Sep 27, 2025
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့်အတူ ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်သို့ သွားရောက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန သာကေတမြို့နယ် ဦးစီးမှူးရုံး၌ ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီး/ ပျောက်ဆုံးသွားသည့် ဒေသခံပြည်သူများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရရှိသေးသူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးကာ လာရောက်ဆောင်ရွက်ကြသည့် ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသည်။
Sep 27, 2025
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်တိုက်ဖျက်လျက်ရှိပြီး အဆိုပါလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျ လွှဲပြောင်းပေးလျက်ရှိသည်။
Sep 27, 2025
ထိုင်းနိုင်ငံ တော်ဝင်မင်းသမီးကြီး မဟာချက်ကရီသီရိဒုံစီမံကိန်းမှ သင်ကြားရေးနှင့် ရုံးလုပ်ငန်းပစ္စည်းကိရိယာများ လှူဒါန်းပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ရာပြည့်ခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E.Mr. Mongkol Visitstump နှင့် သံရုံးတာဝန်ရှိသူများ၊ စိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ပါမောက္ခများ၊ ဆရာ ဆရာမများ တက်ရောက်ကြသည်။
Sep 27, 2025
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည် ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။
Sep 27, 2025
ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ် -၂၀၂၅ (World Atomic Week Forum-2025) ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၅ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကို မြို့ရှိ VDNKh စင်တာ၌ ကျင်းပပြုလုပ်ရာ အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် A.V Novak နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။
Sep 27, 2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ စက်တင်ဘာ ၂၆ ရက် ဒေသစံတော်ချိန် နေ့လယ်ပိုင်းက “အရာအားလုံးက အက်တမ်ကနေ စတင်တယ်” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် မျက်နှာစုံညီအစည်းအဝေးကို ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
Sep 27, 2025
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အာမခံအလုပ်သမားများ၏ သားသမီးများအား ပညာသင်စရိတ်ဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်ပေးအပ်ခြင်းနှင့် ကျန်ရစ်သူအကျိုးခံစားခွင့်ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ခန်းမ၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ တက်ရောက်ကြသည်။
Sep 27, 2025
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ရှမ်းပြည်နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များအား လူမှုရေးပင်စင်၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားသော ကလေးသူငယ်များနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအတွက် ထောက်ပံ့ကြေးပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ (၁) ၌ ကျင်းပသည်။
Sep 27, 2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့ ပူးပေါင်းဆောင်ရွက်သည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းသက်သာအရောင်းဆိုင်ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါအရောင်းဆိုင်၌ ကျင်းပသည်။
Sep 27, 2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရား သူကြီးချုပ်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘက်မြို့၌ စက်တင်ဘာ ၂၁ ရက်မှ ၂၄ ရက်အထိ ကျင်းပသည့် “(၁၃)ကြိမ်မြောက် အာရှ - ပစိဖိတ်ဒေသ အပြည်ပြည်ဆိုင်ရာဥပဒေဖိုရမ်” သို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
Sep 27, 2025
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၅/၂၀၂၅) ကြိမ်မြောက်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၅) အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့် ကော်မရှင်အဖွဲ့ ဝင်များ တက်ရောက်ကြသည်။
Sep 27, 2025
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ကာကွယ်ရေးအတွင်းဝန် Mr. Rajesh Kumar Singh ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Sep 27, 2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ သံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်းသားများအား ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၌ တွေ့ဆုံအမှာစကားပြောကြားသည်။
Sep 27, 2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ State Space Corporation “Roscosmos” ညွှန်ကြားရေးမှူးချုပ် Mr. Dmitry V. Bakanov နှင့် Roscosmos ရုံးချုပ်၌ တွေ့ဆုံဆွေးနွေးသည်။
Sep 27, 2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ အကြံပေးပုဂ္ဂိုလ် Mr. Anton Kobyakov အား Radission Collection ဟိုတယ်၌ လက်ခံတွေ့ဆုံသည်။
Sep 27, 2025
ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်ဝင်ခွင့် လူတွေ့နှုတ်မေးစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုခွင့်ရရှိသူများစာရင်း ကြေညာထားကြောင်း အသိပေးနှိုးဆော်ခြင်း
Sep 27, 2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) ညွှန်ကြားရေးမှူးချုပ် Mr. Alexey Likhachev နှင့် Radission Collection ဟိုတယ်၌ တွေ့ဆုံဆွေးနွေးသည်။
Sep 27, 2025
ယနေ့သည် ၂၀၂၅ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ဖြစ်သည်။ ခရီးသွားလုပ်ငန်း၏ အရေးပါမှုနှင့် ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်ပြီး ရရှိနိုင်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ အကျိုးကျေးဇူးများကို ပိုမိုသိရှိနားလည်စေရန် ရည်ရွယ်ပြီး ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ ဖွဲ့စည်းတည်ထောင်မှုဆိုင်ရာ ပဋိညာဉ်ကို အတည်ပြုခဲ့သည့် ၁၉၇၀ ပြည့်နှစ် စက်တင်ဘာလ ၂၇ ရက်နေ့ကို ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ဟုသတ်မှတ်ပြီး ကမ္ဘာ့နိုင်ငံများတွင် ဤနေ့၌ ကမ္ဘာ့ခရီးသွားနေ့ အခမ်းအနားများကို ကျင်းပကြသည်။
Sep 27, 2025
အဏုမြူစွမ်းအင်ဟုဆိုသည်နှင့် မိမိတို့၏စိတ်အာရုံတွင် ပထမဆုံးပေါ်လာသည့် ပုံရိပ်များမှာ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ ဒုတိယကမ္ဘာစစ်ကာလ ဂျပန်နိုင်ငံ ဟီရိုရှီးမားနှင့် နာဂါဆာကီမြို့တို့မှ ကြောက်မက်ဖွယ်အနိဋ္ဌာရုံများပင်ဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးပြီးနောက် စစ်အေးခေတ်လက်နက်ယှဉ်ပြိုင်မှုများတွင်လည်း အဏုမြူလက်နက် ဝါ နျူကလီးယားလက်နက်များက ကမ္ဘာကို ခြိမ်းခြောက်နေသည့် အဖျက်စွမ်းအားအကြီးမားဆုံးလက်နက်များအဖြစ် စိုးရိမ်ထိတ်လန့်ခဲ့ကြရသည်။ ထို့အပြင် အဏုမြူမတော်တဆမှုများ၊ ရေဒီယိုသတ္တိကြွစွန့်ပစ္စည်းများစသည်တို့နှင့်ပတ်သက်၍လည်း မှန်ကန်စွာ သိနားလည်ခွင့်ရရှိခြင်းထက် အကြောက်တရားပိုစေသည့် သတင်းအချက်အလက်များနှင့် ဇာတ်လမ်းများကိုသာ အများဆုံးသိရှိခဲ့ကြရခြင်းဖြစ်သည်။
Sep 26, 2025
“ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ် (World Atomic week forum)" ကို ယနေ့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ Atom Museum ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် “နည်းပညာသစ်မွေးဖွားခြင်းမှ ကမ္ဘာသစ်အမြင်ဆီသို့ (From a New Technological Rollout to a New Worldview)” ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် မျက်နှာစုံညီထိပ်သီးအစည်းအဝေးသို့ ပါဝင်တက်ရောက်ဆွေးနွေးသည်။
