May 13, 2025
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာနမော်တော်ယာဉ်ရပ်နားကွင်းရှိ ယာယီလူနေအိမ်ရာများတွင် နေထိုင်လျက်ရှိသော ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ရင်းနှီးစွာတွေ့ဆုံ၍ အားပေးစကားပြောကြားပြီး အဋ္ဌမအကြိမ်မြောက် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။
May 13, 2025
ပြန်ကြားရေးဝန်ကြီးဌာန ဝန်ထမ်းများ နေထိုင်နိုင်ရန် Container House များ နေရာချထားမည့်မြေနေရာ၊ Prefabri-cated Office များ တပ်ဆင်နေမှုနှင့် တည်ဆောက်ထားသည့် ယာယီအဆောင်များ၌ ဝန်ထမ်းများ နေထိုင်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍ ယနေ့နံနက်ပိုင်းတွင် ယာယီရှင်းလင်းဆောင်၌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်က ရှင်းလင်းတင်ပြသည်။
May 13, 2025
မန္တလေးငလျင်ကြီးဘေးဒဏ်ကြောင့် ငလျင်ဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး ရုပ်ရှင်၊ သဘင်၊ ဂီတ ရန်ပုံငွေ ပဒေသာကပွဲနောက်ဆုံးနေ့အဖြစ် ရန်ကုန်မြို့ ဒဂုံမြို့နယ် အမျိုးသားကဇာတ်ရုံကြီး၌ ယနေ့သဘင်အစည်းအရုံးက ဖျော်ဖြေတင်ဆက်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ပြည်သူများ အားပါးတရကြည့်ရှုအားပေးကြသည်။
May 13, 2025
မန္တလေးငလျင်ဘေးခံစားခဲ့ရသည့် မသန်စွမ်းသူများအား ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းတည့် ၁၂ နာရီတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ နေပြည်တော်ကောင်စီ ကောင်စီဝင် ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ် ဒုတိယဥက္ကဋ္ဌ (၁)၊ နေပြည်တော်မသန်စွမ်းသူများ အသင်းဥက္ကဋ္ဌနှင့် မသန်စွမ်းသူကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
May 13, 2025
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Center-DMC)၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၅) ကို ယနေ့မွန်းလွဲပိုင်းတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌများ ဦးဆောင်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန၌ ကျင်းပသည်။
May 13, 2025
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မြန်မာနိုင်ငံအတွင်းရှိ အချို့ဒေသများတွင် အပူချိန်ပြင်းထန်မှုဒဏ်ကို အများပြည်သူတို့အနေဖြင့် ဆိုးရွားစွာခံစားခဲ့ကြရသည်။ “တန်ခူးကဆုန်ဆွေ့ဆွေ့ခုန်”ဆိုသကဲ့သို့ ပူပြင်းလှသည့် နွေကာလ၏အပူရှိန်ကို ယခင်နှစ်များနှင့်မတူ တစ်မူထူးကဲစွာ ပြည်သူများခံစားခဲ့ရသည်။ အပူရှိန်ပြင်းထန်လာမှုကြောင့် အပူပြန်တိမ်တိုက်နှင့် အခိုးအငွေ့များ မြင့်မားလာမှုနှင့်အတူ လေထုမငြိမ်သက်မှုနှင့် အခိုးအငွေ့များကြောင့် မိုးကြီးလေထန်ဖြစ်နိုင်မှုအခြေအနေများလည်း ပေါ်ပေါက်လာသည်။
May 13, 2025
