၂၂၆) ၌ ကျော်ခိုင်ဦးနှင့် ၎င်း၏ တရားမဝင်ဇနီးဖြစ်သူ အေးအေးဝင်းတို့ ၂ ဦးအား ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 21, 2024

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်း၊ ရှင်လူ အများပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ယခင်နှစ် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့မှစ၍ စတင်ခွင့်ပြုပေးခဲ့ရာ ပြည်တွင်းပြည်ပမှ ဘုရားဖူးလာရောက်သူများဖြင့် နေ့စဉ်မပြတ် စည်ကားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 21, 2024

ဧရာဝတီတိုင်းဒေသကြီး၌ သန်းခေါင်စာရင်းကောက်ယူရာတွင် စစ်မှုထမ်းကိစ္စများကိုပါ မေးမြန်းကောက်ယူနေသည်ဟု မဟုတ်မမှန်သတင်းများကို ပြည်ဖျက်သတင်းမီဒီယာများက ရေးသားဖြန့်‌ဝေနေသည်ကို တွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 21, 2024

ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၇/၂၀၂၄) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 21, 2024

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၆) တွင် ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက်ညီသူ နိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းအသီးသီးသို့ ရောက်ရှိ၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြသည်။ ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၆) သင်တန်းဖွင့်ပွဲများ ပြုလုပ်ကြသည်။ သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့်အမှာစကားများ ပြောကြားကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 21, 2024

အကြမ်းဖက်မှုပပျောက်ရေးအတွက် ပြည်သူသို့ အသိပေးနှိုးဆော်ချက်

ဆက်လက်ဖတ်ရှုရန်

Oct 21, 2024

သန်းခေါင်စာရင်း အကောက်မခံရသေးသော ပြည်သူများအား ပြန်လည်ကောက်ခံပေးသွားမည်

ဆက်လက်ဖတ်ရှုရန်

Oct 21, 2024

(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး၏ သတ္တမမြောက်နေ့အဖြစ် ပြည်ထောင်စုနယ်မြေ အတွင်းရှိ သတ်မှတ်နေရာ အသီးသီးတွင် ဆက်လက်ကျင်းပလျက်ရှိရာ ပြိုင်ပွဲတွင် တာဝန်ယူကြရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အကဲဖြတ်ပညာရှင်များနှင့် ပြိုင်ပွဲဝင်များအား တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြပေးလိုက်ရပါသည်-

ဆက်လက်ဖတ်ရှုရန်

Oct 21, 2024

ချမ်းမြသာစည်မြို့နယ်၊ ချမ်းအေးသာစံမြို့နယ်နှင့် တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်