Skip to main content

Jan 11, 2022

တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင် ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက် လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2022

လွိုင်လင်မြို့နယ်တွင် ငွေကျပ် ၁၇ ဒသမ ၃ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2022

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်အတွင်းရှိ တကောင်းနီကယ်စက်ရုံသို့ သွယ်တန်းထားသည့် လျှပ်စစ်တာဝါတိုင်များအား ဇန်နဝါရီ ၇ ရက်တွင် အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သည့် သတင်းအား ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2022

ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေး

ဆက်လက်ဖတ်ရှုရန်

Jan 11, 2022

ယခုအခါ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပြည်တွင်းခရီးသွားလာမှုများ များပြားလာသည်။ ပြည်သူများမှာ တစ်နှစ်တာ ပင်ပန်းနွမ်းနယ်သမျှ ခရီးသွားလာခြင်းဖြင့် အပန်းဖြေလေ့ရှိသည်။ ပြည်သူများ စိတ်နှလုံးချမ်းမြေ့လျှင် ပေါ့ပါးလန်းဆန်းကျန်းမာခြင်း သုခကိုရစေနိုင်သဖြင့် စိတ်နှလုံးချမ်းမြေ့စေသော ခရီးသွားလုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေးစည်းကမ်းများနှင့်အညီ မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2022

ကမ္ဘာတစ်ခွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း သန်း ၃၀၀ ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ ဗီဇပြောင်း ကိုဗစ်-၁၉ အိုမီခရွန် ကူးစက်မှုကြောင့် ကမ္ဘာ့နိုင်ငံအချို့တွင် နေ့စဉ်ကူးစက်ပျံ့နှံ့မှု စံချိန်တင် မြင့်မားလျက်ရှိရာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုနှင့် ၂ စပ်လျဉ်း၍ ပြည်တွင်း၌ ငြင်းခုံနေကြဆဲဖြစ်သော အမေရိကန်ပြည်ထောင်စုမှာ နေ့စဉ်ကူးစက်မှုနှင့် အပတ်စဉ်ကူးစက်မှု နှုန်းတို့ စံချိန်တင်လျက်ရှိသည်။ အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအများဆုံး နိုင်ငံဖြစ်ပြီး ဓာတ်ခွဲအတည်ပြုလူနာ ၆၁ သန်းကျော် တွေ့ရှိထားပြီး ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုအများဆုံး နိုင်ငံလည်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2022

(၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ အစိုးရအဖွဲ့ရုံး မြက်ခင်းပြင်၌ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးခင်ရီ၊ ဦးစောထွန်းအောင်မြင့်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အဖွဲ့ဝင်များ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2022

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ဦးနှောက်ကျေးရွာ၌ အစည်းအဝေး ပြုလုပ်ရန်စုဝေးနေသည့် PDF အမည်ခံ အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့တွင် သွားရောက်ဖမ်းဆီးခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများထံမှ အလောင်း ၅ လောင်း၊ လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2022

(၁၀-၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2022

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းက တောင်ကြီးမြို့နယ်၊ ပင်းပက်ဒေသရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ရာနှုန်းပြည့်မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံ မှုလုပ်ငန်းဖြစ်သော Shan Yoma Cement Co.,Ltd ၏ တစ်နေ့လျှင် တန် (၁၀၀၀)ကျ စက်ရုံတည်ဆောက်ပြီး ဘိလပ်မြေထုတ်လုပ်ခြင်း လုပ်ငန်းသို့သွားရောက်ကြည့်ရှုလေ့လာသည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2022

၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါပျံ့နှံ့မှုအား ကာကွယ်နိုင်ရန်အတွက် ပြည်ပ/ ပြည်တွင်း လိုက်နာရမည့် လုပ်ငန်းစဉ်များအား အပြည့်အဝ ချမှတ်ဆောင်ရွက်လျက်ရှိ သည်။ လတ်တလော ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဖြစ်ပွားနေသည့် အိုမီခရွန်ဗိုင်းရပ်စ်ဗီဇမျိုးကွဲ ကူးစက်ပျံ့နှံ့မှုအား ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက်ကျန်းမာရေးဝန်ကြီးဌာနမှ ၁၆-၁၂-၂၀၂၁ ရက်နေ့တွင် ထုတ်ပြန်ထားသော “အပြည်ပြည်ဆိုင်ရာ ဝင်/ထွက်ဂိတ်များနှင့် နယ်စပ်ဝင်/ ထွက်ဂိတ်များမှ မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသွားများအတွက် အသွားလာကန့်သတ်မှုနှင့် ဓါတ်ခွဲစမ်းသပ် စစ်ဆေးခြင်း ဆောင်ရွက်မည့်အစီအစဉ်နှင့်စပ်လျဉ်း၍ ထပ်မံဖြည့်စွက်ထား သည့် လုပ်ငန်းစဉ်” ကြေညာချက်ကို ယင်းနေ့၌ပင် ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြားသံရုံးများ၊ ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများသို့ ပေးပို့ထားပြီး ယင်းအတိုင်း လိုက်နာရန် အသိပေးပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2022

မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး၊ လက်ရှိဖြန့်ဖြူးလျက်ရှိသည့် ဓာတ်အားစနစ် တည်ငြိမ် တိုးတက်ကောင်းမွန်စေရေး၊ လျှပ်စစ်ဓာတ်အား လျော့နည်းပပျောက်မှု ကျဆင်းစေရေးတို့အတွက် ခရိုင်အဆင့်လျှပ်စစ်မန်နေဂျာ/ လျှပ်စစ် အင်ဂျင်နီယာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် မန္တလေး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2022

ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားရေးနှင့် လုပ်ငန်းခွင်ကျွမ်းကျင်မှုရှိစေရန် ရည်ရွယ်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ဝန်ထမ်းသစ်များ၏ လုပ်ငန်းခွင်ဝင် သင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀) နာရီတွင် နေပြည်တော်ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမ ဆောင်၌ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2022

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးမျိုးတင့်၊ ဦးမျိုးမောင်၊ ဦးကြည်သိန်း၊ ဒေါ်ခင်မေရီ တို့ ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရားလွှတ်တော် ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၁၃/၂၀၂၀ (ဧရာဝတီ)၊ ၂၂/၂၀၂၀ (ရန်ကုန်) နှင့် ၂၄/၂၀၂၀ (ပဲခူး)၊ စုစုပေါင်း တရားမအထူး အယူခံမှု (၃) မှုတို့ကို စီရင်ချက်ချမှတ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2022

ယနေ့ ၁၄:၁၅ ချိန်ခန့်တွင် ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သံလွင်လမ်း၊ ပြည်နယ်စည်ပင်ရုံးသို့ အမည်မသိအမျိုးသားနှစ်ဦးမှ ဆိုင်ကယ်ဖြင့် မိုင်းထောင်ရန်လာရောက်စဉ် ပြည်နယ်စည်ပင် ရုံးရှေ့၌ ရပ်နားထားသည့် ကယ်ရီနား၊ အနက်ရောင်ယဉ်၏ နောက်ပိုင်းအရောက်တွင် ၎င်းတို့ သယ်ဆောင်လာသည့် မိုင်းပေါက်ကွဲခဲ့သဖြင့် လာရောက်မိုင်းထောင်သူများမှာ ခန္ဓာကိုယ် အစိတ်အပိုင်းများ တစ်စစီဖြင့် သေဆုံးခဲ့ကြောင်း၊

ဆက်လက်ဖတ်ရှုရန်

Jan 10, 2022

လူမှုဖူလုံရေးအဖွဲ့က အာမခံအလုပ်သမားများ၏ အကျိုးခံစားခွင့်များကို ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ ထုတ်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2022

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၈ ရက် နံနက် ၁၀ နာရီတွင် မြိတ်မြို့ ကန်ကြီးရပ်ကွက် ကမ်းနားလမ်း၌ လမ်းလျှောက်လာသူ ယဉ်ဌေး ကို မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ၎င်းကိုင်ဆောင်လာသော ပလတ်စတစ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ နံနက် ၁၁ နာရီခွဲတွင် ရေပုန်း ရပ်ကွက် ဗန္ဓုလလမ်းရှိ ဟိုတယ် အခန်းအမှတ် (၁၀၄) သို့ဝင်ရောက် ရှာဖွေရာ သန်းထူးအောင် ကို ဖမ်းဆီးရမိခဲ့ကြောင်းနှင့် စစ်ဆေး ပေါ်ပေါက်ချက်အရ မွန်းလွဲ ၂ နာရီတွင် မြိတ်မြို့နယ် ကလွင်ကျေးရွာရှိ ထွန်းနိုင်၏ နေအိမ်သို့ ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀၀၀၀ နှင့် ဘိန်းစာမှုန့် ၂ ဒသမ ၇၂ ကီလို စုစုပေါင်းငွေကျပ် ၅၁၀၁ ဒသမ ၃၆ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2022

တပ်မတော် (ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2022

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်