Dec 02, 2020
၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် နှစ်(၁၀၀)ပြည့်သည့် ရန်ကုန် တက္ကသိုလ် ရာပြည့်သဘင် အခမ်းအနားကို ကိုဗစ်-၁၉ ရောဂါ ဖြစ်နေဆဲ ကာလဖြစ်၍ ရန်ကုန်တက္ကသိုလ်နယ်မြေတွင် မကျင်းပဘဲ ရန်ကုန်မြို့ ပြည်လမ်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စတူဒီယို(၁)တွင် Virtual စနစ်ဖြင့် အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီ ဖြစ်သည်။ ။
Dec 01, 2020
(၂၀၂၀) ပြည့်နှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ (World AIDS Day) ဗဟိုအဆင့်အခမ်းအနားကို ယနေ့မွန်းလွဲ(၁) နာရီတွင် ကျင်းပခဲ့သည့် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Dec 01, 2020
ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်အထိမ်းအမှတ် အခမ်းအနားကို ယနေ့ ညနေ ၅ နာရီ တွင် Virtual စနစ်ဖြင့် ကျင်းပရာ ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင် အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က Video Message ပေးပို့၍ ဂုဏ်ပြုဝမ်းမြောက်စကား ပြောကြား သည်။
Dec 01, 2020
ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် ရာပြည့်သဘင်အထိမ်းအမှတ် ဆွမ်းဆက်ကပ် လှူဒါန်းပွဲကို ယနေ့ နံနက် ၇ နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။
Dec 01, 2020
ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) နှင့် အရှေ့တောင်အာရှ ပညာရေးဝန် ကြီးများ အဖွဲ့အစည်း (SEAMEO) တို့ ပူးပေါင်းကျင်းပသော အရှေ့တောင်အာရှ မူလတန်းအဆင့် သင်ယူ တတ်မြောက်မှုစစ်တမ်း (၂၀၁၉) ရလဒ်များ Southeast Asia Primary Learning Metrics (SEA-PLM) 2019 Results ထုတ်ပြန်ခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် အွန်လိုင်းစနစ်ဖြင့်ကျင်းပရာ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ် နိုင်ငံတို့မှ ပညာရေးဝန်ကြီးများက မိန့်ခွန်းပြောကြားခဲ့ကြသည်။
Dec 01, 2020
Dec 01, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပ နိုင်ငံများတွင် စာချုပ်သက်တမ်းကုန်ဆုံး၍ အခက်အခဲကြုံတွေ့နေရသည့် မြန်မာ သင်္ဘော သားများအား ဆိုးလ်မြို့ရှိ မြန်မာသံရုံးနှင့် မြန်မာသင်္ဘောသား အလှည့်ကျ ဝန်ထမ်း ပြောင်းလဲခြင်း အကူအညီပေးရေး ကော်မတီ (CCSC) တို့မှ ပူးပေါင်း စီစဉ်သည့် မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ကိုရီးယား သမ္မတနိုင်ငံ၊ အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင် ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။
Dec 01, 2020
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရေးအတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်သည် ရပ်ကွက်/ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ယနေ့ နံနက်(၁၀)နာရီက ဘားအံမြို့ရှိဇွဲကပင်ခန်းမတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
Dec 01, 2020
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းသည် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နိုင်ဝင်ဘာလ (၃၀)ရက်နေ့ နံနက်(၉)နာရီအချိန်က ပြည်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် (၅)ထပ်လူနာ ဆောင်ဆောက်လုပ်မည့် မြေနေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
Dec 01, 2020
ရန်ကုန်တက္ကသိုလ်ကြီး၏ ကြီးမြတ်သည့် သမိုင်းကြောင်းများနှင့် ကြီးမားသည့် အစဉ် အလာများကို ပြည်သူများ ခံစားသိမြင်နိုင်စေရန်အတွက် စာပေပညာရှင်၊ ဝါသနာရှင် အသီးသီးက မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများတွင် ထုတ်ဖော်ရေးသားခဲ့ကြပါသည်။
Dec 01, 2020
စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေ (၂၀၁၉)နှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲ (Overview of Copyright and Related Rights in Myanmar Webinar) ကို နိုဝင်ဘာ ၂၉ ရက် ည ၇ နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
