Skip to main content

May 13, 2025

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 13, 2025

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင်ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး (KK Park) နှင့် ကျောက်ခတ်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ပါကစ္စတန်နိုင်ငံသား ၃၅ ဦး၊ တောင်အာဖရိက နိုင်ငံသားတစ်ဦး၊ ဗီယက်နမ်နိုင်ငံသား ၂၁၁ ဦးနှင့် အီသီယိုးပီးယား နိုင်ငံသား ၈၉ ဦး၊ စုစုပေါင်း ၃၃၆ ဦးအား မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးသည်။

ဆက်လက်ဖတ်ရှုရန်

May 13, 2025

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

May 13, 2025

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး တောင်ငူအားကစားခန်းမကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 13, 2025

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေအတွင်း မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီးနောက် ထိခိုက်ပျက်စီးခဲ့သည့် လယ်ယာမြေများ စိုက်ပျိုးရေပြန်လည်ပေးဝေနေမှုအခြေနေများနှင့် ငလျင်ဒဏ်ကြောင့် ရေသောက်စနစ်များ ထိခိုက်ပျက်စီးမှုအပေါ် သီးနှံအထွက်နှုန်းများ ထိခိုက်မှုမရှိစေရေးအတွက် တပ်ကုန်းမြို့နယ် ဆင်သေဆည်ရေသောက်စနစ် လက်တံမြောင်းအဖျားပိုင်းရှိ နွေစပါးစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 13, 2025

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဆောင်ရွက်လျက်ရှိသည့် တိုင်းရင်းသားစာပေသင်ကြားရေးနှင့် စာပေသင်ကြားရေး အထောက်အကူပြုဝန်ထမ်းများ ခန့်ထားရေးကိစ္စရပ်များနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 13, 2025

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က မန္တလေးငလျင်ကြီးကြောင့် ထိခိုက်နစ်နာဆုံးရှုံးခဲ့ရသည့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ ငလျင်ဒဏ်သင့်ဒေသများမှ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနှင့် ကျောင်းများအလိုက် ဆရာ ဆရာမများနှင့် ဝန်ထမ်းများအတွက် ဆန် ၂၄ ပြည်အိတ် ၄၄၉ အိတ်အတွက် ကျသင့်ငွေကျပ် ၄၆၃ သိန်းနှင့် ဆီအတွက် ၂၈၇ သိန်း စုစုပေါင်း သိန်း ၇၅၀ ကို ယနေ့နံနက်ပိုင်းတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနရုံးသို့ ပေးအပ်လှူဒါန်းရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်က လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

May 13, 2025

တရားမဝင်ကုန်သွယ်မှုတိုက် ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 13, 2025

အမျိုးသမီးတစ်ဦးအား တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့ကြသူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်စီကျခံရန် အမိန့်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 13, 2025

မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားကပြည်သူ့စကား” အစီအစဉ်မှ “နိုင်ငံရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ထိုးကျွေးခံ PDF လူငယ်တွေရဲ့ဘဝ” ခေါင်းစဉ်ဖြင့် မေ ၁၄ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 13, 2025

စွယ်စုံမီဒီယာဂရု (ပ်) (SweSone Media Group) ၏ သုတစွယ်စုံစာအုပ်တိုက်က ချီးမြှင့်မည့် (၁၅) ကြိမ်မြောက် သုတစွယ်စုံစာပေဆုအတွက် ဆုရရှိသူများစာရင်းကို ဆုရွေးချယ်ရေးအဖွဲ့က ယနေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ဆက်လက်ဖတ်ရှုရန်

May 13, 2025

နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ၁၇ ကျောင်းတွင် နယ်စပ်ဒေသများမှ တိုင်းရင်းသူအမျိုးသမီးငယ်များအား အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးပြီး အလုပ်အကိုင်အခွင့်အလမ်းရရှိခြင်းဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပထမအကြိမ် သင်တန်းများအဖြစ် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း၊ ရိုးရာဂျပ်ခုတ်သင်တန်း၊ အခြေခံလက်ရက်ကန်းသင်တန်း၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းတို့ကို ယနေ့နံနက်ပိုင်းတွင် သင်တန်းကျောင်းအသီးသီး၌ ဖွင့်လှစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 13, 2025

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာတာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် (၃) ရပ်ကွက် ရန်ကင်းလမ်းမကြီး၊ အမှတ် (၂၀၆/၂) ရှိ Dual Tech Vocational Institute တွင် သက်မွေးသင်တန်းများ ဖွင့်လှစ်သင်ကြားနေမှုကို ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

May 13, 2025

ပီလောပီနံမှ စားသောက်ကုန်ချောထုတ်လုပ်မှုသုတေသနပြု စမ်းသပ်ခြင်းကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာန ရိတ်သိမ်းချိန်လွန် အင်ဂျင်နီယာဓာတ်ခွဲခန်း (ရေဆင်း) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 13, 2025

၂ဝ၂၅ ခုနှစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့ ပေါင်းလောင်းအားကစားခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 13, 2025

မန္တလေးငလျင်ကြီးကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို အများပြည်သူများ ဈေးနှုန်းမှန်ကန်စွာနှင့် အရည်အသွေးပြည့်မီစွာ ဝယ်ယူနိုင်ရန်ရည်ရွယ်၍ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်တပေါင်းကွင်း၌ မေ ၁၂ ရက်မှ ၁၈ ရက်အထိ ငလျင်ဘေးသင့်ပြည်သူများ လွတ်လပ်စွာဝယ်ယူနိုင်ရန်အတွက် UMFCCI၊ မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ သံနှင့် သံမဏိအသင်း၊ ဘိလပ်မြေထုတ်လုပ်သူများ အသင်းနှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနေမှုနှင့် စပ်လျဉ်း၍ စကားသံများကို စုစည်းဖော်ပြလိုက်ရပါသည်။

ဆက်လက်ဖတ်ရှုရန်

May 13, 2025

၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် လိုအပ်သည့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို အများပြည်သူများ ဈေးနှုန်းမှန်ကန်စွာနှင့် အရည်အသွေးပြည့်မီစွာဝယ်ယူနိုင်ရန် ရည်ရွယ်၍ ငလျင်ဘေးသင့်ပြည်သူများအတွက် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ရောင်းချပေးခြင်းအစီအစဉ်ကို မေ ၁၂ ရက်မှ ၁၈ ရက်အထိ နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်တပေါင်းကွင်း၌ ကျင်းပလျက်ရှိရာ ယနေ့တွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦးတို့ လှည့်လည်ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

May 13, 2025

တိရစ္ဆာန်ဆေးကုသိပ္ပံဒီပလိုမာတစ်နှစ်သင်တန်း အမှတ်စဉ် (၁) ၏ ဒီပလိုမာလက်မှတ်၊ ထူးချွန်ဆုနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ရာပြည့်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 13, 2025

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်လျက်ရှိသော ငလျင်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် Bangladesh Pharmaceutical Society in Myanmar မှ ဆေးဝါးများ လှူဒါန်းပွဲကို ယနေ့တွင် အသင်းရန်ကုန်ရုံးခွဲ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 13, 2025

စက်မှုကျွမ်းကျင်တစ်နှစ်သင်တန်း အမှတ်စဉ် (၁၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး မကွေးမြို့ရှိ အမှတ် (၅) စက်မှုသင်တန်းကျောင်း (မကွေး) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်