Skip to main content

Dec 04, 2024

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ (၂၀၂၂) အထောက်အပံ့ဖြင့် ဆောင်ရွက်နေသော မဲခေါင်-လန်ချန်းဧရိယာ (မြန်မာ၊ ထိုင်းနှင့် တရုတ်) နိုင်ငံအတွင်းရှိ ပိုးသတ်ဆေးဓာတ်ကြွင်းအာနိသင်ဆိုင်ရာ ဓာတ်ခွဲခန်းနှင့် နည်းပညာဆိုင်ရာ သတင်းအချက်အလက်များ ကွန်ရက်တည်ထောင်ခြင်းစီမံကိန်း၏ “အစားအစာဘေးကင်းရေးနှင့် သဘာဝပတ်ဝန်းကျင် ကျန်းမာရေးတို့အကြား ဆက်နွှယ်မှုဆိုင်ရာသုတေသနညီလာခံ”ကို ယနေ့နံနက်ပိုင်းက နေပြည်တော် MGallery Hotel ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 04, 2024

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများ အောင်နိုင်ရေးအလံ၊ အားကစားပစ္စည်းများနှင့် အာဟာရဖြည့်စွက်စာများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ညနေ ၄ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် ဦးကိုကိုကျော်၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများ၊ အားကစားအသင်းခေါင်းဆောင်များနှင့် အားကစားမောင်မယ်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 04, 2024

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်အမျိုးသား အားကစားပွဲတော် အားကစားပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ယနေ့ နံနက်ပိုင်းမှစတင်၍ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သတ်မှတ်ထားသည့် အားကစား ကွင်း/ရုံများ၌ ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 04, 2024

နိုင်ငံတကာပညာရေးဆိုင်ရာ အသုံးချသုတေသနညီလာခံ (၂၀၂၅) ဦးစီးကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ပါမောက္ခချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခများ၊ ညွှန်ကြားရေးမှူးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 04, 2024

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban Kara-Ool ဦးဆောင်သည့် ရုရှားဒူးမားလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Dec 04, 2024

၂၀၂၄ ခုနှစ် ကမ္ဘာ့တိုင်းရင်းဆေးညီလာခံကို ယနေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ China National Convention Center ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင်၊ ကျန်းမာရေးဝန်ကြီး၊ အခြားဖိတ်ကြားထားသည့် နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများ၊ ကျန်းမာရေးဆိုင်ရာ အရာရှိကြီးများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ အဆင့်မြင့်ကိုယ်စားလှယ်များ၊ အခြား ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့်အတူ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 04, 2024

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး၊ တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီဥက္ကဋ္ဌ ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ တည်းခိုရေးစခန်းသို့ သွားရောက်ကာ တိုင်းဒေသကြီး၊ ပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်အားကစားသမားများ၊ အုပ်ချုပ်သူများနှင့် နည်းပြများ၊ အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် ဖျော်ဖြေတင်ဆက်မည့် ကျောင်းသား ကျောင်းသူများနှင့် အုပ်ချုပ်သူများ တည်းခိုနေထိုင်မှုနှင့် ဧည့်ခံကျွေးမွေးမှု အဆင်ပြေစေရေး လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 04, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E.Mr.Sholban Kara-Ool ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Dec 04, 2024

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban Kara-Ool ဦးဆောင် သောအဖွဲ့ကို ယနေ့ညနေ ၄ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 04, 2024

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ယနေ့မွန်းလွဲပိုင်းတွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပမည့် ဇမ္ဗူသီရိမြို့နယ်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် MSME များမှ ထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသရောင်းချရန် ပြင်ဆင်နေမှု၊ တည်းခိုရေးစခန်း (ရွာတော်)တွင် ထုတ်ကုန်ပစ္စည်းများ ရောင်းချနေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်