Skip to main content

Nov 02, 2021

နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေးကျောင်းတွင် စီမံခန့်ခွဲရေးသင်တန်းအမှတ်စဉ် (၇၅)၊ အဆင့်မြင့်စက်ချုပ်နည်းပြသင်တန်း အမှတ်စဉ်(၃၉)၊ စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ် (၁ဝ၉) သင်တန်းများဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီတွင် သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 02, 2021

ရန်ကုန်တိုင်းဒေသကြီး၊ စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး သည် ယနေ့ နံနက် ၇ နာရီတွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံတက္ကသိုလ်အနီး၊ (၁၃၁)ရပ်ကွက်၊ ရေသန့်လမ်းရှိ ရန်ကုန်မြို့တော် ရေပေးဝေရေးဇုန် (၇) ရေစုကန်နှင့် ရေတွန်းစက်ရုံသို့ ရောက်ရှိစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 02, 2021

“ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ အခြေခံပညာ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/သူများအား ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိလာစေရန်၊ အတူနေမိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက် ပြန့်ပွားမှုကို တားဆီးရန်နှင့် ကျောင်းဖွင့်ချိန်အမီ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန် ရရှိစေရန် ရည်ရွယ်ပြီး နိုင်ငံတော်အစိုးရမှ ဦးစားပေးအစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း အချိန်က ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်း ခရိုင် တာမွေမြို့နယ် အတွင်းရှိ အသက်(၁၂)နှစ်နှင့် အသက်(၁၈)နှစ်ကြား ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို တာမွေမြို့နယ် ပညာရေးမှူးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 02, 2021

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအား ထောက်ခံပွဲကို ယနေ့တွင် ရန်ကုန် တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၊ ဧရာဝတီတိုင်း ဒေသကြီး ရေကြည်မြို့၊ ရခိုင်ပြည်နယ် စစ်တွေမြို့၊ မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ်တို့၌ ပြုလုပ်ကြ ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 02, 2021

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင် နိုင်သည် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင်ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၄) အခြေခံ ပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသားကျောင်းသူများ ပညာသင်ကြားနေမှုကို ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 02, 2021

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH၊ NUG နှင့် PDF အကြမ်းဖက် သမားများသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဉပဒေစိုးမိုးရေးကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် အချို့ဒေသများ တွင် လက်နက်ကိုင် တိုက်ခိုက်မှုများ၊ နေအိမ်များ၊ လမ်းတံတားများနှင့် ပြည်သူပိုင်ရုံး၊ ဌာနအဆောက် အဦများအား ဖောက်ခွဲဖျက်ဆီးမှုများအပြင် ကလေးသူငယ်များ ပညာသင်ကြားနေသည့် စာသင် ကျောင်းများကိုပါ ဗုံးထောင်၊ ဖောက်ခွဲ၊ ဖျက်ဆီးမှုများအထိ လုပ်ဆောင်လျက်ရှိကြ သည်။

ဆက်လက်ဖတ်ရှုရန်

Nov 02, 2021

နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုနှုန်း ကျဆင်းနေပြီဖြစ်သောကြောင့် ယနေ့ (နိုဝင်ဘာ ၁ ရက်)တွင် တိုင်းဒေသကြီး/ ပြည်နယ် ကိုးခုမှ နယ်စပ်ဒေသ မြို့နယ် ၄၆ မြို့နယ်ရှိ စာသင်ကျောင်းများမှလွဲ၍ ကျန်မြို့နယ်များအားလုံးရှိ စာသင်ကျောင်းများ၊ (ပုဂ္ဂလိက ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ အပါအဝင်)တို့ကို ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်သည်။ သို့ပါ၍ အခြေခံပညာအဆင့် ကျောင်းသား ကျောင်းသူ ကလေးသူငယ်များ ပညာသင်ကြားခွင့် အခွင့်အလမ်းများ ပြန်လည်ပွင့်လန်း လာပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 02, 2021

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေ့ရှိမှု၊ ဓာတ်ခွဲအတည်ပြု လူနာ တွေ့ရှိမှုနှုန်းနှင့် ပိုးတွေ့ ရာခိုင်နှုန်းများကို သုံးသပ်ဆန်းစစ်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ် (၄၆) မြို့နယ် မှအပ ကျန်မြို့နယ်များအားလုံးမှ အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံပညာကျောင်းများ (ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအပါအဝင်) အား ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ယနေ့တွင် တည်ငြိမ်အေးချမ်းစွာ တစ်ပြိုင်တည်း ပြန်လည်ဖွင့်လှစ် သင်ကြားပေး လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 02, 2021

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ နဝမအစည်းအဝေးကို ၁၃၈၃ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် (၂၊၃၊၄၊၅၊၆၊၇)ရက်၊ (၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၀၊ ၂၁၊ ၂၂၊ ၂၃၊ ၂၄၊ ၂၅ ရက်)၊ စနေ၊ တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့တို့တွင် အကြိုညှိနှိုင်းအစည်းအဝေးနှင့် ၊ ၁၃၈၃ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၈၊ ၉) ရက်၊ (၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၆၊ ၂၇ ရက်) သောကြာ၊ စနေနေ့တို့တွင် (၄၇)ပါးစုံညီ နဝမအစည်းအဝေးကြီးကျင်းပမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 02, 2021

