Skip to main content

Jun 25, 2022

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဘာသာရေး ခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်း များအတွင်းရှိ ပြည်သူများ၊ အသက်(၅)နှစ်မှ (၁၂)နှစ်အထက် အခြေခံပညာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများ စသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက  ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 25, 2022

အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများ ကို လေကြောင်း၊ ဆိပ်ကမ်းနှင့် နယ်စပ်အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေး လျက်ရှိရာ ဇွန် ၂၄ ရက်၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကုမ္ပဏီလေးခုမှ Mumfer Tablet ၃၀၄၅ ခု၊ Medimox-CV 625 Tablet ၂၁၆၃ ခု၊ Panzol Tablet ၁၅၇၅၀ ၊ Relcer Gel ၁၂၉၅၇ ခု၊ Momate-S Ointment ၁၄၇၀ ၊ Adcarp Injection ၅၀၀ ၊ Adpaxil Injection ၁၇၀၀ ၊ ရန်ကုန်ဆိပ်ကမ်းများမှ ဆေးဝါး မျိုးစုံ ၄၃၆ မျိုး စုစုပေါင်း ၃၀၀၆၄ ဒသမ ၉၆ KG ၊ နယ်စပ် (ချင်းရွှေဟော်) တွင် ကုမ္ပဏီတစ်ခုမှ Hanma Disposable Syringe (3ml) ၆၀၀၀ ၊ Hanako Infsion Set ၈၀၄၀ တို့ကို ထုတ်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 25, 2022

ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ဇွန် ၂၃ ရက်မှ ၂၄ ရက် အထိ ကျင်းပသည့် အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့် လုပ်ငန်းအဖွဲ့အစည်းအဝေးသို့ မြန်မာနိုင်ငံ၏ အဆင့်မြင့်လုပ်ငန်းအဖွဲ့ဝင်၊ ရင်းနှီမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော် ပါဝင်တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 25, 2022

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်၊ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံ ဂီတအစည်းအရုံးတို့မှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ရှေးဟောင်းသမိုင်းဝင် ဝဇီရာရုပ်ရှင်ရုံအား ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 25, 2022

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လာမည့် နှစ်နှစ်၊ သုံးနှစ်အတွင်း တိုးတက် ကောင်းမွန်လာမည် ဆိုပါက လာမည့်ငါးနှစ်တာကာလခန့်အတွင်း မိမိတို့နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများလည်း တိုးတက်လာမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားထားသည်။ ယခုအခါ စိုက်ပျိုးထုတ်ကုန်များ အထွက်ကောင်းမွန်ရေးအတွက် နိုင်ငံတော်က ဓာတ်မြေသြဇာများ လုံလောက်စွာရရှိရေးကို နိုင်ငံတော်က ဖြည့်ဆည်းဆောင်ရွက်ပေးနေသည်။

ဆက်လက်ဖတ်ရှုရန်

Jun 25, 2022

ဒေသအနှံ့အပြားတွင် မိုးရွာသွန်းမှုများပြားလာသည်နှင့်အမျှ ခြင်များပေါက်ပွားမှုနှုန်း မြင့်မားလာပြီဖြစ်ရာ ခြင်ကြောင့် ဖြစ်ပွားသည့် ရောဂါဖြစ်သော သွေးလွန်တုပ်ကွေးရောဂါ ကိုလည်း သတိပြုကာကွယ်ကြရတော့မည်ဖြစ်သည်။ မိမိတို့နိုင်ငံသည် သွေးလွန်တုပ်ကွေး အဖြစ်များသည့် နိုင်ငံများထဲတွင်ပါဝင်ပြီး နှစ်စဉ်ရောဂါကူးစက်ဖြစ်ပွားမှုနှင့် လူသေဆုံးမှု တို့လည်းရှိခဲ့သည်။ ယခုနှစ်တွင်လည်း ဇန်နဝါရီလမှစ၍ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု တစ်စတစ်စ များပြားလာခဲ့ရာ ဇွန်၊ ဇူလိုင် မိုးလများတွင် ရောဂါဖြစ်ပွားမှု ပို၍မြင့်မား လာနိုင်ကြောင်း ကျန်းမာရေးပညာရှင်များက ပြောကြားထားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 24, 2022

