Oct 26, 2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း ဝါသီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးသည်။
Oct 26, 2024
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနား ကျင်းပရေးလုပ်ငန်းကော်မတီ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Oct 26, 2024
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ (၁၄) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့တွင် နေပြည်တော်ခုတင် (၁၀၀၀) အထွေထွေရောဂါကုဆေးရုံကြီး၌ ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီးများနှင့် ဌာနအကြီးအမှူးများ တက်ရောက်အားပေးကြသည်။
Oct 26, 2024
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia သည် ယနေ့ညနေပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ လာရောက်တွေ့ဆုံသည်။
Oct 26, 2024
မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ချင်း ရှည်လျားစွာ ထိစပ်နေသည့် အရှေ့တောင်အာရှ၏ တစ်ခုတည်းသောနိုင်ငံဖြစ်သည်။ အိန္ဒိယအရှေ့မြောက်ဘက်တွင် ကုန်းတွင်းနယ်နိမိတ် ထိစပ်နေသကဲ့သို့ ဘင်္ဂလားပင်လယ်အော်တွင် ရေနယ်နိမိတ်ထိစပ်နေသောနိုင်ငံဖြစ်သည်။ ရှေးကာလ ဗုဒ္ဓဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကတည်းကစ၍ ဘာသာသာသနာ၊ ယဉ်ကျေးမှု၊ စာပေ၊ စီးပွားရေး၊ လူမှုရေးမှအစ ကူးလူးဆက်နွှယ်ခဲ့သည့် တစ်မြေတည်း၊ တစ်ရေတည်းနိုင်ငံဖြစ်သည်။
Oct 26, 2024
မြန်မာနှင့် အိန္ဒိယတို့ နှစ်နိုင်ငံအကြား ဘာသာရေး၊ စာပေနှင့် ယဉ်ကျေးမှုတို့အရ ဆက်နွှယ်မှုများမှာ နှစ်ပေါင်းထောင်ချီ ရှည်ကြာခဲ့ပြီဖြစ်သည်။ ၁၉ ရာစုအတွင်း ဗြိတိသျှကိုလိုနီဘဝသို့ နှစ်နိုင်ငံစလုံး ကျရောက်ခဲ့ရပြီး ဒုတိယကမ္ဘာစစ်ပြီးကာလတွင် နှစ်နိုင်ငံလုံး ရှေ့ဆင့်နောက်ဆင့် လွတ်လပ်ရေးရရှိကာ တရားဝင် သံတမန်ဆက်ဆံရေးလည်း စတင်ခဲ့ခြင်းဖြစ်ရာ ယခုအခါ စိန်ရတုပင် ကျော်လွန်ခဲ့ပြီဖြစ်သည်။
Oct 25, 2024
တပ်မတော်အနေဖြင့် သိပ္ပံနှင့် နည်းပညာဆိုင်ရာများ အထောက်အကူပြုနိုင်ရန်နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့် (၂၀၂၄ ခုနှစ်) “Conference on Science and Technology Development – 2024” ကို အောက်တိုဘာ ၂၄ ရက်နေ့မှ စတင်ကျင်းပခဲ့ပြီး ပိတ်ပွဲအခမ်းအနားကို ယနေ့ညနေ ၄ နာရီတွင် ပြင်ဦးလွင်တပ်နယ် စစ်တက္ကသိုလ် အဆင့်မြင့်စာပေပညာဗဟိုဌာန ငါးထပ်စာသင်ဆောင်၌ ကျင်းပပြုလုပ်ကြသည်။
Oct 25, 2024
နိုင်ငံသားတိုင်းသည် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် နိုင်ငံသားတိုင်း စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်ခဲ့ပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ရန် စိတ်အားထက်သန်စွာ လာရောက်စာရင်းပေးသွင်းကြသည့် လူငယ်များကို ပြည်သူ့စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
Oct 25, 2024
စစ်ကိုင်းတိုင်းဒေသကြီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာများရှိ ဒေသခံများကို ပြန်ပေးဆွဲငွေညှစ်မှု၊ ဖမ်းဆီးသတ်ဖြတ် အလောင်းဖျောက်မှုများ ပြုလုပ်နေကြောင်း၊ ကားများကိုလည်း သိမ်းဆည်းကာ စျေးနှုန်းအမျိုးမျိုးဖြင့် ပြန်ရွေးခိုင်းနေကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံရေးသား ထုတ်လွှင့်လျက်ရှိသည်။
Oct 25, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။