မြန်မာနိုင်ငံတွင် ယခုနှစ်ကုန်ပိုင်း၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ နိုင်ငံတော်အစိုးရက ဆောင်ရွက်ဖွယ်ရှိသည်များကို အချိန်နှင့်တစ်ပြေးညီ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတော်အကြီးအကဲကလည်း ပြည်ပနိုင်ငံများနှင့် တွေ့ဆုံမှုတိုင်းတွင် အသိပေးပြောကြားလျက်ရှိသည်။ သို့ဖြစ်ရာ မိမိတို့နိုင်ငံတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည် တိုင်းသိ ပြည်သိ ကမ္ဘာသိဖြစ်သကဲ့သို့ နိုင်ငံတကာမှ နိုင်ငံ့ခေါင်းဆောင်အသီးသီးတို့က အသိအမှတ်ပြုထောက်ခံအားပေးမှုများကိုလည်း ရရှိနေသည်။
May 12, 2025
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/ အဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
May 12, 2025
တပ်မတော် (ရေ) က ၂ဝ၂၅ ခုနှစ်၊ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများကို လေ့ကျင့်သင်ကြားလျက်ရှိရာ ယနေ့တွင် စခန်းပေါင်းစုံမှ သင်တန်းသား၊ သင်တန်းသူများသည် ရန်ကုန်မြို့ရှိ တပ်မတော် (ရေ)၊ လှေလှော်ရွက်တိုက်အသင်း (အင်းလျားကန်) ၌ စခန်းပေါင်းစုံရေတပ်သားအချက်ပြဆက်သွယ်ရေးဆိုင်ရာ ပြိုင်ပွဲများနှင့် လှေလှော်ရွက်တိုက်ပြိုင်ပွဲများကို ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ပြည့်စုံလင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တပ်မတော် (ရေ) မှ အရာရှိကြီးများ၊ သင်တန်းသား၊ သင်တန်းသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းအုပ်ချုပ်သူများက တက်ရောက်ကြည့်ရှုအားပေးကြသည်။
May 12, 2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းကျေးရွာ စာသင်ကျောင်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆရာ၊ ဆရာမ ၂ ဦး အပါအဝင် ကျောင်းသား၊ ကျောင်းသူ ၅၀ ဦး ဝန်းကျင်ခန့် ထိခိုက်သေဆုံးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိကြောင်း သိရှိရသည်။
May 12, 2025
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။
May 12, 2025
မေး။ ရုရှားနိုင်ငံ မော်စကိုမြို့မှာကျင်းပပြုလုပ်ခဲ့တဲ့ နှစ် ၈၀ ပြည့် မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲမှာ မြန်မာ့တပ်မတော်က ဝင်ရောက်ပါဝင်ခဲ့တာတွေ့ရပါတယ် ဒီအခမ်းအနားကနေ မြန်မာ့တပ်မတော်အတွက် ဘယ်လိုအတွေ့အကြုံကောင်းတွေ ရရှိခဲ့ပါသလဲ။
May 12, 2025
ယနေ့ညနေ ၄ နာရီခွဲ တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် လည်းကောင်း၊ မုတ်သုံလေဝင်ရောက်လာနိုင်ခြင်းကြောင့်လည်းကောင်း၊ အပူပြန်တက်တိမ်များဖြစ်ထွန်းမှုအားကောင်းခြင်းကြောင့်လည်းကောင်း ယနေ့ညနေမှ မေ ၁၉ ရက် အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်သည်။
May 12, 2025
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများသည် ယနေ့ညနေပိုင်းတွင် မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် လိုအပ်သည့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို အများပြည်သူများ ဈေးနှုန်းမှန်ကန်စွာနှင့် အရည်အသွေးပြည့်မီစွာ ဝယ်ယူနိုင်ရေးရည်ရွယ်၍ နေပြည်တော် ဥပ္ပါတသန္တိစေတီတော် တပေါင်းကွင်း၌ မေ ၁၂ ရက်မှ ၁၈ ရက်အထိကျင်းပမည့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများရောင်းချပေးမည့် ပြခန်းများကို ကြည့်ရှုစစ်ဆေးသည်။
May 12, 2025
