Nov 28, 2020
မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာအသင်းဖြစ်မြောက်ရေးကော်မတီက ကြီးမှူးကျင်းပသည့် “ဒစ်ဂျစ်တယ်ပလက်ဖောင်းများနှင့် ကိုဗစ်-၁၉အပေါ်မြန်မာနိုင်ငံ တုံ့ပြန်မှု”ခေါင်းစဉ်ဖြင့် အွန်လိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၂ နာရီက ကျင်းပရာ ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ မြန်မာနိုင်ငံဒစ်ဂျစ်တယ်မီဒီယာအသင်း ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးသောင်းစုငြိမ်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးကိုကို (စက်မှု တက္ကသိုလ်)နှင့် ဒေါ်နန်းကလျာဝင်း၊ အတွင်းရေးမှူး ဦးမင်းဆွေလှိုင်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟောပြောဆွေးနွေးသူများနှင့် ဧည့်ပရိသတ်များက အွန်လိုင်း ဖြင့် တက်ရောက်ကြသည်။
Nov 28, 2020
ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ အကောင်အထည်ဖော်ဆောင် ရွက်ပြီးစီးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ခရမ်းမြို့နယ် ပိန်းကန်ဓာတ်အား ခွဲရုံနှင့် ဇွဲပလိုင်ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါဓာတ်အားခွဲရုံများ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက် ဖွင့်လှစ်ပေးသည်။
Nov 28, 2020
မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာအသင်း ဖြစ်မြောက်ရေးကော်မတီမှ စီစဉ် ကျင်းပသည့် “ဒစ်ဂျစ်တယ်ပလက်ဖောင်း များနှင့် ကိုဗစ်−၁၉ အပေါ် မြန်မာနိုင်ငံ ၏တုံ့ပြန်မှု” ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး နှင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းတို့က တက်ရောက်၍ အမှာ စကားများ ပြောကြားကြသည်။
Nov 28, 2020
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တိုင်း/ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျှက် သာယာဝတီခရိုင်ပြည်သူ့ ဆေးရုံကြီးသို့ ယနေ့၁၀ နာရီခွဲက ရောက်ရှိခဲ့ကြောင်း သိရသည်။
Nov 28, 2020
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိူးရေး၊
Nov 28, 2020
ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ၂၀၁၉ -၂၀၂၀ ဘတ်ဂျက်ဖြင့် ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေး ကော်ပိုရေးရှင်းမှ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် ရန်ကုန်တိုင်း ဒေသကြီး၊ ခရမ်းမြို့နယ်၊ ပိန်းကန်ဓာတ်အားခွဲရုံနှင့် ဇွဲပလိုင် ဓာတ်အားခွဲရုံတို့၏ ဖွင့်ပွဲအခမ်း အနားကို ယမန်နေ့ နံနက် ၉ နာရီခွဲကအဆိုပါ ဓာတ်အားခွဲရုံများ၌ ကျင်းပခဲ့သည်။
Nov 28, 2020
ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်တာဝန်ရှိသူ များသည် ယမန် နေ့ နေ့လည် ၁ နာရီအချိန်ခန့်တွင် အင်္ဂပူမြို့အဝင်(ဆုံကုန်းတံတား) စုပေါင်းစစ်ဆေး ရေးဂိတ်သို့ ရောက်ရှိပြီးထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခဲ့သည်။
Nov 28, 2020
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းသည် ယမန်နေ့ နံနက် ၉ နာရီက သယံဇာတ၊ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့်
Nov 28, 2020
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်တာဝန်ရှိသူများက ယမန်နေ့ နေ့လယ် ၃ နာရီက မြန်အောင်မြို့အဝင် သပြေလှ စုပေါင်းစစ်ဆေးရေးဂိတ်အား ကြည့်ရှုစစ်ဆေး၍ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
Nov 28, 2020
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ၂၀၁၆ ခုနှစ်အတွက် စာပေဗိမာန် စာမူဆု၊ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ ဒုတိယဆုရရှိသည့် အိအိမော် (ယဉ်ကျေးမှု) ရေးသားသော ‘‘ပြတိုက်ကပြောသော တိုင်းရင်းသားယဉ်ကျေးမှု” စာအုပ်ကို ဖြန့်ချိ ရောင်းချလျက်ရှိသည်။
Nov 28, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ် များ ပျံသန်းမှုယာယီရပ်ဆိုင်းထား ခြင်းကြောင့် စင်ကာပူနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၅၂ ဦးအား စင်ကာပူမြို့ရှိ မြန်မာသံရုံးမှ စီစဉ် သည့် (၂၈) ကြိမ် မြောက်အဖြစ် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ညနေ ၅ နာရီခွဲတွင် ရန်ကုန်
Nov 28, 2020
