Nov 07, 2024
International Buddhist Confe-deration ၏ ဖိတ်ကြားချက်အရ အဘိဓဇမဟာရဋ္ဌဂုရု သောဠသမ ရွှေကျင်သာသနာပိုင် သီတဂူအဓိပတိဆရာတော်ကြီးသည် ဗုဒ္ဓသာသနာတော်ကြီး ကမ္ဘာအနှံ့ပြန့်ပွားစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ အသောကဟိုတယ်၌ ကျင်းပသော ပထမအကြိမ် Asia Buddhist Summit 2024 သို့ တက်ရောက်သည်။
Nov 07, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်ရှိ စက်မှုဝန်ကြီးဌာန၏ ဝါကြိတ်စက်ရုံသို့ ရောက်ရှိပြီး အရည်အသွေးကောင်း ဂွမ်းမွေးများရရှိရန်အတွက် ဝါဝယ်ယူချိန်တွင် Grade ခွဲခြားပေးသွင်းရေး တောင်သူများအား အသိပညာပေးဆွေးနွေးပေးရန်နှင့် Grade အလိုက် မျှတသောစျေးနှုန်းဖြစ်စေရေး ထိန်းကျောင်းပေးရန် ဆွေးနွေးမှာကြားသည်။
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း အိန္ဒိယနိုင်ငံမှ သတင်းသုံးသပ်သူ Mr. Atul Aneja အား လက်ခံတွေ့ဆုံ
Nov 07, 2024
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် အိန္ဒိယနိုင်ငံမှ သတင်းသုံးသပ်သူ Mr. Atul Aneja အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Nov 07, 2024
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေး ဦးစီးကော်မတီအစည်းအဝေးဆုံးဖြတ်ချက်အရ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် ၂၃ နည်းမှ အသင်းလိုက်အားကစားနည်းများဖြစ်သည့် ဘောလုံး၊ ဖူဆယ်၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ ရိုးရာခြင်းလုံး၊ စားပွဲတင်တင်းနစ်၊ တင်းနစ်နှင့် ခရစ်ကက်အားကစားနည်း ၁၀ နည်းနှင့်ပတ်သက်၍ ပြိုင်ပွဲပွဲစဉ်ဇယား ကြိုတင်ရေးဆွဲနိုင်ရေးအတွက် အုပ်စုမဲနှိုက်ခြင်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 07, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ခွန်စံလွင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်နှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ အလွှာပေါင်းစုံမှ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံသည်။
Nov 07, 2024
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့သို့ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်းမိသားစုများနှင့် ပညာတော်သင်သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြားသည်။
Nov 07, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့၌ ကျင်းပပြုလုပ်မည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးအပါအဝင် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန် ရောက်ရှိနေသည့် ဝန်ကြီးချုပ်များနှင့် တွေ့ဆုံဆွေးနွေးသည်။
Nov 07, 2024
ချစ်ခင်လေးစားအပ်ပါသော ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား မိဘပြည်သူ ညီအစ်ကိုမောင်နှမများခင်ဗျား ယနေ့ကျရောက်သော (၆၉) နှစ်မြောက် ကရင်ပြည်နယ်နေ့ နေ့ထူးနေ့မြတ်အခါသမယတွင် ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့် နိုင်ငံတစ်ဝန်းရှိ ပြည်ထောင်စုဖွား မိဘပြည်သူညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါသည်။
Nov 07, 2024
ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးသစ်လင်းအုန်းသည် ၎င်း၏ ခန့်အပ်လွှာကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၅ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာဗလာဒီမီရိုဗစ်ချ် ပူတင်ထံသို့ ပေးအပ်ခဲ့ပြီးဖြစ်သည်။
Nov 07, 2024
တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ထိပ်သီးအစည်းအဝေးနှင့် အခြားထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန်အတွက် တရုတ်နိုင်ငံ ကူမင်းမြို့သို့ ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုဝင်ဘာလ ၅ ရက်နေ့က ကျင်းပပြုလုပ်သည့် တရုတ်-မြန်မာ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ယခုထက်မက တိုးမြှင့်သွားလိုကြောင်း ပြောကြားခဲ့သည်။