Skip to main content

Jan 31, 2021

နေပြည်တော် ဇန်နဝါရီ ၃၁ အခြေခံပညာဦးစီးဌာန ပညာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း (ရန်ကုန်) က ဖွင့်လှစ်သော ကိုယ်ပိုင် ကျောင်းတည်ထောင် အုပ်ချုပ်သူများအတွက် ကျောင်းစီမံအုပ်ချုပ်မှု စွမ်းရည်မြှင့်တင် ရေးအမှတ်စဉ်(၁/၂၀၂၁) သင်တန်းကို ယနေ့နံနက် ၁၀ နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 31, 2021

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က ဒိုက်ဦး-စစ်တောင်း မဟာဗျူဟာလမ်း ဖောက်လုပ်မှုစီမံကိန်း တွင် ပါဝင်သွားသည့် လယ်ယာမြေနှင့်သီးနှံများ အတွက် လျော်ကြေး ငွေ ပေးအပ်ခြင်း အခမ်းအနားကျင်း ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 31, 2021

မြန်မာနိုင်ငံကင်းထောက်အကြီးအကဲ၏ လမ်းညွှန်မှုကို ခံယူကာ အာရှပစိဖိတ်ဒေသဆိုင်ရာ ကင်းထောက် ကော်မတီနှင့် မြန်မာနိုင်ငံကင်းထောက် အဖွဲ့တို့ ပထမ အကြိမ် ပူးပေါင်းဖွင့်လှစ်သည့် မြန်မာကင်းထောက် ဆရာဖြစ်သင်တန်း (Advance Unit Leader Training) ကို ယနေ့ မွန်းတည့် ၁၂ နာရီတွင် Virtual Conferencing စနစ်ဖြင့် ဖွင့်လှစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 31, 2021

အခြေခံပြည်သူများ အရေးအကြီးဆုံးကိစ္စမှာ စား၊ ဝတ်၊ နေရေးဖြစ်ပါသည်။ နိစ္စဓူဝအဖို့ ဝတ်စရာမရှိလျှင်သော်မှ စားရေးနှင့် နေရေးမှာ အခြေခံ ပြည်သူများအဖို့ အသက်တမျှ အရေးကြီးပါသည်။ ယင်းအတွက် အခြေခံ ပြည်သူများမှာ နိစ္စဓူဝ ရုန်းကန်လှုပ်ရှား လုပ်ကိုင်ရှာဖွေနေကြရသည်။ ယင်းအခြေအနေတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် အလုပ်အကိုင်စီးပွား မရေမရာဖြစ်ကြရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 31, 2021

လူတို့သည် ဘဝတွင် အောင်မြင်မှု၊ ပျော်ရွှင်မှုတို့ကို ခံစားကျေနပ်ရသည့်အခါ ပီတိသောမနဿ ဖြစ်ကြ၏။ သို့သော်လည်း ထိုပျော်ရွှင်မှုသည် လည်းကောင်း၊ ပီတိသောမနဿ ဖြစ်ရမှုသည် လည်းကောင်း မည်မျှတိုတောင်းသည်၊ မည်မျှတာရှည်ခံသည် ဆိုခြင်းကို မေ့လျော့ ထားမိတတ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 30, 2021

(၂၉-၁-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီမှ (၃၀-၁-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၆,၃၂၅)ခု အား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် (၃၄၉) ဦး တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 30, 2021

မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်၊ နှစ်ပတ်လည် အသင်းသားစုံညီ ညီလာခံကို ယနေ့နံနက် ၉ နာရီက Online စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 30, 2021

စိုက်ပျိုးရေးဦးစီးဌာန၏ တတိယအကြိမ် စာတမ်းဖတ်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၉ ရက် ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 30, 2021

မြန်မာနိုင်ငံတက္ကသိုလ်များအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ သင်ရိုးညွှန်းတမ်းများ ရေးဆွဲရေးလုပ်ငန်း စတင်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 30, 2021

