Apr 27, 2022
အမျိုးသားအဆင့် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးမှုဝါဒ မိတ်ဆက်ခြင်းနှင့် ဖြန့်ဝေခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကား ပြောကြားသည်။
Apr 27, 2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော် ဝတ္တုကံတော်အတွင်း တည်ဆောက်မည့် သာသနာ့ဗိမာန် အဂ္ဂါဓိပတိ ဝိသုံဂါမသိမ်တော် သီမာသမ္မုတိသိမ်သမုတ်ကံဆောင်ခြင်းနှင့် အောင်ပွဲမင်္ဂလာကုသိုလ်တော် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည်။
Apr 27, 2022
အနာဂတ်လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေးအတွက် စာသင်ကျောင်းများဖွင့်လှစ်၍ စာပေသင်ကြားပေးလျက်ရှိသည်ကို လိုလားမှုမရှိသည့် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများ အနေဖြင့် ပညာရေးဆိုင်ရာရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် လူငယ်၊ လူရွယ်များအား နိုင်ငံ့ဝန်ထမ်းပီသစွာ စာပေသင်ကြားပြသပေးလျက်ရှိသည့် ဆရာ၊ ဆရာမများအား အကြမ်းဖက်ခြိမ်းခြောက်ခြင်းများနှင့် လုပ်ကြံပစ်ခတ်သတ်ဖြတ်ခြင်းများအား ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိလာရပါသည်။
Apr 27, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ (၁၃)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲပြုလုပ်
Apr 27, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၃)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
Apr 27, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂ဝ၂၂ ခုနှစ်၊ ဧပြီလ (၂၂)ရက်နေ့တွင် ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် မိန့်ခွန်းတစ်ရပ်ကို ပြောကြားခဲ့ပါသည်။
Apr 27, 2022
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်ရွက်မှုများတွင် အဂတိလိုက်စားမှုများရှိသောကြောင့် ဥပဒေနှင့်အညီ လိုအပ်သလို စုံစမ်းစစ်ဆေး အရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။
Apr 27, 2022
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ အမရပူရခေတ် အမျိုးသား/ အမျိုးသမီး ဝတ်စားဆင်ယင်မှုပုံဖြင့် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၂၀၀ ကျပ်တန်) (၂)မျိုးအား ၂၀၂၂ ခုနှစ်၊ ဧပြီ (၂၉) ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တန်ခူးလကွယ်နေ့ (သောကြာနေ့)၊ နံနက် ၉ နာရီခွဲ မှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် ရောင်းချပေးသွား မည်ဖြစ်သည်။
Apr 27, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်း ချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါသည်။
Apr 27, 2022
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဓာတ်အားခွဲရုံများ တည်ဆောက်/ မောင်းနှင်/ ပြုပြင်ထိန်းသိမ်းခြင်း သင်တန်းအမှတ်စဉ် (၂)နှင့် အင်ဂျင်နီယာများစီမံခန့်ခွဲရေး သင်တန်းအမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ နေပြည်တော် ဗဟိုသင်တန်းကျောင်း၌ Covid- 19 ကာကွယ်ရေးနည်းစနစ်များနှင့်အညီ ကျင်းပသည်။
Apr 27, 2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ စီစဉ်မှုဖြင့် “လမ်းပေါ်နေကလေးများ လျော့နည်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးစီမံချက်” တွင် ပါဝင်ဆောင်ရွက်မည့် စေတနာ့ဝန်ထမ်း Volunteer များကို အသိပညာပေး သင်တန်းကို ဧပြီ ၂၅ ရက်မှ ၂၇ ရက်အထိ Online အစီအစဉ်ဖြင့် ဖွင့်လှစ်လျက်ရှိရာ ဧပြီ ၂၆ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးက စေတနာ့ဝန်ထမ်း Volunteer များကို Online ဖြင့်တွေ့ဆုံ၍ အမှာစကားပြောကြားသည်။
Apr 27, 2022
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း နှင့် ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် တို့သည် ဧပြီ (၂၅) ရက် မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်)သို့ ရောက်ရှိစစ်ဆေးသည်။
Apr 27, 2022
(၅၇) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့ကို ယနေ့တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။
Apr 27, 2022
ရခိုင်ပြည်နယ်၊ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် စုပေါင်းသန့်ရှင်း အမှိုက်ကောက် Campaign ကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်သည်။
Apr 27, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ဧပြီ ၂၄ ရက် နံနက်ပိုင်းတွင် ပုသိမ်ခရိုင် ငပုတောမြို့နယ်ရှိ ခွဲကျောက် အမာခံခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် ဇီးချိုင်-ကံချိုင်လမ်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ရေရှည်တည်တံ့ခိုင်မြဲရေး ပြင်ဆင်ထိန်းသိမ်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန် မှာကြားသည်။
Apr 27, 2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိရစ္ဆာန်ရောဂါ ရှာဖွေရေးဓာတ်ခွဲခန်း(ရန်ကုန်)၏ တိရစ္ဆာန်ကူးစက်ရောဂါများ စူးစမ်းရှာဖွေခြင်းနှင့် အတည်ပြုပေးခြင်းလုပ်ငန်းများ၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ ကျန်းမာရေးထောက်ခံချက်လက်မှတ် ထုတ်ပေးခြင်းလုပ်ငန်းများ၊ ရောဂါတုံ့ပြန်နိုင်မှု တိုင်းတာပေးခြင်း၊ ရောဂါစစ်ဆေးရန် ကွင်းဆင်းနမူနာကောက်ယူခြင်း၊ ရောဂါသုတေသနပြု ဆောင်ရွက်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး တိရစ္ဆာန်ကျန်းမာရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် လိုအပ်ချက်များနှင့် နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းအဆင့်(ISO/IEC 17025:2017)ရရှိရေးတို့ကို မှာကြားသည်။
Apr 27, 2022
ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၄)နှင့် အဆင့်မြင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၁၇) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ တွင် ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ကေတုမတီခန်းမ၌ ကျင်းပသည်။
Apr 27, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံတော် တာဝန်ယူသည့်ကာလ၌ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)နှင့် (မန္တလေး)တို့သည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာဂီတနှင့် အကဘာသာရပ်များကို သက်ဆိုင်ရာ တိုင်းရင်းသားကျွမ်းကျင်ပညာရှင်များဖြင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များ၌ သင်ကြားပို့ချနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိသည်။
Apr 27, 2022
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ကြီးမှူးကျင်းပသည့် သတင်းနှင့် သတင်းဆောင်းပါး ပြိုင်ပွဲတွင် သတင်းဆောင်းပါးဆုရရှိသူအား ဆုချီးမြှင့်သည့် အခမ်းအနားကို ရန်ကုန်မြို့ ဗိုလ်တ ထောင်မြို့နယ် ကုန်သည်လမ်းရှိ သတင်းမီဒီယာကောင်စီရုံး သင်တန်းခန်းမ၌ ဧပြီ ၂၆ ရက်က နံနက် ၁၀ နာရီက ကျင်းပရာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) နှင့် ကောင်စီဝင်များ၊ ဆုရရှိသူ သတင်းသမားတို့ တက်ရောက်ကြသည်။
Apr 27, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန် မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ် ရန်ကုန်-ပြည်လမ်းမပေါ်၌ တရားမဝင် ကျွန်းပရိဘောဂအပိုင်းအစနှင့် ကျွန်းတံခါးချပ်များ ၂ ဒသမ ၁၅၀၂ တန်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၄၅၀၆၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် မော်တော်ယာဉ်နှစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၅၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၅၆၄၅၀၆၀ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