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ဇလုတ်ကြီးကျေးရွာရှိ နယ်မြေခံတပ်ရင်းအား KNLA နှင့် PDF အမည်ခံအကြမ်းဖက်သမားများက မေ ၈ ရက်တွင် သိမ်းပိုက် နိုင်ခဲ့သဖြင့် လက်နက်ကြီး၊ လက်နက်ငယ်အမြောက်အမြား သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ တပ်မတော်မှ ဘာသာရေးကျောင်း၊ ဘုန်းတော်ကြီးကျောင်းများအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်သောကြောင့် အရပ်သားပြည်သူများ တိုက်ပွဲရှောင်နေရကြောင်း ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် မဟုတ်မမှန်လုပ်ကြံ၍ သတင်းအမှားများ ဖြန့်ချိဝါဒဖြန့်လျက်ရှိသည်ကို တွေ့ရှိရသည်။
May 12, 2025
ပညာရေးဝန်ကြီးဌာန ရန်ကုန်အဝေးသင်တက္ကသိုလ် သတ္တဗေဒဌာနမှ ကထိက ဒေါ်ဝင်းဝင်းအောင် သည် ၂၀၂၅ ခုနှစ် မေ ၇ ရက်တွင် တာဝန်ကျနေရာမှအကြောင်းမဲ့ ပျက်ကွက်လျက်ရှိကြောင်း သိရှိရ သဖြင့် စုံစမ်းစိစစ်မှုများဆောင်ရွက်ခဲ့သည်။
May 12, 2025
ဒီရုရှားနိုင်ငံရဲ့နှစ်(၈၀)ပြည့် မျိုးချစ်စစ်ပွဲကြီးက ရုရှားနိုင်ငံမှာပဲ ကျင်းပတာပေါ့။ အမှန်ကတော့ ဒီမျိုးချစ်စစ်ပွဲကြီးဆိုတာ ရုရှားနိုင်ငံတစ်နိုင်ငံတည်းအတွက် သက်ဆိုင်တာမဟုတ်ပါဘူး။ အရင်တုန်းကကမ္ဘာမှာ ဖက်ဆစ်စနစ်၊ နာဇီစနစ်ဆိုတဲ့ အစွန်းရောက် မှုတွေရှိခဲ့တယ်။ ဒီဖက်ဆစ်စနစ်၊ နာဇီစနစ်ကို ဆန့်ကျင်တိုက်ခိုက်တဲ့ကိစ္စပဲ။ ဖက်ဆစ်စနစ်၊ နာဇီစနစ်ကို ဆန့်ကျင်တိုက်ခိုက်တဲ့ကိစ္စဆိုတာက ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း ခင်ဗျားတို့ကျွန်တော်တို့သိတဲ့အတိုင်းပဲ၊ ဖက်ဆစ်စနစ်ရဲ့ဆိုးကျို
May 12, 2025
ကဆုန်လပြည့်(ဗုဒ္ဓနေ့)သည် ထေရဝါဒဗုဒ္ဓဘာသာဝင်များအတွက် မင်္ဂလာရှိသော နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ မန္တလေးမြို့ပေါ်ရှိ တန်ခိုးကြီးဘုရားစေတီ ပုထိုးများ၌ ဗုဒ္ဓါဘိသေက အနေကဇာတင်လှူ ပူဇော်ပွဲများနှင့် ပရိဘောဂစေတီထိုက်သော ဗောဓိညောင်ပင်တို့အား ညောင်ရေသွန်း လောင်းပူဇော်ပွဲများ ကျင်းပခြင်း၊ မန္တလေးမြို့လုံးအနှံ့တွင် ကုသိုလ်ရှင်များက ဆရာတော်သံဃာ တော်များအား ဆွမ်းဆန်တော်များ လောင်းလှူခြင်းနှင့် စတုဒိသာကျွေးမွေးလှူဒါန်း ကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိသည်။
May 12, 2025
တပ်မတော်(ရေ)က ၂၀၂၅ ခုနှစ် ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်းများကို လေ့ကျင့်သင်ကြားလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) စခန်းပေါင်းစုံမှ သင်တန်းသား သင်တန်းသူများသည် ရန်ကုန်မြို့ရှိ ဧရာဝတီ ရေတပ်စခန်းဌာနချုပ်၌ စခန်းပေါင်းစုံ တွေ့ဆုံပွဲပြုလုပ်ကြသည်။
May 12, 2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ ရင်ပြင်နီ၌ မေ ၉ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ် စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား၌ ပါဝင်ချီတက်ခဲ့သည့် ဗိုလ်မှူးချုပ် မျိုးဆက်အောင် ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားပြု စစ်ရေးပြအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေး ရှင်းနိုင်ငံမော်စကိုမြို့မှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိကြသည်။
