Nov 26, 2024
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်အတွင်းရှိ နေအိမ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးနေသည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရသည်။
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၇) သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကျင်းပပြုလုပ်
Nov 26, 2024
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၇) တွင် ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက်ညီသူ နိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းအသီးသီးသို့ ရောက်ရှိ၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြသည်။ ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၇) သင်တန်းဖွင့်ပွဲများ ပြုလုပ်ကြသည်။ သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့်အမှာစကားများ ပြောကြားကြသည်။
Nov 26, 2024
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်အမျိုးသားအားကစား ပွဲတော် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ အတွင်း ရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တည်းခိုရေးစခန်း(ရွာတော်)သို့ သွားရောက်၍ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားသမားများ တည်းခိုမည့်တည်းခိုဆောင်များ ခင်းကျင်းထားရှိမှု၊ ဆပ်ကော်မတီအလိုက် ရုံးခန်းဖွင့်လှစ်ထားရှိမှု၊ ချက်ပြုတ်ကျွေးမွေးမှုများနှင့် ချက်ပြုတ်ရေးပစ္စည်းများ သိုလှောင်ထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
Nov 26, 2024
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယမန်နေ့နံနက်ပိုင်းတွင် ကလောမြို့ Mya Yar Pin ဟိုတယ်၌ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့ (Destination Management Organization- DMO) များနှင့် တွေ့ဆုံသည်။
Nov 26, 2024
ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီနှင့် စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့တို့က ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမန်စာမူဆုများကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။ ထိုစာပေဆုရှင်များအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁ ရက် (၁၃၈၆ ခုနှစ် နတ်တော်လဆန်း၁ ရက်) စာဆိုတော်နေ့တွင် ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။ စာပေဆုရှင်များ၏ ရင်တွင်းစကားသံအချို့ကို စုစည်းဖော်ပြလိုက်ရပါသည်-
Nov 26, 2024
ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီနှင့် စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့တို့က ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုများကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။ ထိုစာပေဆုရှင်တို့၏ ရင်တွင်းစကားသံအချို့ကို စုစည်းဖော်ပြလိုက်ရပါသည်-
Nov 26, 2024
၂၀၂၄ ခုနှစ် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Nov 26, 2024
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏လမ်းညွှန်မှုအရ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေးပစ္စည်းများကို ရေယာဉ်၊ လေယာဉ်၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိရာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကမှာယူသည့် ဆန် ၂၄ ပြည်အိတ် ၂၀၀၀ ၊ စားသုံးဆီ၊ စားသောက်ကုန် ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများအပါအဝင် စုစုပေါင်း ၁၇၂ ဒသမ ၃၄၈ တန်ကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ရေယာဉ်ဖြင့် ပို့ဆောင်ခဲ့သည်။
Nov 26, 2024
ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသည် ၂ဝ၂၃ ခုနှစ်အတွင်း ပထမအကြိမ်ထုတ်ဝေခဲ့သည့် စာအုပ်များကို စိစစ်ရွေးချယ်ခဲ့ပြီး အမျိုးသားစာပေဆုချီးမြှင့်ရန် ရွေးချယ်ခံရသော စာအုပ်များနှင့် စာရေးဆရာများ၏ အမည်စာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာ ဆုရရှိသူများအား တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်။
Nov 26, 2024
၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ အဋ္ဌမနေ့ကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ နံနက်ပိုင်းမှစတင်၍ ပြည်တွင်းရတနာကုန်သည်များသည် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ပြည်တွင်းရတနာကုန်သည်များသာ ဝယ်ယူခွင့်ရှိသည့် အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။