Feb 02, 2025
တနင်္သာရီကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများ၊ ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့များလိုက်ပါလာသည့် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်) သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့သို့ရောက်ရှိရာ နယ်မြေခံတပ်မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သောင်းသောင်းဖျဖျ ကြိုဆိုနှုတ်ဆက်ကြသည်။
Feb 02, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Feb 02, 2025
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ပြည်သူ့ဆေးရုံများ၌လည်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးလျက်ရှိသည်။
Feb 02, 2025
ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးရေလျှံမှုများ ကြုံတွေ့ခဲ့ရပြီး ပျက်စီးဆုံးရှုံးခဲ့ရသည့် မွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက် နိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၏ စီမံလမ်းညွှန်မှုဖြင့် မွေးမြူရေးတိရစ္ဆာန် ဝက်ကောင်ရေ ၅၀၀ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့တွင် နေပြည်တော် လယ်ဝေးမြို့နယ် ပေါက်မြိုင်ကျေးရွာအုပ်စု ပေါင်းလောင်းကျေးရွာ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မွေးမြူရေးတောင်သူများ တက်ရောက်ကြသည်။
Feb 02, 2025
(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
Feb 02, 2025
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဇန်နဝါရီ ၂၅ ရက်မှ ၂၉ ရက်အထိကျင်းပခဲ့သည့် Thaicom Satellite ၏ နည်းပညာဖွံ့ဖြိုးရေးအလုပ်ရုံဆွေးနွေးပွဲများနှင့် ဆက်စပ်လေ့လာရေးခရီးစဉ်များသို့ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။
Feb 02, 2025
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
Feb 02, 2025
အမျိုးသမီးများအား တရုတ်မယားအဖြစ် ပို့ဆောင်ရောင်းစားကာ ငွေကြေးအကျိုးအမြတ်ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Feb 02, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးတက္ကသိုလ်၏ အပင်မျိုးမွေးမြူရေးနှင့် အပင်ဇီဝကမ္မဗေဒနှင့် ဂေဟဗေဒဌာနရှိ ဘွဲ့လွန်ကျောင်းသား ကျောင်းသူများ ဆောင်ရွက်လျက်ရှိသည့် ဆင်းရွှေကြာ (၂) နေကြာမျိုးအား (Recurrent Mass Selection) နည်းလမ်းကို အသုံးပြု၍ မျိုးရွေးချယ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုအားပေးသည်။
Feb 02, 2025
ချင်းတွင်းတံတား (မုံရွာ) ရေလမ်းတွင် ရေယာဉ်များ ဖြတ်သန်းသွားလာရန် အစုန်ရေလမ်းကြောင်းကို ရေလယ်တိုင်အမှတ် (၄) နှင့် (၅) အကြားမှလည်းကောင်း၊ အဆန်ရေလမ်းကြောင်းကို ရေလယ်တိုင်အမှတ် (၃) နှင့် (၄) အကြားမှလည်းကောင်း သတ်မှတ်ပေးထားသည်။ ယခုအခါ ရေကြောင်းရေလမ်းအခြေအနေအရ တံတားရေလမ်းကြောင်းကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်မှစ၍ အစုန်၊ အဆန်ရေလမ်းကြောင်းအဖြစ် ရေလယ်တိုင်အမှတ် (၇) နှင့် (၈) အကြားမှ ပြောင်းလဲဖွင့်လှစ်မည်ဖြစ်သည်။