Aug 30, 2025
မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် (၁၂) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး (12th ASEAN Ministerial Meeting on Social Welfare and Development- AMMSWD)နှင့် (၈)ကြိမ်မြောက် အာဆီယံ+၃ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေး (8th ASEAN+3 Ministerial Meeting on Social Welfare and Development- AMMSWD+3) များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ M-Gallery Hotel ၌ Video Conference ဖြင့်ကျင်းပရာ အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများ အဆင့်အစည်းအဝေး အလှည့်ကျဥက္ကဋ္ဌဖြစ်သော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။
Aug 30, 2025
မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) ဒုတိယဥက္ကဋ္ဌ အသင်းခွဲ(မူဆယ်) ဥက္ကဋ္ဌ ဦးခင်ဦး (ခ) ဦးရှင်ဖူးဦးဆောင်သော အဖွဲ့ဝင် ၂၇ ဦး(ယာပုံ) သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ တယ်ဟုန်ပြည်နယ် နည်းပညာနှင့် သိပ္ပံအသင်း၏ ဖိတ်ကြားချက်အရ ၂၀၂၅ ခုနှစ် အမျိုးသားသိပ္ပံပညာပေး မြန်မာ-တရုတ် သိပ္ပံနည်းပညာနှင့် သိပ္ပံပညာပေး နှီးနှောဖလှယ်ပွဲနှင့် လေ့လာရေးခရီးကို ဩဂုတ် ၂၆ ရက် မှ ၂၈ ရက်အထိ တက်ရောက်ကြသည်။
Aug 30, 2025
အီတလီနိုင်ငံသား နိုင်ငံရေး အတွေးအခေါ်နှင့် ပထဝီနိုင်ငံရေးရာကျွမ်းကျင်သူ Mr. Lorenzo Maria Pacini ရေးသားသည့် Myanmar, in the Golden Land စာအုပ်မိတ်ဆက်ပွဲ၊ မြန်မာ့ပုံရိပ် ဖော်ညွှန်းရေးအဖွဲ့ (Myan-mar Narrative Think Tank) နှင့် Anteo Edizioni Publishing House တို့အကြား ပူးပေါင်းဆောင်ရွက်ရေး၊ အီတလီနိုင်ငံမှ Instituto De Alti Studi Sulla Multipolarita IASM တို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ The Eravati Sule Grand Yangon ဟိုတယ်၌ ကျင်းပသည်။
Aug 30, 2025
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့ရှိ လိယွမ်အစိုးရ ဧည့်ဂေဟာ၌ သြဂုတ် ၂၇ ရက်က AI စံချိန်စံညွှန်းများ တစ်ပြေးညီဖြစ်ကာ တီထွင်ဆန်းသစ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများဖြင့် တရုတ်-အာဆီယံ အသိုက်အဝန်း၏ အေးအတူပူအမျှမျှဝေသော အနာဂတ်ကောင်းများကို မြှင့်တင်ကြပါစို့ ခေါင်းစဉ် ဖြင့်ကျင်းပသည့် အာဆီယံကို အဓိကရှေးရှုသော စံချိန်စံညွှန်းသတ်မှတ်ရေးဖိုရမ် (2025 ASEAN- Oriented Standardization Cooperation Forum) သို့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
Aug 30, 2025
ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲအုပ်လောင်း သင်တန်းအမှတ်စဉ် (၁၂၃)၊ ရဲဗလတပ်ခွဲ၏ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ရဲအရာရှိလေ့ကျင့်ရေးကျောင်း စစ်ရေးပြကွင်း၌ ကျင်းပသည်။
Aug 30, 2025
ကျောက်ဆည်မြို့နယ် လက်ပံရွာနေ အသက်(၄၀) နှစ်ရှိ အမျိုးသားတစ်ဦးသည် ဓားဖြင့် ခုတ်ခံရခြင်းကြောင့် ဘယ်ဘက်လက်ဖျံ ပြတ်တောက်သွားသည့် ဒဏ်ရာဖြင့် ၂၀၂၅ ခုနှစ် ဩဂုတ် ၁၉ ရက် ည ၈ နာရီခွဲတွင် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိလာခဲ့ရာ အရေးပေါ်ကုသမှုများ ချက်ချင်းပြုလုပ်၍ ပြတ်တောက်သွားသည့် ဘယ်ဘက်လက်ဖျံကို ပြန်လည်ဆက်ပေးနိုင်ခဲ့သည်။
Aug 30, 2025
ဩဂုတ် ၃၀ ရက်တွင် ကျရောက်မည့် ဥပဒေရေးရာဝန်ကြီးဌာန၏ (၄)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 30, 2025
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေထံ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (United Nations Development Programme– UNDP) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်မည့် Mr. Norimasa Shimomura က ၎င်း၏ခန့်အပ်လွှာကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လာရောက်ပေးအပ်သည်။
Aug 30, 2025
Myanmar Cyber Security Challenge 2025 (အလွတ်တန်း အဆင့်) ပြိုင်ပွဲ၊ ဆိုက်ဘာလုံခြုံ ရေးအသိပညာပေးဗီဒီယိုပြိုင်ပွဲ ၂၀၂၅(တက္ကသိုလ်အဆင့်) ဆုပေးပွဲနှင့် ဆော်ဒီအာရေဗျနိုင်ငံ ရီယက်ဒ်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် PlayerUnknown’s Battlegrounds (PUBG) Mobile World Cup တွင် ကမ္ဘာ့ချန်ပီယံဆုရရှိခဲ့သည့် Yangon Galacticos အသင်းအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၂) ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး တက်ရောက်အမှာစကားပြောကြားသည်။