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံ နှင့်ရုပ်မြင်သံကြားသည် Analogue စနစ်မှ Digital စနစ်သို့ အသွင် ကူးပြောင်းထုတ်လွှင့် နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ် ဖားဆောင်း မြို့နယ် မော်ချီး ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ တွင် 100 W DVB-T2 လွှင့်စက်၊ 150 W MRTV FM လွှင့်စက်နှင့် ဆက်စပ် ပစ္စည်းများတပ်ဆင်ခြင်းကို နိုဝင်ဘာ ၁၇ ရက်မှ ၂၂ ရက်အထိ ဆောင်ရွက် ခဲ့ပြီး နိုဝင်ဘာ ၂၃ ရက်မှစတင်၍ လှိုင်းနှုန်း Channel (E-22) ဖြင့် Digital ရုပ်သံလိုင်း ၁၈ လိုင်းနှင့် လှိုင်းနှုန်း(88.0 MHz) ဖြင့် MRTV FM ရေဒီယိုအစီအစဉ်များ စမ်းသပ် ထုတ်လွှင့်လျက်ရှိသည်။
နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်တက္ကသိုလ်ပရိဝုဏ်တစ်ခုလုံး ရောင်စုံမီးများဖြင့် ဆင်ယင်ထွန်းညှိ
Nov 28, 2020
ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် တက္ကသိုလ်ပရိဝုဏ်တစ်ခုလုံးကို ရောင်စုံမီးများဖြင့် ဆင်ယင်ထွန်းညှိ ထားမည်ဖြစ်ရာ ယခုအခါ မီးအလှဆင်မှုလုပ်ငန်းများအားလုံးနီးပါး ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
Nov 28, 2020
တိုးတက်ဖွံ့ဖြိုးမှုကို နိုင်ငံသားတိုင်း မျှော်လင့်တောင့်တကြသည်သာချည်း။ သို့သော်လည်း နိုင်ငံသားတို့၏ အလိုလားဆုံးဆု ဆိုလျှင်မူ ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းလုံခြုံစွာ အေးအေးသာယာ နေလိုခြင်းက ဦးစားပေးပဲဖြစ်မည်ဟု ထင်ပါသည်။ ထိုလိုလားချက် ရရှိအောင်မြင်နိုင်ဖို့အတွက် အရေးကြီးဆုံးသော အကြောင်းတစ်ရပ်မှာ ဥပဒေစိုးမိုးမှုဖြစ်သည်ဟု ဆိုချင်ပါသည်။
Nov 28, 2020
ကမ္ဘာတစ်ဝန်း၌ ကိုဗစ် - ၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေသည်မှာ တစ်နှစ်ပတ်လည်ပင် ပြည့်တော့မည်ဖြစ်သည်။ တစ်နှစ်တာကာလ ယနေ့အချိန်အထိ ကိုဗစ် - ၁၉ ရောဂါကူးစက်ခံရသည့် ကမ္ဘာ့ပြည်သူသန်းပေါင်း ၆၀ ကျော်ရှိပြီး သေဆုံးသူပြည်သူ တစ်သန်းခွဲခန့်အထိ ရှိလာပြီဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းမှ ပြည်သူအားလုံး ကိုဗစ် - ၁၉ ရောဂါအဆုံးသတ် မည့် ကာလသို့ အမြန်ဆုံး ရောက်ရှိနိုင်ပါစေဟု မျှော်လင့်ဆုတောင်းနေကြသည်။
Nov 27, 2020
ဂျပန်နိုင်ငံ အစိုးရအထောက်အပံ့ဖြင့် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့် ပူးပေါင်း ဆောက်လုပ်ခဲ့သော မကွေးပြည်သူ့ဆေးရုံကြီးမှ သားဖွားမီးယပ် ရောဂါနှင့် မွေးကင်းစ ကလေးကုသဆောင် (၃) ထပ် အဆောက်အဦ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်သည်။
Nov 27, 2020
(၂၆-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၇-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၈,၁၉၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၄၂၈) ဦး တွေ့ရှိရပါသည်။
Nov 27, 2020
ကုလသမဂ္ဂဖွဲ့စည်းတည်ထောင်သည့် (၇၅) နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် နိုင်ငံခြားရေး ဝန်ကြီးဌာန အစီအစဉ်ဖြင့် (UN75) Logo ပါ အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၂၀၀ ကျပ်တန်) (၁) မျိုးအား ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက် လုပ်ငန်းမှ ဒီဇင်ဘာ (၁) ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ တန်ဆောင်းမုန်းလပြည့်ကျော် (၂) ရက် (အင်္ဂါနေ့)၊ နံနက် ၉ နာရီခွဲမှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်များတွင် ရောင်းချပေးသွားမည်ဖြစ်သည်။
Nov 27, 2020
(၂၆-၁၁-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၁,၆၃၉) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
Nov 27, 2020
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းစဉ်များအား အလေးထားဆောင်ရွက်လျက်ရှိပြီး ယနေ့ ၁၀ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးဌေးဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိူးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိန်းရေးဝန်ကြီး ဦးတင်အောင်ဝင်း၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသည့် ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးဂိတ်များသို့ သွားရောက်ခဲ့ပြီး စစ်ဆေးရေးဂိတ်များတွင် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေနှင့် ခရီးသွားမှတ်တမ်းရယူနေမှု အခြေအနေများအား ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ စစ်ဆေးရေးဂိတ်များတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များ၊ Volunteer များအား တွေ့ဆုံအားပေး၍ စစ်ဆေးရေးဂိတ်များတွင် လိုအပ်သည်များ သုံးစွဲရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှထောက်ပံ့သည့် ထောက်ပံ့ငွေ(၅၀၀၀၀၀) (ကျပ်ငါးသိန်းတိတိ) အား တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။