Skip to main content

Jan 24, 2025

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 24, 2025

ဘရူနိုင်းဒါရူဆလမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး (၂) ဒါတိုဆရီဆတီယာဟာဂျီအယ်ရီ ဝမ်ဘင်ပီဟင်ယူဆွတ်၏ ဖိတ်ကြားချက်အရ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘန်ဒါဆရီဘီဂါဝန်မြို့သို့ ဇန်နဝါရီ ၂၂ ရက်မှ၂၃ ရက်အထိ တရားဝင်ခရီးစဉ်သွားရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 24, 2025

ရန်ကုန်မြို့အခြေစိုက် တရုတ်သံရုံးက ဦးစီးကျင်းပသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နှစ်သစ်ကူးအထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက ကမ္ဘာအေးဘုရားလမ်းရှိ အင်းလျားလိတ်ဟိုတယ်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး တက်ရောက်ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 24, 2025

မျက်မှောက်ကာလတွင် နည်းပညာများ တစ်နေ့တခြားတိုးတက်ထွန်းကားလာသည်နှင့်အမျှ ကမ္ဘာတစ်ဝန်း၌ အွန်လိုင်းလိမ်လည်မှုများနှင့် လောင်းကစားမှုများ ကြီးထွားလာသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ ကမ္ဘာပေါ်ရှိနိုင်ငံများတွင်သာမက မြန်မာနိုင်ငံတွင်လည်း အွန်လိုင်းလောင်းကစားမှုများ ဖြစ်ပေါ်လာသည်ကို တွေ့ရသည်။ လတ်တလောတွင် ကရင်ပြည်နယ် မြဝတီ-ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေအတွင်း တရားမဝင်အွန်လိုင်းလောင်းကစားအပါအဝင် ဒုစရိုက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 24, 2025

မကြာမီရောက်ရှိတော့မည့် ဇန်နဝါရီ ၂၉ ရက်နေ့သည် တရုတ်ရိုးရာပြက္ခဒိန်အရ နဂါးနှစ်မှမြွေနှစ်သို့ ကူးပြောင်းသည့် တရုတ်နှစ်သစ်ကူးနေ့ဖြစ်ပြီး ယခုနှစ်မှစတင်ကာ တရားဝင်သတ်မှတ် လိုက်ပြီဖြစ်သည့် အစိုးရရုံးပိတ်ရက်လည်းဖြစ်သည်။ ထို့အပြင် ၂၀၂၅ ခုနှစ်သည် တရုတ်နှင့်မြန်မာတို့ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး စိန်ရတုကာလကျရောက်သည့်နှစ်ပင်ဖြစ်သည်။ နှစ်နိုင်ငံနယ်နိမိတ်ချင်းထိစပ်မှု ကီလိုမီတာနှစ်ထောင်ကျော် ရှည်လျားသကဲ့သို့ နှစ်နိုင်ငံအကြား ကူးလူးဆက်ဆံမှုလည်း နှစ်ပေါင်းထောင်ချီကြာမြင့်နေပြီဖြစ်သည့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ရင်းနှီးသောအိမ်နီးချင်းမိတ်ဆွေနိုင်ငံဖြစ်သကဲ့သို့ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် အရေးကြီးသည့်နိုင်ငံလည်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2025

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျိုတ်လတ်မြို့နယ်၊ ပတုတ်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် အခြေပြု၍ အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၄၅၀ ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2025

တပ်မတော်(ရေ) အရာရှိငယ်(စီမံခန့်ခွဲရေး)သင်တန်းအမှတ်စဉ်(၈၄)နှင့် တပ်မတော်(ရေ) အရာရှိငယ်(အင်ဂျင်နီယာ)သင်တန်းအမှတ်စဉ်(၅၈) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သန်လျင်တပ်နယ်ရှိ ရေတပ်လေ့ကျင့်ရေးဌာနချုပ် စစ်ရေးပြကွင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း တက်ရောက်မိန့်ခွန်းပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2025

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ကင်းဗျားရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ပြီး ကျေးရွာစာသင်ကျောင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2025

နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် အောင်ဇေယျရပ်ကွက် မအူတောကျေးရွာအုပ်စုနှင့် သက်နှင်းအင်းကျေးရွာ အုပ်စုတို့တွင် စက်မှုလယ်ယာဦးစီးဌာနက ဆောင်ရွက်နေသည့် စက်မှုလယ်ယာစနစ်ကျ လယ်မြေဧက ၂၆၀ ဒသမ ၇၀ ဖော်ထုတ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်