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံများတွင် စာချုပ်သက်တမ်း ကုန်ဆုံး၍ အခက်အခဲကြုံတွေ့နေရသည့် မြန်မာ သင်္ဘောသားများအား ဆိုးလ်မြို့ရှိ မြန်မာသံရုံးနှင့် မြန်မာသင်္ဘောသားများ ဝန်ထမ်း အလှည့်ကျ ပြောင်းလဲခြင်း အကူအညီပေးရေးကော်မတီ (CCSC) တို့မှ ပူးပေါင်းစီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေပိုင်းတွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။ အဆိုပါ ကယ်ဆယ်ရေး လေယာဉ်တွင် ကိုရီးယား သမ္မတနိုင်ငံမှ (၈၈) ဦး၊ ဖိလစ်ပိုင်မှ (၃) ဦး၊ မလေးရှားမှ (၃) ဦး၊ အာရပ်စော်ဘွားများ ပြည်ထောင်စုမှ (၅) ဦး၊ အင်ဒိုနီးရှားမှ (၈) ဦး၊ ဂျာမနီမှ (၃) ဦး၊ ဒိန်းမတ်မှ (၁) ဦး၊ အီဂျစ်မှ (၁) ဦး၊ ပြင်သစ်မှ (၁) ဦး၊ မြန်မာသင်္ဘောသား စုစုပေါင်း (၁၃၁) ဦး လိုက်ပါ ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 30, 2021

World Pulses Day 2021 အခမ်းအနားနှင့် မြန်မာနိုင်ငံဒီဂျစ်တယ် စီးပွားရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း ပထမအကြိမ်မြောက် နှစ်ပတ်လည် အသင်းသား စုံညီအစည်းအဝေးတို့ကို ယနေ့ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် Video Message ပေးပို့၍ အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 30, 2021

COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်သည့် အစီအမံများအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်ရှေးရှုလျက် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၊ နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့် ယာယီကန့်သတ်ချက်များအား ထုတ်ပြန်ထားခဲ့ပြီး

ဆက်လက်ဖတ်ရှုရန်

Jan 30, 2021

မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေး ဆောင်ရွက်ရာတွင် နိုင်ငံတကာမှ လေကြောင်း ခရီးစဉ်များဖြင့် ခရီးသည်များ ဝင်ရောက်လာမှုကို ကန့်သတ် ထိန်းချုပ်နိုင်ရေးမှာ များစွာအရေးပါသဖြင့်

ဆက်လက်ဖတ်ရှုရန်

Jan 30, 2021

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီ ရပ်ဆိုင်းထားခြင်းကြောင့် စင်ကာပူနိုင်ငံတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၄၄ ဦးကို (၃၇) ကြိမ် မြောက် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိ ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 30, 2021

(၂၀) ရာစု ပြည်ထောင်စုကို တည်ဆောက်ခဲ့ရာ၌ ညီညွတ်ရေးသည် အရေး အကြီးဆုံးဖြစ်သည်။ (၂၁) ရာစု ပြည်ထောင်စုကို တည်ဆောက်ရာ၌ ငြိမ်းချမ်း ရေးနှင့် ဖွံ့ဖြိုးရေးသည် အရေးအပါဆုံးဖြစ်သည်။ (၂၀) ရာစုခေတ်က လွတ်လပ်ရေးအတွက် တိုင်းရင်းသားပြည်သူအားလုံး သွေးစည်းညီညွတ်ရေးကို အခိုင်အမာတည်ဆောက်နိုင်ခဲ့သည်။ (၂၁) ရာစုခေတ်တွင် ပြည်ထောင်စု အတွက် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကို တည်ဆောက်နေကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 30, 2021

ပြည်သူလူထုက မိမိတို့၏ စိတ်သဘောဆန္ဒပေါ်မူတည်၍ မိမိတို့ ကိုယ်တိုင် စိုက်ထုတ်သည့် လုံ့လ ဝီရိယတို့ဖြင့် မဲရုံများဆီသို့ သွားကာ မိမိတို့ရင်ထဲက ယုံကြည်သည့်အတိုင်း မဲပေးရွေးချယ်ခဲ့ကြသော ပြည်သူ့ကိုယ်စားလှယ်များသည် ယခုလာမည့် ဖေဖော်ဝါရီ ၁ ရက်တွင် လွှတ်တော်များ၌ စတင်တာဝန်ယူတော့မည်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 29, 2021

မြန်မာနိုင်ငံဆေးကောင်စီ ဒုတိယလေးနှစ်သက်တမ်း၏ ပထမအကြိမ် ဗဟိုကောင်စီအစည်း အဝေး (၁/၂၀၂၁) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 29, 2021

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းများတွင် အာဆီယံနှင့်ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက် မည့် လုပ်ငန်းအစီအစဉ်များနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် Virtual Meeting ဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်