Skip to main content

Jul 04, 2026

ယနေ့၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၄) ရက်နေ့တွင် ကျရောက်သည့် “အပြည်ပြည်ဆိုင်ရာသမဝါယမနေ့” နှင့် ဇူလိုင်လ (၆) ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့” အခါသမယများတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးကဏ္ဍအသီးသီးမှ တာဝန်ရှိသူများ၊ သမဝါယမမိသားစုဝင်များနှင့် ကျေးလက်နေမိဘပြည်သူ ညီအစ်ကို မောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သလိုက်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 04, 2026

ဇူလိုင်လ ၄ ရက်နေ့တွင် ကျရောက်သည့် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အတွက် “ကမ္ဘာမြေငြိမ်းချမ်းဖို့ သမဝါယမများက ဝန်းရံစို့” “Cooperatives for Peaceful World” ဟူသည့်ဆောင်ပုဒ်ကို ချမှတ်ထားသည်။ ဂလိုဘယ်လ်လိုက်ဇေးရှင်းခေတ်ကာလ မျက်မှောက်ကမ္ဘာ၌ တစ်ဦးကောင်း၊ တစ်ယောက်ကောင်းစနစ်ဖြင့် ရပ်တည်ဆောင်ရွက်ရုံမျှဖြင့် အလုပ်မဖြစ်တော့ပေ။ နယ်ပယ်ကဏ္ဍအသီးသီးတွင် စိတ်တူညီမျှ အတူတကွဝိုင်းဝန်းပူးပေါင်းလက်တွဲ ဆောင်ရွက်ကြမှသာ အောင်မြင်မှုများကို ရရှိနိုင်သည်။ ကမ္ဘာမြေငြိမ်းချမ်းစေဖို့ အလုပ်သဘောစနစ်တွင် စုပေါင်းဆောင်ရွက်သည့် သမဝါယမဖြင့် ဝန်းရံကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 04, 2026

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံ ငါးနိုင်ငံတွင် လာအိုလည်း ပါဝင်သည်။ မြန်မာနိုင်ငံ၏ အရှေ့ဘက်တွင် စီးဆင်းနေသည့် မဲခေါင်မြစ်သည် မြန်မာ-လာအို နှစ်နိုင်ငံ၏ သဘာဝနယ်နိမိတ်ဖြစ်ပြီး နှစ်နိုင်ငံနယ်နိမိတ်ထိစပ်မှုမှာ မိုင်ပေါင်း ၁၅၀ နီးနီးရှိသည်။ နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးကို ၁၉၅၅ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ရာ ယခုအခါ နှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 03, 2026

ဒီနေ့ကျင်းပပြုလုပ်တဲ့ ၂၀၂၆ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို တက်ရောက်လာကြတဲ့ ဧည့်သည်တော်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံကြပါစေ၊ ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ပထမဦးစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်။

ဆက်လက်ဖတ်ရှုရန်

Jul 03, 2026

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ ထောင်လွန်းဆီဆုလစ်၏ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်းဆီဆုလစ်နှင့် ဇနီး မစ္စစ်နားလီဆီစုလိတို့က လာအိုသမ္မတအိမ်တော်၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 03, 2026

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာ ဆေဆုံဖုန်းဖုန်ဝိဟိန့်နှင့် လာအိုအမျိုးသားလွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 03, 2026

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတ နိုင်ငံဝန်ကြီးချုပ် ဆွန်ဆိုင်စီဖန်ဒွန်နှင့် ဝန်ကြီးချုပ်ရုံးအစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 03, 2026

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၄) ၏ သင်တန်းဆင်းပွဲအခမ်းအနားများကို ယနေ့တွင် တိုင်းစစ်ဌာနချုပ်အသီးသီးရှိ နယ်မြေခံသင်တန်းကျောင်းများ၌ ကျင်းပပြုလုပ်ကြရာ အဆိုပါသင်တန်းဆင်းပွဲများကို သင်တန်းဆင်းစစ်ရေးပြ အစီအစဉ်အတိုင်းဆောင်ရွက်ကြပြီး သင်တန်းသားများက နိုင်ငံတော်အလံကိုကိုင်၍ ကတိသစ္စာခံယူကြသည်။ ထို့နောက် သင်တန်းကျောင်းများအလိုက် သက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းဆင်းအမှာစကားများ အသီးသီးပြောကြားကြပြီး သင်တန်းဆင်းထူးချွန်ဆု ရရှိသူများအား ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 03, 2026