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ Myanmar Royal Fortune ကုမ္ပဏီနှင့် Myanmar Royal Golden Elephant Medical Device ကုမ္ပဏီတို့က အနွေးထည် ၄၀၀၀ ကို ယနေ့နံနက်ပိုင်းတွင် လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 02, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ၊ ချင်းရွှေဟော်နှင့် မြဝတီကုန်သွယ်ရေးစခန်းနှစ်ခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ ငါးခုမှ ယာဉ်စီးရေ ခုနစ်စီးဖြင့် အောက်ဆီဂျင် (အရည်) Bowser နှစ်စီးဖြင့် တန် ၄၀ ၊ လုပ်ငန်းသုံးအောက်ဆီဂျင်စက် (Oxygen Generator တစ်ခု၊ အောက်ဆီဂျင်အိုးခွံ ၁၄၃၈ ခု၊ PPE ဝတ်စုံ ၆၃၆၀၀ နှင့် နှာခေါင်းစည်း ၃၂ တန်တို့ကို တင်သွင်းခဲ့ပြီး အောက်ဆီဂျင် (အရည်) Bowser ယာဉ်နှစ်စီးမှာ မြဝတီကုန်သွယ်ရေးဇုန်မှ ရန်ကုန်မြို့နှင့် မော်လမြိုင်မြို့တို့သို့ တစ်စီးစီဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 02, 2021

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင် သံကြား အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် Myanmar International-Channel (MITV) ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစည်းအဝေးသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 02, 2021

ယခုနှစ် မိုးရာသီကာလတစ်လျှောက် မြန်မာနိုင်ငံ ဒေသအနှံ့အပြား တို့တွင် မိုးကောင်းခဲ့သည်။ သို့ဖြစ်၍ နိုင်ငံတစ်ဝန်းတွင် တည်ရှိနေသည့် ရေလှောင်တမံနှင့် ရေကန်အများစုတို့တွင်စိုက်ပျိုးရေးအတွက် လိုအပ်ချက် ဖြစ်သော ရေပမာဏကို ယခင်နှစ်များကထက် ပိုမို သိုလှောင်ထားနိုင်နေပြီဖြစ်သည်။ မိမိတို့နိုင်ငံ၏ မိုးရာ သီကာလ မိုးရွာသွန်းမှုအခြေအနေများ ပုံမှန်အောက် လျော့နည်းခဲ့သည်မှာ ဆယ်စုနှစ်နှင့်ချီ၍ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ချိန်ခါမဟုတ် မိုးရွာသွန်းမှု၊ တစ်နေရာတည်းတွင် မိုးအလွန်ကြီးမှု၊ မိုးနည်းရေရှားရပ်ဝန်းအပါ အဝင် ဒေသအချို့၌ မိုးခေါင်ခြင်းနှင့် ရေရှားပါးပြတ်လပ်မှုတို့ကို နှစ်စဉ်လိုလို ကြုံတွေ့ခဲ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 01, 2021

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်၊ အထွေထွေအတွင်းရေးမှူးချုပ် Mr. Zurab Pololikashvili ၏ ဖိတ်ကြားချက်အရ Bruges, Flanders (Belgium)နိုင်ငံတွင် ကျင်းပသည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (UNWTO) မှ (၆) ကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ အစားအသောက်နှင့် စပ်လျဉ်းသည့် ခရီးသွားလုပ်ငန်းဖိုရမ် (“6th UNWTO World Forum on Gastronomy Tourism”) သို့ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ပါဝင်တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 01, 2021

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့(၁/၂၀၂၁) အစည်းအဝေး ကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်း မြေရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)ဘွဲ့နှင်းသိမ် ဓမ္မာရုံ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 01, 2021

သုတေသနလုပ်ငန်းများ နည်းပညာပြန့်ပွားရေးလုပ်ငန်းများ၊ ဥပဒေနှင့်အညီ ထိန်းကျောင်းကြပ်မတ်ခြင်းလုပ်ငန်းများကို မိမိတို့ဝန်ကြီးဌာနက ကြိုးပမ်းအားထုတ်ပေးသွားမည် ဖြစ်သကဲ့သို့ လာမည့်ကြံကြိတ်ဝါးရာသီတွင် သကြားစက်လုပ်ငန်း၏ ငွေကြေးလည်ပတ်မှု အဆင်ပြေ ချောမွေ့စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် မြို့လှသကြားစက်ရုံ၌ သကြားစက်လုပ်ငန်းရှင်များ ကြံစိုက်တောင်သူ များနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 01, 2021

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ကချင်ပြည်နယ်မှ ဘာသာရေးခေါင်းဆောင် များ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန(NSPC) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်