Skip to main content

Jun 14, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန (ရုံးချုပ်) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးကို ယင်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 14, 2025

နိုင်ငံတစ်နိုင်ငံတွင် ပြဋ္ဌာန်းထားသော ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများသည် ဂုဏ်သိက္ခာရှိသော နိုင်ငံဖြစ်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ပြဋ္ဌာန်း ထားခြင်းဖြစ်သည်။ နိုင်ငံတော်နှင့် အများပြည်သူအကျိုးစီးပွားအတွက် ပြဋ္ဌာန်းထားသော ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို နိုင်ငံသားအားလုံးက လေးစားလိုက်နာကြရသည်။ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာရန်အတွက် ဥပဒေဆိုင်ရာအကြောင်းအရာများကို သိရှိထားရန်လိုအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 14, 2025

ကလေးဆိုသည်မှာ သင်ယူနေရမည့်အရွယ်ဖြစ်သည်။ ငွေရှာနေရမည့်အရွယ်မဟုတ်။ သို့ဆိုစေကာမူ ကျောင်းနေရမည့်အရွယ်တွင် ကျောင်းမနေနိုင်ဘဲ ဝင်ငွေရရှိရေးအတွက် အလုပ်လုပ်ကိုင်နေ ကြရသည့် ကလေးများစွာ ကမ္ဘာတစ်ဝန်းတွင်ရော၊ မြန်မာနိုင်ငံတွင်ပါ ရှိနေသည်။ ကလေးအလုပ်သမား လျော့နည်းကျဆင်းရေး ကမ္ဘာတစ်ခွင် ကြိုးပမ်းဆောင်ရွက်မှုများသည် ခရစ်နှစ် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ဆယ်စုနှစ် နှစ်ခုခန့် မှန်မှန်တိုးတက်ခဲ့သော်လည်း လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း ပဋိပက္ခများ၊ အကျပ်အတည်းများနှင့် ကိုဗစ်-၁၉ ကပ်ရောဂါတို့ကြောင့် မိသားစုများ ပိုမိုဆင်းရဲနွမ်းပါးခဲ့ကြရခြင်းက ကမ္ဘာတစ်ဝန်းလုံးမှ ကလေးငယ် သန်းပေါင်းများစွာကို ကလေးအလုပ်သမားဘဝသို့ ကျရောက်သွားစေခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 13, 2025

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို၊ ကော့ဘော်ကျေးရွာအတွင်းသို့ KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီးဖြင့် အကြောင်းမဲ့ လာရောက်ပစ်ခတ်ခဲ့မှုကြောင့် အသက် ၄ နှစ် နှင့် ၉ နှစ်အရွယ် ကလေးငယ် ၂ ဦးအပါအဝင် ၆ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 13, 2025

ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနအတွက် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်၊  သာမန်အသုံး စရိတ်ဖြင့် စက္ကူနှင့်ပုံနှိပ်ရေးပစ္စည်းများ ဝယ်ယူရန် ပြည်တွင်း/ပြည်ပ ပစ္စည်းများဝယ်ယူရေးနှင့် ထုခွဲ ရောင်းချရေးကော်မတီမှ (၁၁-၆-၂၀၂၅)ရက်နေ့၊ မွန်းလွဲ(၁၄:၀၀)နာရီ အချိန်တွင် စိစစ်ခဲ့သည့် ဈေးနှုန်းများအနက် အနည်းဆုံးပေးသွင်းသည့် အောက်ပါကုမ္ပဏီများမှ ယှဉ်တွဲပါဈေးနှုန်း၊ အရေအတွက်တို့ဖြင့် တင်ဒါအောင်မြင်ကြောင်းကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီ၏  ဆုံးဖြတ်ချက်အရ ကြေညာအပ်ပါသည် -

ဆက်လက်ဖတ်ရှုရန်

Jun 13, 2025

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာနှစ်အတွက် လိုအပ်သည့် စက်အရန်ပစ္စည်းများနှင့် ရုံးလုပ်ငန်းသုံး ပစ္စည်းများဝယ်ယူရန် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီက ၁၁ - ၆ -၂၀၂၅ ရက်နေ့တွင် ဈေးနှုန်းစိစစ်ရေးအစည်းအဝေးကျင်းပခဲ့ပြီး ဌာနမှ လိုအပ်သည့် စံချိန်စံညွှန်းကိုက်ညီပြီး ဈေးအနည်းဆုံး တင်ဒါတင်သွင်းသည့် အောက်ဖော်ပြပါကုမ္ပဏီများမှ တင်ဒါအောင်မြင်ခဲ့ပါသည် -

