Jan 29, 2025
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်အတွင်း အကျယ်အဝန်း ၃၂၇ ဧကရှိ “ရှိမ္မကားတောရကြီးကျောင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော” ကို ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်နိုင်ရန်အတွက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်မှစတင်၍ သတ်မှတ်လိုက်သည့် မင်းတုန်းမင်းတရားကြီးက မူလပထမရွှေကျင်ဆရာတော်ကြီးထံ လှူဒါန်းခဲ့သည့် အဆိုပါနယ်မြေသည် မျိုးသုဉ်းရန်အန္တရာယ်ရှိသော သတ္တဝါများရှင်သန်ကျက်စားနေသည့် နယ်မြေလည်းဖြစ်သည်။ အဆိုပါ ဘေးမဲ့တောအတွင်း တောတောင်သဘာဝ အလှအပရှုခင်းများသာမက အဖိုးတန်ရှေးဟောင်းယဉ်ကျေးမှုလက်ရာများဖြင့် ခံ့ညားထည်ဝါသည့် အဆောက်အအုံများရှိနေခြင်းကလည်း ထူးခြားလှသည်။
Jan 28, 2025
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ (၁၉-၁-၂၀၂၅)ရက်နေ့၊ ည(၈:၀၀)နာရီမှ (၂၆-၁-၂၀၂၅)ရက်နေ့၊ ည(၈:၀၀)နာရီ အထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၉၄၂)ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် မတွေ့ရှိရပါ။ အစီရင်ခံကာလအတွင်း ကိုဗစ်-၁၉ရောဂါဖြင့် သေဆုံးသူမရှိပါ။
Jan 28, 2025
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မြိတ်ခရိုင်အတွင်းရှိ အားကစားကွင်း/အားကစားရုံများကို လိုက်လံ ကြည့်ရှုစစ်ဆေးသည်။
Jan 28, 2025
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့လမ်း ၈၀ နှင့် ၃၅ လမ်းထောင့်ရှိ ပညာရေးစီမံအုပ်ချုပ်မှုသင်တန်းကျောင်း (မန္တလေး) ကို ကြည့်ရှုစစ်ဆေးသည်။
Jan 28, 2025
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး သင်တန်းအမှတ်စဉ် (၁၁) နှင့် အဆင့်မြင့်အရာထမ်းသင်တန်းအမှတ်စဉ် (၂၆) တို့၏ သင်တန်းဖွင့်ပွဲကို ယနေ့တွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရှိ ကေတုမတီခန်းမ၌ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်၊ အဖွဲ့ဝင် ဦးစိုးတင့်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) မှ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
Jan 28, 2025
ရုရှားနိုင်ငံသား ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်စဉ် ကောင်းမွန်သော ဝန်ဆောင်မှုပေးနိုင်ရန်ရည်ရွယ်၍ ရုရှားဘာသာစကား (အခြေခံ) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပသည်။
Jan 28, 2025
နယ်စပ်ရေးရာဝန်ကြီးဌာန ဥပဒေအသိပညာ ပြန့်ပွားရေး ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန ဧရာဝတီခန်းမ၌ကျင်းပရာ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးသိန်းဌေးဦးနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
Jan 28, 2025
မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းသည် ဆေးဝါးသုံးစွဲသူပြည်သူအများ သင့်တင့်မျှတသော ဈေးနှုန်းဖြင့်အဆင်ပြေစွာ ဝယ်ယူသုံးစွဲနိုင်ရန်နှင့် ဆေးဝါးများ မပြတ်လပ်ရေးအတွက်ရည်ရွယ်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ နေပြည်တော်ကောင်စီ၏ ပံ့ပိုးမှုတို့ဖြင့် နေပြည်တော်ပျဉ်းမနားမြို့ မင်္ဂလာကန်တော်ခန်းမ(မြင်းရုပ်အနီး)၌ ဒုတိယ အကြိမ်မြောက် ဆေးကုမ္ပဏီများက သုံးစွဲသူပြည်သူများသို့ ဆေးဝါးများ တိုက်ရိုက်ရောင်းချပွဲကို ကျင်းပလျက်ရှိပြီး ဇန်နဝါရီ ၂၇ ရက်မှ ၃၁ ရက် အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဆေးကုမ္ပဏီ ၄၀ မှ ဆေးဝါးမျိုးစုံတို့ကို ပါဝင်ပြသရောင်းချပေးလျက်ရှိကြောင်း သိရသည်။