Dec 25, 2024
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ Naypyitaw State Polytechnic University တို့ပူးပေါင်း၍ ကျင်းပသည့် “လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ” လူငယ်စကားဝိုင်းကို ယနေ့နံနက်တွင် Naypyitaw State Polytechnic University အစည်းအဝေးခန်းမ၌ကျင်းပရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အတွင်းရေးမှူး ဦးတင်ဆွေဝင်းနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ Naypyitaw State Polytechnic University မှ ပါမောက္ခချုပ် ဒေါက်တာစိုးလင်းအောင်၊ Naypyitaw State Polytechnic University မှ တာဝန်ရှိသူများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
Dec 25, 2024
မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ပုံမှန်အစည်းအဝေး (၄/၂၀၂၄) ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 25, 2024
(၇၇) နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သန်လျင်တပ်နယ်ရှိ ရေတပ်လေ့ကျင့်ရေးဌာနချုပ်၌ ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီးထိန်ဝင်း၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး အေးမင်းထွေး၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(ရေ)များ၊ ရေတပ်ကွပ်ကဲမှုဌာနချုပ်မှူး၊ ရေတပ်စခန်းဌာနချုပ်မှူးများ၊ သန်လျင်တပ်နယ်မှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Dec 25, 2024
နိုင်ငံတော်ကာကွယ်ရေးတာဝန်သည် နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် နိုင်ငံသားတိုင်း ယောက်ျား၊ မိန်းမ အသက်အရွယ်မရွေး ထမ်းရွက်ကြရမည့် မွေးရာပါသမိုင်းပေးတာဝန်ဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ရာ၌ အမျိုးသမီးစစ်မှုထမ်းများ ပါဝင်ထမ်းရွက်နိုင်စေရန်အတွက် အမျိုးသမီးစစ်မှုထမ်း(အရာရှိ)များအား လေ့ကျင့်သင်ကြားမွေးထုတ်ပေးရန် ရည်ရွယ်ချက်ဖြင့် အမျိုးသမီးဗိုလ်လောင်းသင်တန်းကို ၂၀၁၄ ခုနှစ်မှစတင်၍ ဖွင့်လှစ်မွေးထုတ်ပေးခဲ့ရာ ယခုအခါသင်တန်းအမှတ်စဉ်(၁၁)သို့ ရောက်ရှိပြီဖြစ်သည်။
Dec 25, 2024
နှစ်စဉ် ဒီဇင်ဘာလ ၂၅ ရက်သည် ခရစ်ယာန်ဘာသာဝင်များ အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ်၊ ယေရှုခရစ်တော်ဖွားမြင်သည့် အထိမ်းအမှတ်ဖြစ်သော ခရစ္စမတ်နေ့ဖြစ်သည်။ ခရစ္စမတ်ဟူသော ဝေါဟာရ၏ အဓိပ္ပာယ်သည်ပင်ခရစ်(Christ)သည် ခရစ်တော်၏ အမည်နာမဖြစ်ပြီး မတ်စ် (Mas) မှာ လူအများစုဝေးသည့်ပွဲတော်ကို ဆိုခြင်းဖြစ်သည်။
Dec 24, 2024
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ တပ်မတော်(ရေ)၏ (၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင် တပ်မတော်(ရေ)မှတည်ဆောက်ပြီးစီးခဲ့သည့် (၁၃၅)မီတာ ဖရီဂိတ်စစ်ရေယာဉ်ကြီးအမည်ပေးခြင်းနှင့် ရေချပေးခြင်းမင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် သန်လျင်တပ်နယ်ရှိ ရေတပ်သင်္ဘောကျင်းဌာနချုပ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အားပေးချီးမြှင့်သည်။
Dec 24, 2024
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ တပ်မတော်(ရေ)၏ (၇၇)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့တွင် နိုင်ငံတော်၏ရေကြောင်းဆိုင်ရာအကျိုးစီးပွားများနှင့် မြန်မာ့ပင်လယ်ပြင် သီးသန့်စီးပွားရေးဇုန်အား အပြည့်အဝကာကွယ်စောင့် ရှောက်နိုင်ရန်အတွက် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားကို ရန်ကုန်မြို့ရှိ အမှတ်(၃)ရေတပ်ဆိပ်ခံတံတား၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဂုဏ်ပြုချီးမြှင့်သည်။
Dec 24, 2024
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အားကစားသမားများနှင့် ပါဝင်ဆောင်ရွက်ခဲ့သည့်ဝန်ထမ်းများအား ဂုဏ်ပြုတွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာနရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများ၊ စက်မှုဝန်ကြီးဌာနကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သည့် အားကစားသမားများနှင့် ပါဝင်ဆောင်ရွက်ခဲ့သည့်ဝန်ထမ်းများ တက်ရောက်ကြသည်။
