Skip to main content

ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် တမူးမြို့နှင့် ကလေးမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများကို စားသောက် ဖွယ်ရာများပေးအပ်

 

နေပြည်တော် ဇွန် ၁၄

 

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများကိုကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် နှင့် အဖွဲ့ဝင်များကတမူးမြို့ တပ်စခန်းရိပ်သာအစည်း အဝေးခန်းမ၌ ဇွန် ၁၃ ရက်က သွားရောက် တွေ့ဆုံ အမှာစကားပြောကြားပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများနှင့် Mask များကို ထောက်ပံ့ ပေးအပ်သည်။

 

ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် အဖွဲ့ဝင်များသည် ကလေးမြို့ စကားလှဓမ္မာရုံ ကျောင်းတိုက်၌ ကလေးမြို့နယ်အတွင်း ပါဠိ ပထမပြန်စာမေးပွဲတွင် ကြီးကြပ်ရေးတာဝန်ထမ်း ဆောင်လျက်ရှိသော ကလေးမြို့နယ်အတွင်းရှိ ထေရ်ကြီးဝါကြီးဆရာတော်များ၊ သံဃာတော်များ အား ဖူးမြော်ကြည်ညိုကာ တပ်မတော် (ကြည်း၊ ရေ၊လေ) မိသားစုများက လှူဒါန်းသည့် ဆွမ်း၊ ဆန်၊ ဆီ၊ ပဲ၊ သင်္ကန်းနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပြီး စာဖြေသံဃာတော်များ စာမေးပွဲဖြေဆိုနေမှုအား လှည့်လည်ဖူးမြော်ကြည်ညိုသည်။

 

ယင်းနောက် ကလေးမြို့ တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်နှင့် ဌာနအသီးသီးမှ ပါမောက္ခ၊ ဌာနမှူးများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ဒုတိယပါမောက္ခချုပ် ဒေါက်တာထားလွင်က တက္ကသိုလ်ဖွင့်လှစ်သင်ကြား နေမှုကို ရှင်းလင်းတင်ပြ ရာ တင်ပြမှုများအပေါ် လိုအပ်သည်များ ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ထို့နောက် နည်းပြသရုပ်ပြရာထူးဝင်ခွင့်စာမေးပွဲဖြေဆိုသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံအားပေး စကားပြောကြား သည်။

 

ယနေ့နံနက်ပိုင်းတွင် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် အဖွဲ့ဝင်များသည် ကလေးမြို့ရှိ အထွေထွေရောဂါ ကုဆေးရုံသို့ သွားရောက်၍ ဆရာဝန်များ၊ သူနာပြုများကို တွေ့ဆုံအမှာစကား ပြောကြားပြီး ဆေးရုံတက်လူနာများအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်သည်။ (ပုံ) ယင်းနောက် တပ်မတော်ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးမှ အရေးပေါ် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုနိုင်ရေးအတွက် ဓာတ်ခွဲယာဉ် ရောက်ရှိအသုံးပြုနေမှုများကို သွားရောက်ကြည့်ရှုပြီး COVID-19 ရောဂါ အရေးပေါ်ကုသမှု ဆောင်ရွက် နိုင်ရန် ၂၅ ခုတင်ဆံ့ တိုင်းရင်းသားဆေးရုံတွင် ပြင်ဆင်ထားရှိမှုနှင့်စက်ပစ္စည်းများ စုဆောင်းထားရှိ မှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ တမူးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများကို တပ်မတော်ဆေးကု သရေးအဖွဲ့မှ COVID-19 ရောဂါ နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။

 

ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် သည် စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို တိုင်းစစ်ဌာနချုပ်ရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ လိုအပ်သည်များ ဆွေးနွေးမှာကြားပြီး covID-19 ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ဖြစ်သည့် PPE ဝတ်စုံ ၁၀၀၊ Face Shield ၁၀၀၊ Surgical Mask အခု ၅၀၀၊ N-95 Mask ၁၀၀၊ Google မျက်မှန် ၁၀၀၊ နှာခေါင်းစည်း Mask (အဖြူ) အခု ၂၀၀ တို့ကို ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

 

သတင်းစဉ်