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်ရည်ရွယ်၍ စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည်သူများနေထိုင်ရာ မြို့ရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 24, 2022

NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်များက အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ မိဘများအား အထိတ်တလန့် ဖြစ်စေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် စာသင်ကျောင်းများတွင် ဆန့်ကျင်ခြိမ်းခြောက်စာများ ရေးသားချိတ်ဆွဲ၍ ခြိမ်းခြောက်အကြမ်းဖက်ခြင်းများ၊ ပညာရေးအဆောက်အဦများအနီး ဗုံးဖောက်ခွဲခြင်းများ လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 24, 2022

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 24, 2022

တိုင်းရင်းသားလူမျိုးများစွာ မှီတင်းနေထိုင်လျက်ရှိသည့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ကြီးအတွက် အချင်းချင်းသွေးစည်းညီညွတ်မှုရှိမှသာ ပြည်ထောင်စုကြီး မပြိုကွဲဘဲ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲမည်ဆိုသည်ကို အတိတ်သမိုင်းမှ သင်ခန်းစာများ ရရှိခဲ့ပြီး ဖြစ်ပါသည်။ အနာဂတ်တွင်လည်း အလားတူ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ကျစ်လစ် ခိုင်မာသည့် ညီညွတ်သော စုပေါင်းအားကို ဆက်လက်ကြိုးပမ်း တည်ဆောက်သွားရမည်ဖြစ်ပါသည်။ နိုင်ငံရေးအရ သဘောထားကွဲလွဲမှု၊ တိုင်းရင်းသားအရေးအရ သဘောထားကွဲလွဲမှုများကြောင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့ရပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်ခဲ့ရပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 24, 2022

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) ဘက်စုံသုံးခန်းမဖွင့်ပွဲနှင့် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သန်လျင်မြို့နယ်ရှိ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 24, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 24, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၂၂ ရက်တွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ဦးစီးကျင်းပသည့် (၁၆) ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (16th ADMM) သို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများ၊ ကာကွယ်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများနှင့် အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ်တို့နှင့်အတူ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 24, 2022

နယ်စပ်ရေးရာဝန်ကြီးဌာန ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ဝန်ထမ်း သား၊ သမီးများနှင့် ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် ဝန်ထမ်း သား၊ သမီးများ ပညာသင် ထောက်ပံ့ကြေး ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 24, 2022

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမ၌ အင်ဒိုနီးရှားနိုင်ငံ၊ ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးတီထွင်ဆန်းသစ်မှုဆိုင်ရာဝန်ကြီးဌာနမှ Hybrid စနစ်ဖြင့် ဦးဆောင်ကျင်းပသော နိုင်ငံအဆင့် ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များအဖွဲ့ (National Tourism Professional Board-NTPB) နှင့် ခရီးသွားလုပ်ငန်းကျွမ်းကျင်ပညာရှင်များ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရေးအဖွဲ့ (Tourism Professioanl Certification Board-TPCB) ဆိုင်ရာ ​ဒေသတွင်း အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 24, 2022

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန တစ်ဘက်ပိတ်ဆည်အနီး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 24, 2022

ဝင်ငွေနည်းပြည်သူများနေထိုင်ရေး အဆင်ပြေစေရန်၊ ဆောက်လုပ်ရေးကဏ္ဍမှတစ်ဆင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန်နှင့် တည်ဆောက်ရေး လုပ်ငန်းများ အရည်အသွေး၊ စံချိန်ပြည့်မီစွာဖြင့် သတ်မှတ်အချိန်မီပြီးစီးနိုင်ရန် ရည်ရွယ်၍ ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေးစီမံကိန်း ဦးစီးကော်မတီ၏ (၁၂) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 24, 2022

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန မူပိုင်ခွင့်ဦးစီးဌာန ရုံးဆောက်လုပ်မည့် မြေနေရာအနီး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 24, 2022

နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနတို့၏ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန ရုံးအမှတ် (၉)၊ (၃) ထပ်ဆောင် အနောက်ဘက်နှင့် ငလိုက်ချောင်းဘေးမြေ ကွက်လပ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်