Skip to main content

Jan 23, 2025

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲနှင့် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ် (၆)အခြေခံပညာအထက်တန်းကျောင်း သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2025

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် မြန်မာနိုင်ငံအပူပိုင်း ဇုန်တွင် သီးနှံများပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်စေသည့် အကြောင်းရင်းများကို လေ့လာဆန်းစစ်ခြင်းစီမံကိန်းမှ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာသင်တန်းကို ယနေ့တွင် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2025

၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအလယ်တန်းဆင့်သင် ဆရာ ဆရာမများအတွက် ဆရာများ တတ်ကျွမ်းမှုစံသတ်မှတ်ချက်အညွှန်းဘောင်ဆိုင်ရာ အရည်အသွေးမြှင့် နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် မင်္ဂလာသီရိဟိုတယ်၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ သင်တန်း နည်းပြများ၊ သင်တန်းသား သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2025

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တဆေကိန္ဒထံမှ Naypyitaw State Academy မှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ ဩဝါဒခံယူပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် Naypyitaw State Academy စုပေါင်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2025

ဆဋ္ဌသင်္ဂါယနာတင် ဋီကာကျမ်းစာအုပ် ၂၆ အုပ်တို့ကို ဆဋ္ဌမူအတိုင်း စာလုံးအရေအတွက်နှင့် စာမျက်နှာ ပြောင်းလဲမှုမရှိစေဘဲ ကွန်ပျူတာစာစီမူဖြင့် ပြန်လည်ပုံနှိပ်ထုတ်ဝေနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (United Nations Office for the Coordination of Humanitarian Affairs-UNOCHA) ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2025

မြန်မာနိုင်ငံရှိ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုး တိုးတက်စေရန်အတွက် နိုင်ငံတော်အနေဖြင့် လိုအပ်သောငွေကြေးထောက်ပံ့မှုများကို ကူညီပံ့ပိုးပေး နိုင်ရန် SME နှစ်ဆင့်ချေးငွေ စီမံကိန်းအဆင့် - ၁ ကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး နှစ်ဆင့်ချေးငွေ စီမံကိန်းအဆင့် - ၂ ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2025

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ အင်းစိန်မြို့နယ် အောင်ဆန်းဒေသရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ပုံနှိပ်စက်ရုံများ၌ ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2025

ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသော (၅၃)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ တတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ဒဂုံမြို့နယ် အမှတ်-၅ ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်)၌ ဆက်လက်ကျင်းပရာ သုတေသနစာတမ်းရှင်များက သုတေသနစာတမ်း (၁၀)စောင်ကို ဖတ်ကြားတင်ပြကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2025

ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်အတတ်ပညာမြှင့်တင်ရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅)ကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၌ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ရာ ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်အတတ်ပညာမြှင့်တင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်