Aug 30, 2025
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပတော့မည်ဖြစ်သည်။ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပ နိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို တစ်ဆင့်ပြီးတစ်ဆင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ရွေးကောင်ပွဲလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ကြရမည်ဖြစ်သလို ရွေးကောက်ပွဲကို နှောင့်ယှက်လာမည့် အဖျက်အမှောင့်မှန်သမျှကိုလည်း ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရမည်ဖြစ်သည်။
Aug 30, 2025
အကြမ်းဖက်သောင်းကျန်းသူတို့၏ ထိန်းချုပ်မှုအောက်သို့ ယာယီအားဖြင့်ဖြစ်စေ ကျရောက်ခဲ့ရသည့် ဒေသတို့မှာ ကံဆိုးမိုးမှောင်ကျခြင်းဟုဆိုနိုင်သည်။ အချို့ဒေသများတွင် အကြမ်းဖက်ဝါဒမှိုင်းမိနေသူ၊ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲအစွန်းရောက်နေသူ၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို မလိုလားဘဲ ဆန့်ကျင်ပုန်ကန်လိုစိတ်ရှိသူ စသည့် ဒေသခံအချို့က အကြမ်းဖက်သောင်းကျန်းသူတို့အား ဝမ်းမြောက်ဝမ်းသာကြိုဆိုခဲ့ကြသည်။ သို့ရာတွင် တွေးခေါ်ဆင်ခြင်ဉာဏ်နည်းပါးလှစွာသော ထိုသူတို့၏ စိတ်အထင်နှင့် လက်တွေ့ဘဝတို့မှာ မိုးနှင့်မြေလို ကွာခြားလှသည်ကို အချိန်ကြာမြင့်သည်နှင့်အမျှ တစ်စတစ်စ သိလာ ကြရသည်။
Aug 29, 2025
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။
Aug 29, 2025
နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)နှင့် တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ တပ်မတော်ဆေးရုံနှင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ တပ်မတော်ဆေးရုံတို့၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား ယနေ့တွင် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက် ကောင်းမွန်မှုအခြေအနေများကို မေးမြန်းအားပေးစကားပြောကြားပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်သည်။
Aug 29, 2025
မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တပ်နယ်အားကစားခန်းမ၌ပြုလုပ်ရာ တိုင်းမှူးဗိုလ်မှူးချုပ် စိုးကျော်ထက်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။
Aug 29, 2025
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ် စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ ပညာရေးကျောင်းများ၏ ပညာရည်မြှင့်တင် ရေးအလုပ်ရုံ ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း (နေပြည်တော်) ရှိ ခန်းမ၌ပြုလုပ်ရာ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ တပ်မတော်ပညာရေးကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ တပ်မတော်အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ချုပ်မှုတာဝန်ခံအရာရှိများ၊ ဆရာ၊ ဆရာမများနှင့်တာဝန်ရှိ သူများတက်ရောက်ကြသည်။
Aug 29, 2025
TNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများ ခေတ္တစိုးမိုးထားသည့် နောင်ချိုမြို့အား ပြန်လည်သိမ်းပိုက်ရရှိရေးအတွက် တပ်မတော်က တန်ပြန်ထိုးစစ်များဖြင့် အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးများ ဆောင်ရွက်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့တွင် နောင်ချိုမြို့တစ်မြို့လုံးအား တပ်မတော်က အပြီးတိုင် အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်ပါသည်။
Aug 29, 2025
မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်- ၂၀၂၅
Aug 29, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Aug 29, 2025
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ်စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
Aug 29, 2025
(၁၄) ကြိမ်မြောက် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေး) ရတနာပုံခန်းမ၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဆေးနှင့် ဆေးနှီးနွှယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဂုဏ်ထူးဆောင်ပါမောက္ခများ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း၊ တိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်းတို့မှဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှကိုယ်စားလှယ်များ၊ စာတမ်းရှင်သုတေသီများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။