Skip to main content

Jan 30, 2025

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် တဘက္ကာကျေးရွာရှိ စီပင်စိုက်ပျိုးရေးသုတေသနခြံတွင် နေကြာမျိုးသန့် စိုက်ပျိုးထားရှိသည့် ဆင်းရွှေကြာ (၂) ဧက ၄၀ စိုက်ကွင်းကို ကြည့်ရှုစစ်ဆေးပြီး ပြည်တွင်းစားသုံးဆီ ဖူလုံပိုလျှံစေရေးအတွက် ဒေသရေမြေရာသီဥတုနှင့်ကိုက်ညီသော အထွက်နှုန်းကောင်းသည့် နေကြာမျိုးကောင်းမျိုးသန့်များ ပိုမို စိုက်ပျိုးထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး အကြုံပြုဆွေးနွေးမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 30, 2025

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 30, 2025

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာကိစ္စရပ်များအပေါ် စုံစမ်းမေးမြန်းခြင်းနှင့် သတင်းပို့ခြင်း ပြုလုပ်နိုင်

ဆက်လက်ဖတ်ရှုရန်

Jan 30, 2025

နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်ပြေးညီဖြစ်စေရေး ဗဟိုကြီးကြပ်ရေးအဖွဲ့နှင့် ကချင်ပြည်နယ် ကြီးကြပ်ရေးအဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ကချင်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကား ပြောကြားသည်။ 

ဆက်လက်ဖတ်ရှုရန်

Jan 30, 2025

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၆ ရက်က ပြုလုပ်ခဲ့သည့် ဘယ်လာရုစ်သမ္မတရွေးကောက်ပွဲသို့ နိုင်ငံတကာစောင့်ကြည့်လေ့လာရေးအဖွဲ့အဖြစ် သွားရောက်လေ့လာခဲ့ကြသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်စောဝင်းနှင့် ဦးမြင့်သိန်းတို့သည် ဇန်နဝါရီ ၂၁ ရက်မှ ၂၅ ရက်အထိ ပြုလုပ်သည့် ကြိုတင်မဲပေးခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုကို လေ့လာခဲ့ပြီး ဇန်နဝါရီ ၂၄ ရက်တွင် ဘယ်လာရုစ်သမ္မတနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ Mr. Igor Karpenko နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 30, 2025

(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက် အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 30, 2025

စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (ပျဉ်းမနား) နဝမအကြိမ် စိုက်ပျိုးရေးဒီပလိုမာနှင့် ပထမအကြိမ် မွေးမြူရေးဒီပလိုမာအောင်လက်မှတ်အပ်နှင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ ရွှေရောင်ခြည်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 30, 2025

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်တို့သည် ယနေ့နံနက်ပိုင်းတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ရှိ Forever Yay Wati ကုမ္ပဏီလီမိတက်က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ရိုက်ကူးထုတ်လွှင့်မှုလုပ်ငန်းများအတွက် အခြေခံအဆောက်အအုံများနှင့် စတူဒီယိုများ တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 30, 2025

“မိမိတို့နိုင်ငံ၏ လက်ရှိလူဦးရေသည် ၅၂ သန်းခန့်ရှိပြီး အမျိုးသား ၄၇ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၅၃ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ ၎င်းတို့အနက် လူဦးရေအနည်းငယ်သာ တပ်မတော်သားဘဝကိုခံယူ၍ မွန်မြတ်လှသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြခြင်းဖြစ်သဖြင့် အများသူငါ လုပ်ဆောင်နိုင်ရန် ခက်ခဲသည့် တပ်မတော်သားဘဝကို ဂုဏ်ယူတန်ဖိုးထားကြရန်လိုကြောင်း၊ နိုင်ငံနှင့် ပြည်သူတို့အတွက် မြင့်မြတ်လှသည့်တာဝန်များကို ထမ်းဆောင်နေရသည့် မိမိတို့တပ်မတော်သားများ၏ဘဝကို ဂုဏ်ယူတတ်ရန်နှင့် ပေးအပ်လာသည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားရန်လိုကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဇန်နဝါရီလ ၂၂ ရက်နေ့တွင် နေပြည်တော် တောင်ညိုတပ်နယ်ရှိ နယ်မြေခံလေ့ကျင့်ရေးသင်တန်းကျောင်း၌ ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 30, 2025

ကလေးဆိုသည်မှာ အလုပ်စေခိုင်းရမည့်အရွယ်မဟုတ်။ မိသားစုဝင်များနှင့်အတူ ကျန်းမာပျော်ရွှင်ရန်၊ ကျောင်းနေအရွယ်တွင် ကျောင်းပညာကို မပျက်မကွက် သင်ယူခွင့်ရရန် ကလေးများကို အခွင့်အရေးပေးရမည်ဖြစ်သော်လည်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) နှင့် ယူနီဆက်ဖ်တို့၏ အစီရင်ခံစာအရ ကမ္ဘာတစ်ဝန်းတွင် ကလေးအလုပ်သမားပေါင်း ၁၅၃ သန်းရှိနေသည်ဟုဆိုသည်။ မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးခြင်း၊ သဘာဝဘေးအန္တရာယ်များ ကျရောက်ခြင်းနှင့် လက်နက်ကိုင်ပဋိပက္ခဘေးအန္တရာယ်များ ဖြစ်ပေါ်ခြင်းတို့ကြောင့် ကလေးအလုပ်သမားအဖြစ် လုပ်ကိုင်နေရသည့် ကလေးငယ် တစ်သန်းကျော်ရှိနေသည်။

ဆက်လက်ဖတ်ရှုရန်