Oct 03, 2020
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ် အချိန်က ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည်။
Oct 03, 2020
လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီ က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပသည်။
Oct 03, 2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မသန်စွမ်းရေးရာ အရပ်ဘက်လူမှု အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် အွန်လိုင်းဖြင့် ကျင်းပသည်။
Oct 03, 2020
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့၏ လမ်းညွှန်မှု ဖြင့် ကိုဗစ်-၁၉ ရောဂါ ကုသရေးအတွက် ခုတင် ၅၀၀ ပါဝင်သည့် အင်းယားလိတ် ကိုဗစ် စင်တာ ကို Yangon Convention Center (YCC) တွင် စတင်တည်ဆောက် လျက်ရှိသည်။
Oct 03, 2020
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် သူ၏ဇနီးသည်တို့ ကိုဗစ်ရောဂါပိုး ကူးစက်ခံရကြောင်း၊ ၎င်းတို့နှစ်ဦးလုံး ရောဂါပိုးရှိသူများကို သီးခြားကန့်သတ် ထိန်းချုပ်ထားသည့်ဌာနတွင် သွားရောက်နေရမည်ဖြစ်ကြောင်း၊ အမေရိကန်သမ္မတ အိမ်ဖြူတော်က သတင်းထုတ်ပြန် ပါသည်။
Oct 03, 2020
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေမှာ မြင့်မားနေဆဲဖြစ်သည်။ မြို့နယ် အလိုက် သံသယရှိသူများကို ရောဂါရှာဖွေစစ်ဆေးပေးလျက်ရှိရာ ပိုးတွေ့လူနာများ မြို့နယ် အလိုက် ပေါ်ထွက်နေဆဲဖြစ်ပြီး နေ့စဉ်ပိုးတွေ့လူနာများ ရာနှင့်ချီ၍ရှိနေသည်။ အောက်တိုဘာ လ ၂ ရက်နေ့အထိ ပိုးတွေ့လူနာ စုစုပေါင်း ၁၅၅၂၅ ဦးရှိပြီး ရောဂါသက်သာပျောက်ကင်းသဖြင့် ဆေးရုံမှဆင်းခွင့်ရခဲ့သူ ၄၃၇၈ ဦး ရှိသည်။
Oct 02, 2020
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ဆိုက်ဘာ လုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
Oct 02, 2020
(၁-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီမှ (၂-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၆,၈၉၅) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၁၄၂)ဦး တွေ့ရှိရပါသည်။
Oct 02, 2020
အာဆီယံဘဏ္ဍာရေးဝန်ကြီးများ၊ ဗဟိုဘဏ်ဥက္ကဋ္ဌများနှင့် US၊ EU Business Councils များ အကြားဆွေးနွေးပွဲ၊ ၁၆ ကြိမ်မြောက် အာဆီယံဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေး၊ ၆ ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အောက်တိုဘာ (၂)ရက်နေ့နံနက်ပိုင်းက Video Conferencing စနစ်ဖြင့် ကျင်းပသည်။
Oct 02, 2020
(၇၅) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကာလအတွင်း ပြုလုပ်သည့် စတုတ္ထအကြိမ် မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံ (၂၅) နှစ်ပြည့် အထိမ်းအမှတ် အဆင့်မြင့်အစည်းအဝေးကို အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် အောက်တိုဘာ(၁)ရက် နယူးယောက် စံတော်ချိန် နံနက် (၉) နာရီတွင် ကျင်းပသည်။
Oct 02, 2020
၁။ (၁-၁၀-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၁,၀၁၀) ဦး၏ မြို့နယ်အလိုက် တွေ့ရှိ ရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
Oct 02, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ကမ္ဘောဒီးယားနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၅၄)ဦးအား မြန်မာသံရုံး၊ ဖနောင်ပင်မြို့မှ စီစဉ်သည့် ဒုတိယကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့မွန်းလွဲပိုင်းတွင် လည်းကောင်း၊ စင်ကာပူနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၄၇) ဦးအား မြန်မာသံရုံး၊ စင်ကာပူမြို့မှစီစဉ်သည့် အကြိမ် (၂၀) မြောက် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ညနေပိုင်းတွင် လည်းကောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ အသီးသီးပြန်လည် ရောက်ရှိခဲ့ကြသည်။
Oct 02, 2020
မြန်မာနိုင်ငံ ဒီဂျစ်တယ် မီဒီယာအသင်းဖြစ်မြောက်ရေး ကော်မတီက စီစဉ်ကျင်းပသည့် Digital Media Trends and Opportunities Webinar ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၃ ရက် မွန်းလွဲ (၁) နာရီအချိန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး Digital Media Guide to Work-From-Home ခေါင်းစဉ်နှင့် Digital Media Monetisation Opportunities & Challenges ခေါင်းစဉ် များဖြင့် ဆွေးနွေးမည် ဖြစ်ပါသည်။
Oct 02, 2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအား ပူးပေါင်းပါဝင်ကူညီနိုင်ရန် မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း(Myanmar Private Hospitials Association) ကိုယ်စားပြု၍ ရန်ကုန်မြို့ရှိကိုဗစ်-၁၉ ရောဂါကုသရေးဌာန များတွင် သွားရောက်တာဝန်ထမ်းဆောင်မည့် အထက်မြန်မာပြည်ဆေးရုံကြီး(၇)ခုမှ ဆရာဝန်/သူနာပြု(၄၉)ဦးတို့ ယနေ့နံနက်ပိုင်းက မန္တလေးမြို့မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာသွား ကြောင်း သိရသည်။
Oct 02, 2020
မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း (အထက်မြန်မာပြည်)ကိုယ်စားပြု၍ ရန်ကုန်သို့သွားရောက်ကြမည့် လုပ်အားပေး ကျန်းမာရေးဝန်ထမ်းများအား ယနေ့နံနက်ပိုင်းက မြို့တော်ဆေးရုံတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်မှ အားပေးစကားပြောကြားခဲ့သည်။
Oct 02, 2020
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်(၉)နာရီခွဲအချိန်က တောင်ကြီးမြို့နယ် တောင်လေးလုံး၊ ခေါင်တိုင်လမ်းခွဲတွင် ဖွင့်လှစ်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးကျန်းမာရေးစစ်ဆေးဂိတ်တွင် တာဝန်ကျထမ်းဆောင်နေသော ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ ပရဟိတအဖွဲ့များ၊ Volunteer အဖွဲ့များအား ထောက်ပံ့ငွေကျပ်(၁၀)သိန်း ပေးအပ်ရာ တောင်ကြီးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီဥက္ကဋ္ဌ တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်မှ လက်ခံရယူခဲ့ကြောင်း သိရသည်။
Oct 02, 2020
မုံရွာ အောက်တိုဘာ ၂ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် ရွှေဘိုခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့ နေ့လယ် (၁) နာရီခွဲက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ရွှေဘိုမြို့ ညောင်ပင်သာကျေးရွာအုပ်စု ကံသာကုန်းကျေးရွာတွင် (၁၄)ရက်ကြာ အသွားအလာ ကန့်သတ်ထားသူများအား
Oct 02, 2020
မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဌေးကျော်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို အောက်တိုဘာ ၁ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။ အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
Oct 02, 2020
နေပြည်တော် အောက်တိုဘာ ၁
Oct 02, 2020
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အောက်တိုဘာ ၁ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန် အတွက် ပြန်လည်ဖော်ပြ လိုက်ပါသည်။