Dec 24, 2024
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်သည် ပဲခူးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေနှင့်အတူ ယနေ့တွင် ပဲခူးမြို့ရှိ ကမ္ဘောဇသာဒီနန်းတော် ပြုပြင်ဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်စစ်ဆေးသည်။
Dec 24, 2024
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အမှတ်(၈)ရပ်ကွက်ရှိ ဇမ္ဗူသီရိဗိမာန်တော်၌ ကျင်းပသည့် ထေရဝါဒဗုဒ္ဓသာသနာပြုသြဝါဒါစရိယ အဖွဲ့ထံမှ သြဝါဒခံယူပွဲအခမ်းအနားသို့ တက်ရောက်ကြည်ညိုသည်။
Dec 24, 2024
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မူပိုင်ခွင့်ဦးစီးဌာန၏ လေးနှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၃)ညီလာခံခန်းမ၌ ကျင်းပသည်။
Dec 24, 2024
တရားမအမှုလိုက်(လက်တွေ့) ဘာသာရပ်သင်တန်းဖွင့်ပွဲနှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဥပဒေအရာရှိများ တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံး မြေညီထပ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 24, 2024
ပညာရေးဆိုင်ရာ အသုံးချသုတေသန နိုင်ငံတကာညီလာခံ (၂၀၂၅) ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ ညီလာခံကျင်းပရေး ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီဝင်များနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Dec 24, 2024
ဟင်္သာတအကျဉ်းထောင်တွင် ထောင်ဝန်ထမ်းများက မူးယစ်ဆေး ပါသည့် ကွမ်းယာများ ရောင်းချနေပြီး နည်းမျိုးစုံဖြင့် ငွေတောင်းကာ မပေးသူများကို ရိုက်နှက်သည်ဟု Khit Thit Media အမည်ခံ Facebook Page က မဟုတ်မမှန် သတင်းရေးသားဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။
Dec 24, 2024
၁။ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသောထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိ လျှင်သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိ လျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ စစ်ဆေးပြီး ငြိစွန်းကြောင်းတွေ့ရှိပါက လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို ပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်းပြုနိုင်ကြောင်း ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ ပုဒ်မ ၆ တွင် ပြဋ္ဌာန်းထားရှိပါသည်။
Dec 24, 2024
(၁၅)ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သော အားကစားသမား ရဲထွန်းနောင်နှင့် ပဉ္စမအကြိမ် အမျိုးသားအားကစား ပွဲတော်အထိမ်းအမှတ် Logo, Mascot နှင့် တေးရေး/တေးဆို ပညာရှင်များ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစားရုံ(C)ရုံ၌ ကျင်းပသည်။
Dec 24, 2024
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ဒုတိယဝန်ကြီးဦးသန့်စင်၊ တာဝန်ရှိသူများနှင့်အတူ South-East Asia Crude Oil Pipeline နှင့်Gas Pipeline ကုမ္ပဏီများ၏ဥက္ကဋ္ဌ Mr. Wang Qiang ဦးဆောင်သည့်အဖွဲ့အား ယနေ့ညနေပိုင်းတွင် စွမ်းအင်ဝန်ကြီးဌာန၌ တွေ့ဆုံသည်။
Dec 24, 2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်ရှိ Wei Wang (ဝေ့ဝမ်) ပဲငံပြာရည်နှင့် နို့ဆီဘူး၊ နို့စိမ်းဘူး၊ အသားဘူးခွံထုတ်လုပ်မှု စက်ရုံနှင့်အင်းစိန်မြို့နယ်ရှိ သီရိစန္ဒာအထည်ချုပ်နှင့် အထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၏ အထည်ချုပ်စက်ရုံသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Dec 24, 2024
စိုက်ပျိုးရေးသုတေသနဦးစီးဌာန သုတေသနပညာရှင်များက ထုတ်လုပ်လိုက်သည့် အောင်နိုင်တိုးစပါးမျိုးသစ်ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းသုတေသနစိုက်ကွင်း၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ သုတေသီများနှင့် ကွင်းဝန်ထမ်းများ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ တောင်သူနှင့်စိုက်ပျိုးရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
