Skip to main content

Jan 10, 2020

ထားဝယ်  ဇန်နဝါရီ ၁၀

တနင်္သာရီတိုင်းဒေသကြီး အားကစားနှင့်ကာယ ပညာဦးစီးဌာန၊ တိုင်းဒေသကြီး စားပွဲတင်တင်းနစ် ဆပ် ကော်မတီနှင့် Wow Sports Co.Ltd တို့ ပူးပေါင်း၍DAWEI OPEN 2020 LOKI CUP ဖိတ်ခေါ်စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီ က ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားခန်းမ၌ ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2020

မုံရွာ   ဇန်နဝါရီ   ၁၀

၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းဒေသကြီးအဆင့် ပညာရေးစုံညီပွဲတော် အခမ်း အနားကို ယမန်နေ့ နံနက်(၉)နာရီက  မုံရွာမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ  စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ၊ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်း/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရေးမှူးများ၊ ကျောင်းဆရာ/မများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2020

ဒီးမော့ဆို       ဇန်နဝါရီ        ၁၀

နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ကယားပြည်နယ်အစိုးရအဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှု၊ ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း (စေတနာ) အဖွဲ့၏ "ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ကြားခြင်း(EPD)" စီမံကိန်းရန်ပုံငွေဖြင့် ဆောက်လုပ်ခဲ့သော ကျောင်းဆောင်သစ် ဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ဒီးမော့ဆိုမြို့နယ် ဟိုဖိတ်ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2020

 

နေပြည်တော်  ဇန်နဝါရီ   ၁၀

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်သည် ယမန်နေ့နံနက် ၁၀ နာရီက နေပြည်တော် ဥတ္တရ သီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ မင်းကုန်းကျေးရွာ အခြခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်သည့် စာသင်ကျောင်းဆောင်သစ် ပန္နက်တင်အခမ်းအနား၊ မြေစာရင်းပုံစံ(၁၀၅)ပေးအပ်ပွဲသို့ တက်ရောက်၍ ဒေသခံ ပြည်သူများနှင့်တွေ့ဆုံခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2020

ရန်ကုန် ဇန်နဝါရီ ၁၀

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနက စီစဉ်ကျင်းပသည့် ရှားပါးအထောက်အထားများပြပွဲနှင့် New Views, Fresh Finds သုတေသန စာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ရန်ကုန်မြို့ အမှတ် (၆၀၄၊ ၆၀၈) ကုန်သည်လမ်း (၃၁-၃၂)လမ်းကြား ပန်းဘဲတန်းမြို့နယ်ရှိ အမျိုးသား စာကြည့်တိုက် (ရန်ကုန်)၌ ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မြန်မာသမိုင်းအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို တက်ရောက် အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2020

မန္တလေး ဇန်နဝါရီ ၁၀

မြန်မာနိုင်ငံတွင် တတိယအကြီးဆုံးဖြစ်လာနိုင်မည့် ကြေးပိဿာချိန် ၁၆၀၀၀ ကျော်ရှိ ခေါင်းလောင်းကြီးကို မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် တံတိုင်းရှည်ရွာ ရွှေခေါင်းလောင်းခြံဝင်းအတွင်း၌ ဇန်နဝါရီ ၉ ရက် (ပြာသိုလပြည့်နေ့) နံနက် ၉ နာရီ ၄၅ မိနစ် တွင် တမ္ပဝတီမှ ကြေးသွန်းပညာရှင်များနှင့်  ကြေးစတင် ကြိုပြီး ညနေ ၆နာရီ တွင် ကြေးသွန်းလောင်းခြင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2020

ဆော ဇန်နဝါရီ ၁၀

မကွေးတိုင်းဒေသကြီး၊အသေးစားစက်မှုလက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် ပြည်တွင်း ထွက် ဆန်၊ပဲ၊ပြောင်း၊ဂျုံနှင့် သီးနှံအခြေခံ တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်း ဆင်းပွဲကို ယမန်နေ့က  ဂန့်ဂေါခရိုင်၊ ဆောမြို့ ရှင်မာလဲ ဘုရား ဂေါပကအဖွဲ့ရုံးတွင် ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2020

 

စစ်ကိုင်း ဇန်နဝါရီ ၁၀

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ပံ့ကူညီမှုဖြင့် စစ်ကိုင်းခရိုင်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းနှင့် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် နိုင်ငံတကာကုန်စည်ပြပွဲ(စစ်ကိုင်း) ၂၀၂၀ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၈)နာရီက စစ်ကိုင်းမြို့ မြို့တော်ခန်းမရှေ့ဖွင့်ပွဲမုခ်ဦး၌ ကျင်းပခဲ့သည်။                         

ဆက်လက်ဖတ်ရှုရန်

Jan 10, 2020

တောင်ကြီး ဇန်နဝါရီ ၁၀

ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (၅၁)နှစ်‌မြောက် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကို ယမန်နေ့ မွန်းတည့်(၁၂) နာရီက တောင်ကြီးမြို့၊ တောင်ကျောင်းကြီး ပထမစာသင်တိုက်မှ သံဃာတော်များ စတင်ကြွချီ၍ ဗိုလ်ချုပ်အောင်ဆန်းလမ်းမအတိုင်း မူလမင်းကွန်း ကျောင်းတိုက်အထိ ဆွမ်းဆန်စိမ်း လောင်းလှူခံကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2020

နေပြည်တော် ဇန်နဝါရီ ၉


မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းအဖွဲ့ ဝင်များ အကြို ညှိနှိုင်း အစည်းအဝေး ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စုပေါင်းခန်းမ၌ ယမန်နေ့က ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2020

