Skip to main content

Oct 25, 2024

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံကို အောက်တိုဘာ ၂၃ ရက် နှင့် ၂၄ ရက်တို့တွင် နေပြည်တော်၌ ကျင်းပလျက်ရှိရာ ညီလာခံပိတ်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) ပတ္တမြားခန်းမ၌ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2024

မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၄၆) ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အောက်တိုဘာ ၂၂ ရက်မှ ၂၅ ရက်အထိ အွန်လိုင်းစနစ်ဖြင့် ကျင်းပလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2024

နတ်တလင်းမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နတ်တလင်းမြို့ တာပွန်တောင်ပိုင်း (၂) ရပ်ကွက်နေ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် လွတ်လပ်ရေးမော်ကွန်းဝင် (တတိယအဆင့်) ဖြစ်သူ တပ်သားဉာဏ်အေး (အငြိမ်းစား) အား အသက် ၁၀၁ နှစ် ဂါရဝပြု ထောက်ပံ့ငွေများကို အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းက သွားရောက်ပေးအပ်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2024

ကမ္ဘာ့မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုဆိုင်ရာ ရက်သတ္တပတ် (Global Media and Information Literacy Week) အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2024

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်၌ အင်းဝဘဏ်လီမိတက်၏ စိန်ရတုဘဏ်ခွဲဖြစ်သော ဘဏ်ခွဲ (၇၅) ဘဏ်မြောက်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဘဏ်ခွဲပရဝဏ်၌ ကျင်းပပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မန္တလေးမြို့တော်ဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနှင့် အင်းဝဘဏ်လီမိတက်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2024

ရန်ကုန်တိုင်းဒေသကြီးအတွင်း သမဝါယမအရောင်းဆိုင်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်၍ စဉ်ဆက်မပြတ်လုပ်ငန်းများ လည်ပတ်နိုင်စေရန်နှင့် စားသုံးသူအသင်းသားပြည်သူများ အခြေခံစားကုန်များကို ဈေးနှုန်းသက်သာစွာ

ဆက်လက်ဖတ်ရှုရန်

Oct 25, 2024

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ခွင့်ပြုချက်ဖြင့် N.P.K Motors Co., Ltd. က တင်သွင်းလာသော တရုတ်နိုင်ငံထုတ် LEAPMOTOR T03 (STANDARD) အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် Unitrust Enterprise Group of Co., Ltd. က တင်သွင်းလာသော တရုတ်နိုင်ငံထုတ် AIQAR ICAR03 အမျိုးအစားလျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် အောက်တိုဘာ ၂၄ ရက်တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2024

၁။ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော POSCO International Corporation (Myanmar E&P) သည် ရွှေစီမံကိန်းတွင် Shwe Project Subsea System Inspection လုပ်ငန်းများအား MV. PTSC THAI BINH ဖြင့် ဆောင်ရွက်သွားမည့် တည်နေရာကိုဖော်ပြသည့် Coordinate များဖြစ်သော Point A မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၄၁ မိနစ် ၃၅.၄၄၈ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၃ မိနစ် ၃၇.၆၉၂ စက္ကန့်၊ Point B မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၄၀ မိနစ် ၂၄.၃၈၄ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၂ မိနစ် ၁၉.၄၂၈ စက္ကန့်၊ Point C မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၃၄ မိနစ် ၃၆.၈၀၄ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၅ မိနစ် ၃.၄ဝ၈ စက္ကန့်နှင့် Point D မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၃၅ မိနစ် ၂၀.၂၂ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၆ မိနစ် ၄၄.၉၂၈ စက္ကန့်တို့အတွင်းတွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2024

“နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားယဉ်ကျေးမှု (National Culture)၊ အမျိုးသားရေးစိတ်ဓာတ် (National Spirit) နှင့် တန်ဖိုးထားမှုစနစ် (Value System) များသည် ဒေသတစ်ခု၏ အချုပ်အနှောင်မဲ့တိုးတက်မှု (Independent Development) အတွက် အလွန်အရေးပါသည့် အခြေခံအကြောင်းတရားများပင်ဖြစ်ကြောင်း” (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2024

အမှိုက်သရိုက်များရှုပ်ပွနေသည့် လမ်းမ၊ လမ်းသွယ်များနှင့် လူသွားစင်္ကြံပေါ် ပိတ်ဆို့ရောင်းချနေကြသည့် ဈေးသည်များ၊ စည်းကမ်းမဲ့မောင်းနှင်ပြီး ရပ်ချင်သလိုရပ်ထားသည့် ကားများ၊ သွယ်တန်းချင်သလိုသွယ်တန်းထားပြီး မြင်မကောင်းအောင်ရှုပ်ထွေးနေသည့် မီးကြိုး၊ ဖုန်းကြိုး၊ ဆက်သွယ်ရေးကြိုးများ၊ မိုးစင်စင်လင်းပြီးသည့်တိုင် မီးမပိတ်သေးသည့် ဓာတ်မီးတိုင်များ၊ အနံ့ဆိုးများထွက်ပေါ်နေပြီး ဘေးသို့လျှံကျနေသည့် အမှိုက်ပုံးများ စသည် စသည်ဖြင့် ပရမ်းပတာမြင်ကွင်းများနှင့် စည်းမဲ့ကမ်းမဲ့ လူ့အဖွဲ့အစည်းမျိုးကို မည်သူမျှနှစ်မြို့ကြမည်မဟုတ်။ သို့သော် ပြည်သူလူထုအတွင်း ပြည်သူ့တာဝန်ကို သိရှိကျေပွန်သူတို့ နည်းပါးသည့်အခါ၊ ဝန်ထမ်းများလည်း တာဝန်မကျေပွန် သည့်အခါတွင် ထိုလူ့အဖွဲ့အစည်းမျိုးမှာ အထက်တွင်ဖော်ပြခဲ့သည့် မြင်ကွင်းမျိုးကို နေ့စဉ်ရှောင်မလွတ်အောင် မြင်တွေ့နေ ကြရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်