Skip to main content

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်တွင်းလေကြောင်းခရီးသွားပြည်သူများ အဆင်ပြေ ချောမွေ့စွာ ခရီးသွားလာနိုင်ရေးအတွက် တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက COVID-19 ရောဂါနှင့် ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်စစ်ဆေးမှုများဆောင်ရွက်

နေပြည်တော် ဖေဖော်ဝါရီ ၁၃

ပြည်တွင်း လေကြောင်းခရီးသွား ပြည်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ COVID-19 ရောဂါ သတ်မှတ်ချက်များအတိုင်း ကျန်းမာရေး စစ်ဆေးခြင်း၊ ထိန်းချုပ် ကြပ်မတ် ဆောင်ရွက်ခြင်းများနှင့် ပတ်သက်၍ နေ့စဉ်စစ်ဆေးပေးခြင်း၊ ဆေးစစ်ချက်ထောက်ခံချက် ထုတ်ပေးခြင်းနှင့် ကုသပေးခြင်း များကို တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပူးပေါင်းပြီး ဆောင်ရွက်ပေးလျက်ရှိရာ ထားဝယ်လေဆိပ်တွင် ဖေဖော်ဝါရီ ၇ ရက်မှ စတင်၍လည်းကောင်း၊ တာချီလိတ် လေဆိပ်တွင် ဖေဖော်ဝါရီ ၈ ရက်မှ စတင်၍လည်းကောင်း၊ လားရှိုးလေဆိပ်တွင် ဖေဖော်ဝါရီ ၉ ရက်မှ စတင်၍ လည်းကောင်း လိုအပ်သည်များ စီစဉ်ဆောင်ရွက် ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ထားဝယ်မြို့မှ ရန်ကုန်မြို့သို့လေယာဉ်ဖြင့် ခရီးသွားရောက်မည့် ဒေသခံတိုင်းရင်းသားပြည်သူ အမျိုးသား ၃၆ ဦး၊ အမျိုးသမီး ၁၃ ဦးတို့ကို ထားဝယ် တပ်နယ်မှ ဆေးအဖွဲ့က နယ်မြေခံတပ်နယ်ခန်းမ၌ COVD-19 ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးစစ်ဆေးမှုများကို ဆောင်ရွက်ပေးပြီး လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

ခရီးသွားရောက်မည့် တိုင်းရင်းသားပြည်သူများအား COVD-19 ကမ္ဘာ့ကပ်ရောဂါနှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများကို တပ်မတော် ဆေးတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၁၀ ရက်မှ စတင်၍ ကူညီစစ်ဆေးပေးခြင်း၊ COVD-19 ရောဂါပိုးမတွေ့ ရှိသူများကို ဆေးစစ်ချက် ထောက်ခံစာ ထုတ်ပေးခြင်း များ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေး ဆိုင်ရာ အခက်အခဲများကို တစ်ထောင့်တစ်နေရာမှ အထောက်အကူပြု စေရန်အတွက် မြို့နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများ၌လည်း ယာယီကုသရေးဆေးရုံများဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှုများကို နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်