Skip to main content

အမရပူရခေတ် အမျိုးသား/ အမျိုးသမီး ဝတ်စားဆင်ယင်မှုပုံဖြင့် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် ထုတ်ဝေရောင်းချမည်

နေပြည်တော်  ဧပြီ  ၂၇

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊    မြန်မာ့စာတိုက်လုပ်ငန်းမှ အမရပူရခေတ် အမျိုးသား/ အမျိုးသမီး ဝတ်စားဆင်ယင်မှုပုံဖြင့် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၂၀၀ ကျပ်တန်) (၂)မျိုးအား ၂၀၂၂  ခုနှစ်၊ ဧပြီ (၂၉) ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တန်ခူးလကွယ်နေ့ (သောကြာနေ့)၊ နံနက် ၉ နာရီခွဲ မှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် ရောင်းချပေးသွား မည်ဖြစ်သည်။

အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ၂၀၂၂ ခုနှစ်၊ ဧပြီ (၂၉) ရက်၊ (သောကြာနေ့)တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)