ကျိုင်းတုံ    ဇန်နဝါရီ    ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်ရှိ လွိုင်မွေတောင်စခန်းသို့ ဇန်နဝါရီလ ချယ်ရီပန်းပွင့်ချိန်တွင် လာရောက်လည်ပတ်သူများ များပြားလျက်ရှိကြောင်း သိရသည်။

လွိုင်မွေတောင်စခန်းသည် ကျိုင်းတုံမြို့၏ အရှေ့တောင်ဘက် မိုင် ၂၀ ခန့် အကွာ၌ တည်ရှိပြီး တိုက်နယ်အဆင့်ဖြစ်ကာ ကိုလိုနီခေတ်က ခရိုင်ဝန်ရုံး တည်ရှိခဲ့သည်။ လွိုင်မွေဆိုသည်မှာ ရှမ်းဘာသာဖြင့် နှင်းတောင်ဆိုသည့်  အဓိပ္ပာယ်ဖြစ်ပြီး ဧည့်သည်အများစုက ချယ်ရီမြို့၊ တောင်စခန်း မြို့ဟူ၍ ခေါ်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2020

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံပန်းချီပန်းပုအစည်း အရုံးတို့ ပူးပေါင်းကျင်းပသည့် အနုပညာပြပွဲ Art Expo Bagan 2020 တွင် ရှေးခေတ်ပုဂံပြည်၏ ခမ်းနားထည်ဝါခဲ့သည့် အနုပညာလက်ရာများနှင့်အတူ ပြည်တွင်း၊ ပြည်ပပန်းချီပညာရှင်များ၏ ပြောင်မြောက်အသက်ဝင်လှသည့် ပန်းချီကားပေါင်း ၆၀၀ ကျော်ကို ဇန်နဝါရီ ၇ ရက်မှ ၁၁ ရက်အထိ ခင်းကျင်း ပြသလျက်ရှိသည်။ အဆိုပါ အနုပညာပြပွဲသို့ မိမိတို့ကိုယ်တိုင် ဖန်တီးထားသော ပန်းချီကားများ လာရောက်ပြသကြသည့် ပန်းချီပညာရှင်များနှင့် ပြပွဲသို့ လာရောက်ကြည့်ရှုလေ့လာသည့် ပန်းချီဝါသနာရှင်အချို့နှင့် တွေ့ဆုံမေးမြန်းမှု ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2020

နေပြည်တော် ဇန်နဝါရီ ၉

လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။

ရန်ပုံငွေလိုအပ်ချက် ရှိ/မရှိ ဆွေးနွေး

ဆက်လက်ဖတ်ရှုရန်

Jan 09, 2020

နေပြည်တော်  ဇန်နဝါရီ  ၉

နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် သပြေကုန်းရပ်ကွက် အေးမြသာယာကျောင်းတိုက်ဝန်းအတွင်းရှိ ပြည်လုံးချမ်းသာ ဆုတောင်းပြည့်စေတီတော် ဉာဏ်တော်မြှင့်တင်ခြင်းနှင့် ရင်ပြင်တိုးချဲ့ခြင်းအတွက် အုတ်မြစ်ချမင်္ဂလာ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် အဆိုပါ စေတီတော်ပရဝုဏ်၌ ကျင်းပသည်။

အခမ်းအနားတွင် အေးမြသာယာကျောင်းတိုက် ဆရာတော်ဦးဇောတိကအမှူးပြုသော ဆရာတော်သံဃာတော်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များက သတ်မှတ်နေရာများတွင် အုတ်မြစ်ချပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 09, 2020

ရန်ကုန်  ဇန်နဝါရီ  ၉


ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က စီစဉ်ကျင်းပသော ရွှေတိဂုံစေတီတော်ကြီး၏ (၅၇၆) ကြိမ်မြောက် အလှူတော်ငွေပေးအပ်လှူဒါန်းပွဲနှင့် အလှူရှင်များအား ထုတိအနုမောဒနာဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ချီးမြှင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၇ ရက်က စေတီတော်ရင်ပြင်တော် တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 09, 2020

နေပြည်တော် ဇန်နဝါရီ ၉

ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများအား မော်တော်ယာဉ် အရစ်ကျရောင်းချ ရေးအစီအစဉ်နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၂နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ရှင်းလင်းဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုး၊  ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း၊ မော်တော်ယာဉ်အရောင်း ပြခန်းများ၊ မော်တော်ယာဉ်အရောင်းစင်တာများ၊ ဘဏ်လုပ်ငန်းများမှ လုပ်ငန်းရှင်များ၊ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 09, 2020

ရန်ကုန် ဇန်နဝါရီ

စာအုပ်အသစ်ပေါင်း တစ်သန်းပါဝင်သည့် ကမ္ဘာ့အကြီးဆုံး စာအုပ်ရောင်းပွဲတော် (The Big Bad Wolf) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ သာကေတမြို့နယ် Fortune Plaza ရှိ Myanmar Expo Hall ၌ ကျင်းပသည်။

အခမ်းအနားတွင် The Big Bad Wolf စာအုပ်ရောင်းပွဲ၏ ပွဲစီစဉ်သူ Ready 2 Read မြန်မာ၏ ဒါရိုက်တာ ဦးမျိုးအောင်၊ ပညာရေးဝန်ကြီးဌာန လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့မှ ဒုတိယ ညွန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ဆွေထွန်းနှင့် Save the Library မှ တာဝန်ရှိသူတို့က အမှာစကားပြောကြားကြသည်။

ဆက်လက်ဖတ်ရှုရန်