Dec 01, 2020
ယနေ့သည် ရန်ကုန်တက္ကသိုလ် စတင်တည်ထောင်သည်မှာ နှစ်တစ်ရာပြည့်သောနေ့ ဖြစ်ပေသည်။ ရန်ကုန် တက္ကသိုလ် နှစ်တစ်ရာပြည့်ပြီဟူသည့်အသိက မြန်မာနိုင်ငံသားတို့ကို လွမ်းမောသွားစေပါသည်။ ရန်ကုန်တက္ကသိုလ် တွင် ကိုယ်တိုင်ကျောင်းတက်ခဲ့ဖူးသူများကလည်း အသီးသီးလွမ်းစရာတို့ကို ဖွဲ့နွဲ့ကြသည်။ လူချင်းတွေ့ကြ၊ ဆုံကြဖို့ ခက်ခဲနေသည့် ယခုလို ကိုဗစ်ကာလတွင် နည်းပညာတို့၏ အကူအညီဖြင့် လူမှုကွန်ရက်ပေါ်တွင် တွေ့ကြသည်။ တယ်လီဖုန်း၊ ကွန်ပျူတာတို့ ပေါ်ကတစ်ဆင့် တစ်ဦးချင်း နှစ်ဦးချင်းအစ၊ အစုအဖွဲ့အလိုက်ထိ၊ ကျောင်းတက်ခဲ့သူ သူငယ်ချင်းများ၊ နီးစပ်ရင်းနှီးခဲ့သူများ၊ ဆရာ ဆရာမများလည်း ပါဝင်တွေ့ဆုံကြ။ စကားလက်ဆုံကျကြ၊ င
Dec 01, 2020
မြန်မာနိုင်ငံ၏ဂုဏ်ဆောင် ရန်ကုန်တက္ကသိုလ်ကြီးကို တည်ထောင်ဖွင့်လှစ်ခဲ့သည်မှာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်(ယနေ့)တွင် နှစ်(၁၀၀)ပြည့် မြောက်ခဲ့ပြီဖြစ်သည်။ ကြုံတောင့်ကြုံခဲ တက္ကသိုလ်ရာပြည့်သဘင်ပွဲကို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းများနှင့်အညီ ဝေဝေဆာဆာ ထည်ထည်ဝါဝါ ဖော်ဆောင်နိုင်သဖြင့် ဂုဏ်ယူဝမ်းမြောက်မိသည်။
Nov 30, 2020
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်တွင် ကျရောက်မည့် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင် အခမ်းအနားကို ရန်ကုန်မြို့ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စတူဒီယို ၁ တွင် Virtual စနစ်ဖြင့် ကျင်းပမည် ဖြစ်သည်။
Nov 30, 2020
COVID-19 ရောဂါတုံ့ပြန်ဆောင်ရွက်ရာတွင် စေတနာ့၀န်ထမ်းများ ပိုမိုအားဖြည့် ပါ၀င် နိုင်ရေး အားပေးညှိနှိုင်း ဆွေးနွေးခြင်းကို ယနေ့ မွန်းလွဲပိုင်းတွင် Zoom Meeting ဖြင့် ကျင်းပသည်။
Nov 30, 2020
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း များ ဆောင်ရွက်နေမှုအခြေအနေနှင့်ပတ်သက်၍ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နေ့လည် ၁နာရီက တွေ့ဆုံ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများကို ဆွေးနွေးလမ်းညွှန်ခဲ့ကြောင်း သိရသည်။
Nov 30, 2020
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့် အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းအချိန်က လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရွှေတောင်မြို့အတွင်းရှိ ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများ လုပ်ဆောင်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
Nov 30, 2020
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ရက်နေ့ဆိုလျှင် ရန်ကုန်တက္ကသိုလ်သည် နှစ် ၁၀၀ တင်းတင်း ပြည့်ပြီ။ ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် အစီအစဉ်များကို နိုင်ငံပိုင်မီဒီယာများတွင် နေ့စဉ်နှင့်အမျှ ဝေဝေဆာဆာ ထုတ်လွှင့်ဖော်ပြပေးနေမှု များကလည်း ထူးထူးခြားခြား မြိုင်မြိုင်ဆိုင်ဆိုင် ရှိလှသည်။ တက္ကသိုလ်၏သမိုင်း၊ သမိုင်းထဲကတက္ကသိုလ်၊ တက္ကသိုလ်အမှတ်တရ များ၊ တက္ကသိုလ်ပုံရိပ်များ၊ တက္ကသိုလ်ရင်ခုန်သံများ စသည်တို့က ရန်ကုန်တက္ကသိုလ် ရာပြည့်ကာလ မှာ ပြန်လည်နိုးထ လှုပ်ရှားလာကြသည်။
Nov 30, 2020
ရန်ကုန်တက္ကသိုလ်သည် မြန်မာနိုင်ငံ၏ ပညာရေးလောကတွင်သာမက လွတ်လပ်ရေးကြိုးပမ်းမှု မြန်မာ့နိုင်ငံရေး လောကတွင်ပါ သမိုင်းအစဉ်အလာ ကြီးမားခဲ့သည့် တက္ကသိုလ်ကြီးဖြစ်သည်။ ကိုလိုနီခေတ်တွင် မြန်မာတစ်မျိုးသားလုံး ပညာသင်ယူမှု အခွင့်အလမ်းမညီမျှမှု၊ နိမ့်ကျမှုနှင့် တစ်မျိုးသားလုံး အဆင့်မြင့်ပညာသင်ယူနိုင်ခွင့် နည်းပါးမှုတို့ကြောင့် မြန်မာလူငယ်များ အဆင့်မြင့်ပညာကို လက်လှမ်းမီသင်ယူနိုင်ခွင့်ရရှိစေမည့် အမျိုးသားပညာရေးစနစ် ဖြစ်ထွန်း လာအောင် ကြိုးပမ်းအားထုတ်ခဲ့ကြသည်။
Nov 29, 2020
(၂၈-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၉-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၅,၂၂၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၅၀၉) ဦး တွေ့ရှိရပါသည်။