ဆက်လက်ဖတ်ရှုရန်

Jun 13, 2025

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ ၂ဝ၂၅-၂၀၂၆ ခု၊ ဘဏ္ဍာနှစ်တွင် ပုံနှိပ်မင်၊ ပလိတ်နှင့် ပုံနှိပ်လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းများ ဝယ်ယူရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီက ၁၁ - ၆ - ၂၀၂၅ ရက်နေ့တွင် ဈေးနှုန်းစိစစ်ရေး အစည်းအဝေးကျင်းပခဲ့ပြီး ဌာနမှ လိုအပ်သည့် စံချိန်စံညွှန်းကိုက်ညီပြီး ဈေးအနည်းဆုံး တင်ဒါတင်သွင်းသည့် အောက်ဖော်ပြပါကုမ္ပဏီများမှ တင်ဒါအောင်မြင်ခဲ့ပါသည် -

ဆက်လက်ဖတ်ရှုရန်

Jun 13, 2025

တင်ဒါအောင်မြင်ကြောင်းကြေညာခြင်း

ဆက်လက်ဖတ်ရှုရန်

Jun 13, 2025

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Jun 13, 2025

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးနှင့် စာရေးကိရိယာများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရာထမ်းများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံးများမှ အရာထမ်း၊ အမှုထမ်းများနှင့် ကျောင်းသား ကျောင်းသူများက အွန်လိုင်းဖြင့် တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 13, 2025

ငလျင်ဒဏ်သင့်အဆောက်အအုံများ ပြုပြင်တည်ဆောက်ခြင်းနှင့်ပတ်သက်၍ မြေပြင်လက်တွေ့အသုံးချနိုင်ရေး နည်းပညာဆိုင်ရာ (Knowledge Sharing) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီက နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁၁) စုဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 13, 2025

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်သည် မွန်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မွန်ပြည်နယ် အားကစားဥယျာဉ်အတွင်းရှိ တည်ဆောက်လျက်ရှိသော ဘက်စုံသုံးမိုးလုံလေလုံအားကစားခန်းမကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 13, 2025

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးတို့သည် ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ တာမွေမြို့နယ် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ နပန်းအားကစားရုံနှင့် ပဏာမလက်ရွေးစင်အားကစားသမားများထားရှိရာ လေးထပ်အိပ်ဆောင်ရှိ စားရိပ်သာ၊ ချက်ပြုတ်ဆောင်၊ စတိုခန်းတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 13, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့တွင် အိန္ဒိယသမ္မတနိုင်ငံ အမီဒါဘတ်မြို့အနီး၌ အိန္ဒိယလေကြောင်း AI-171 ပျက်ကျခဲ့မှုကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရမှုများအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာကို အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ ထံသို့ ပေးပို့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 13, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့တွင် အိန္ဒိယသမ္မတနိုင်ငံ အမီဒါဘတ်မြို့အနီး၌ အိန္ဒိယလေကြောင်း AI-171 ပျက်ကျခဲ့မှုကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရမှုများအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာကို အိန္ဒိယသမ္မတ နိုင်ငံသမ္မတ ရှရီမတီ ဒရောပါဒီ မာမူထံသို့ ပေးပို့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 13, 2025

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း

ဆက်လက်ဖတ်ရှုရန်

Jun 13, 2025

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၁၀ ရက်နံနက်ပိုင်းက တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ) ကျေးရွာအုပ်စု ဆွတ်ဆိုင်ကျေးရွာအနီး ဦးထွန်းအောင်တံတားတွင် သတင်းအရစောင့်ဆိုင်းနေစဉ် အိုက်ရှဲန်ဖူးမောင်းနှင်လာသော TOYOTA CROWN မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ အိုက်စ် (မက်သ်အဖက်တမင်း) ၆၀ ကီလို (တစ်ကီလိုလျှင် ငွေကျပ်သိန်း ၈၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၄၈၀၀)ဖမ်းဆီးရမိသဖြင့် အိုက်ရှဲန်ဖူး(၃၈)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 13, 2025

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 13, 2025

မြန်မာနိုင်ငံ၏ အာဆီယံပထဝီစီးပွားရေးလုပ်ငန်းအဖွဲ့ခေါင်းဆောင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ဇွန် ၁၁ ရက်က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် ဒုတိယအကြိမ် အာဆီယံပထဝီစီးပွားရေးလုပ်ငန်းအဖွဲ့အစည်းအဝေး (2nd Meeting of ASEAN Geoeconomics Task Force) သို့ တက်ရောက်ဆွေးနွေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 13, 2025

ထိရောက်သည့် အခွန်စနစ်ဖြစ်ပေါ်စေရေးအတွက် ဆောင်ရွက်မည့်အစီအမံများနှင့်စပ်လျဉ်း၍ စီမံချက်ရေးဆွဲပြုစုတင်ပြရေးအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနရုံးအမှတ် (၃၂) အစည်းအဝေးခန်းမ၌ကျင်းပရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်၊ နေပြည်တော်ကောင်စီဝင်၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ စီးပွားရေးရာဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်