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ရုံးအမှတ် ၂၆၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးညိုစော တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 03, 2026

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ ထောင်လွန်းဆီဆုလစ်၏ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အညတရသူရဲကောင်းစစ်သည်ဗိမာန်၌ ဂုဏ်ပြုပန်းခွေချ၍ အလေးပြုသည်။

ဆက်လက်ဖတ်ရှုရန်

Jul 03, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်းဆီဆုလစ်၏ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) သွားရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ တပ်မတော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 03, 2026

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ ထောင်လွန်းဆီဆုလစ်၏ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ယနေ့နံနက်ပိုင်းတွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်းဆီဆုလစ်က လာအိုသမ္မတအိမ်တော်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုပြီး တွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 03, 2026

ဇူလိုင် ၃ ရက်တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီက ကြီးမှူးစီစဉ်သည့် သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် သံတမန်ဇုန် မြောက်ဘက်သတ်မှတ်နေရာများ၌ ကျင်းပသည်။ သစ်ပင်စိုက်ပျိုးပွဲတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်က သတ်မှတ်နေရာတွင် ကံ့ကော်ပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးကာ တက်ရောက်လာသူများက ဆီသပြေ၊ မဟော်ဂနီ၊ ယူကလစ်၊ ယမနေနှင့် သပြေစသည့် အရိပ်ရနှစ်ရှည်ပင် ၁၅၀ အား စုပေါင်းစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 03, 2026

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်ဌေး၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဒေါက်တာထူးခြားအောင်တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး အားကစားဥယျာဉ်အတွင်းရှိ အားကစားကွင်း/ အားကစားရုံများနှင့် Football for School အစီအစဉ်ဖြင့် အားကစားနည်းအလိုက် သင်တန်းသား သင်တန်းသူများ၏ လေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 03, 2026

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်းကျန့်မြို့တွင် ဇွန် ၂၉ ရက်မှ ၃၀ ရက်အထိ ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဘဏ် (Shanghai Cooperation Organization Development Bank – SCOB) တည်ထောင်မှုဆိုင်ရာ ဒုတိယဝန်ကြီးအဆင့် စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့်အဖွဲ့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 03, 2026

မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီက ကြီးမှူး၍ မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် မြန်မာနိုင်ငံလူငယ် ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) တို့ ပူးပေါင်းကျင်းပသည့် “နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်လူငယ်များ၏ အခန်းကဏ္ဍ လူငယ်စကားဝိုင်း” ကို ယနေ့နံနက် ၉ နာရီတွင် ရတနာပုံတက္ကသိုလ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 03, 2026

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 03, 2026

စစ်ကိုင်းမြို့၌ ငွေကျပ်သိန်း ၄၆၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဝေါမြို့နယ်၌ ငွေကျပ် ၁၀၂ ဒသမ ၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါး TRAMADOL ဆေးတောင့်များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 03, 2026

“သယ်ယူပို့ဆောင်ရေးလုပ်ငန်းဆိုင်ရာ စိန်ခေါ်မှုများနှင့် အာမခံ”ဆွေးနွေးပွဲကို ဇူလိုင် ၄ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MHFTSA) မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 03, 2026

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များနှင့်အတူ ဇွန် ၃၀ ရက်က တီးတိန် - သိုင်းငင်း - ဖလမ်းလမ်းပိုင်းအခြေအနေ၊ ဖလမ်းမြို့၌ ယာယီဆေးရုံဖွင့်လှစ်ပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို ကြည့်ရှုခဲ့သည်။

ဆက်လက်ဖတ်ရှုရန်