Jan 14, 2025
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၄ ရက် ညနေ ၅ နာရီခွဲအချိန် သတင်းအရ တောင်ကြီးမြို့နယ် တောင်လေးလုံးကျေးရွာအနီး၌ တောင်ကြီးမှအောင်ပန်းဘက်သို့ ဟန်လင်းကျော်မောင်းနှင်ပြီး မယွန်းသီရိကျော်လိုက်ပါလာသည့် TOYOTA MARK II ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြားလေးသိန်း ဖမ်းဆီးရမိခဲ့ကြောင်း၊ သတင်းကွင်းဆက်အရ ဇန်နဝါရီ ၅ ရက်နံနက် ၁၁ နာရီအချိန် မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာအနီး၌ တောင်ကြီးမှ ရန်ကုန်သို့ ဇော်ဇော်အောင် (ခ) ထက်အောင် မောင်းနှင်ပြီး သန်းထွန်းနှင့် ကျော်ဝင်း (ခ) ဘလိတို့ လိုက်ပါလာသည့် CRV မော်တော်ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြားသုံးသိန်း ဖမ်းဆီးရမိခဲ့သည်။
Jan 14, 2025
“(၅၃) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” ကို “ကျန်းမာသောဘဝပိုင်ဆိုင်ဖို့ ကျန်းမာရေးပြဿနာများဖော်ထုတ်ဖြေရှင်းကြပါစို့ - Moving Forward to a Healthy Lifestyle and Addressing Health Risk Behaviors” ဟူသော ဆောင်ပုဒ်နှင့် ဇန်နဝါရီ ၂၀ ရက်မှ ၂၄ ရက်အထိ ရန်ကုန်မြို့ ဒဂုံမြို့နယ် အမှတ်- ၅၊ ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) ၌ ကျင်းပမည်ဖြစ်သည်။
Jan 14, 2025
ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 14, 2025
စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သုတေသနပြုဖော်ထုတ်ရရှိသော စပ်မျိုးပြောင်းမျိုးသစ်များကို မျိုးစေ့ထုတ်ကုမ္ပဏီများကရွေးချယ်၍ စီးပွားဖြစ်မျိုးစေ့ထုတ် လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် အလားအလာကောင်းသည့် စပ်မျိုးပြောင်းမျိုးသစ်များ ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမနှင့် နှံစားသီးနှံသုတေသနဌာနစု စိုက်ကွင်းတို့၌ ကျင်းပသည်။
Jan 14, 2025
“ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ” (၁/၂၀၂၅) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ် (၃၄) ရှိ စုပေါင်း အစည်းအဝေးခန်းမ၌ကျင်းပရာ ကော်မတီဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်နှင့် ကော်မတီဝင်များဖြစ်ကြသည့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။
Jan 14, 2025
နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ခြင်းနှင့် ကုသိုလ်တော်ဆည်းပူးခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဥပ္ပါတသန္တိစေတီ တော်မြတ်ကြီးလိုဏ်တော်အတွင်း၌ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အလှူရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။
Jan 14, 2025
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၉ ရက်နံနက်က ပေကျင်းမြို့ရှိ ပေကျင်းစက်မှုတက္ကသိုလ် (Beijing Institute of Technology- BIT) သို့ရောက်ရှိခဲ့ပြီး ဒုတိယပါမောက္ခချုပ် Professor WEI Yiming၊ မဟာဌာနမှူးများ၊ ပါမောက္ခများနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။
Jan 14, 2025
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးမှ ဝန်ထမ်းများ ကျန်းမာရေးဆိုင်ရာ အသိပညာနှင့်ဗဟုသုတများ တိုးပွားရရှိပြီး ကျန်းမာကြံ့ခိုင်စွာဖြင့် လုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်စေရန်ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တို့ ပူးပေါင်းစီစဉ်သည့် ကျန်းမာရေးအသိပညာပေး အစီအစဉ်အရ ဆီးချို၊ သွေးချို၊ သွေးတိုးနှင့် သွားကျန်းမာရေးဆိုင်ရာ ဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ် စုဝေးခန်းမ၌ ကျင်းပသည်။
Jan 14, 2025
အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ (၁/၂၀၂၅) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီး ဦးမင်းထွဋ်၊ အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များ၊ ငွေရေးကြေးရေးကြီးကြပ် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများ၊ မြန်မာနိုင်ငံ အသေးစားငွေရေးကြေးရေးအသင်းတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
Jan 14, 2025
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “လက်နက်ကိုင်သောင်းကျန်းသူများ ထိန်းချုပ်ထားတဲ့နယ်မြေမှာ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ အကြမ်းဖက်သမားများ” ခေါင်းစဉ်ဖြင့် ဇန်နဝါရီ ၁၅ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးမည် ဖြစ်သည်။