Oct 06, 2022
KG+12 သင်ရိုးညွှန်းတမ်းနှင့် တက္ကသိုလ် သင်ရိုးညွှန်းတမ်းများ ချိတ်ဆက်ရေးဆွဲရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
Oct 06, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုက်ရေယာဉ်(၁၁၆)မှ စစ်ဆေးရေးအဖွဲ့က
Oct 06, 2022
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၃ ရက် ညနေ ၃ နာရီခွဲတွင် မြိတ်မြို့ မြိတ်တောင်ရပ်ကွက် ပိတောက် လမ်းနေ အောင်စန်း ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၅ နာရီတွင် မြိတ်မြို့ မြိတ်တောင်ရပ်ကွက် မြဝတ်ရည်(၂)လမ်းနေ စိုးသူရ(ခ) ရထား(ခ) ကွမ်းပုံး၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀၀ ကိုလည်းကောင်း။
Oct 06, 2022
နိုင်ငံတော်အကျိုး၊ ပြည်သူများ၏အကျိုးကို အဓိကရည်ရွယ်လျက် Sustainable Hydropower များကို ဌာနရှိဝန်ထမ်းများ၏ အကောင်းဆုံးစွမ်းရည်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရေအားလျှပ်စစ် တည်ဆောက်ရေးဆိုင်ရာ ရေလှောင်တမံ၊ ရေလွှဲဆည်၊ ရေပိုလွှဲ၊ လက်တံမြောင်း၊ အဆောက်အဦများသည် ခေတ်မီဒီဇိုင်းဖြစ်စေကာ အရည်အသွေးပြည့်မီ၍ လုံခြုံစိတ်ချရမှုရှိရန်နှင့် လုပ်ငန်းခွင်သုံးပစ္စည်းများအား နိုင်ငံတကာ စံချိန်စံညွှန်းနှင့် ကိုက်ညီမှု ရှိ/မရှိ စမ်းသပ်စစ်ဆေးရမည်ဖြစ်ကြောင်း၊ လက်ရှိတာဝန်ခံများက မျိုးဆက်သစ် ဝန်ထမ်းငယ်များအား လက်ဆင့်ကမ်း လေ့ကျင့်ပျိုးထောင်သွားရန် လိုအပ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျက ပြောကြားသည်။
Oct 06, 2022
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
Oct 06, 2022
ဘယ်လာရုစ်နိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးလွင်ဦးသည် ၎င်း၏ခန့်အပ်လွှာကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့လွတ်လပ်ရေးနန်းတော်၌ ဘယ်လာရုစ်နိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒား ဂရီဂိုရီဗစ်ချ် လူကာရှန်ကိုထံသို့ ပေးအပ်ခဲ့ပြီး ဖြစ်သည်။
Oct 06, 2022
ကျောက်ကြီးတပ်နယ်၊ နယ်မြေခံတပ်ရင်းမှ ဗိုလ်မှူး မျိုးမင်းထွန်းသည် ရှေ့တန်းစစ်ဆင်ရေး တာဝန်ထမ်းဆောင်နေစဉ် အကြောင်းအမျိုးမျိုးကြောင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်တွင် တာဝန်ကျရာစခန်းမှ အကြောင်းမဲ့လက်နက်မဲ့ ခွင့်မဲ့ပျက်ကွက်ခဲ့သည်။ ခွင့်မဲ့ပျက်ကွက်ပြီးနောက် မတ် ၂၀ ရက်မှစတင်၍ NUG ၊ CRPH အကြမ်းဖက်အဖွဲ့၏ စေခိုင်းချက်အရ တပ်မတော်ဆိုင်ရာကိစ္စရပ်များနှင့် တပ်တွင်းစည်းလုံးမှုပျက်ပြားစေနိုင်သော အကြောင်းအရာများကို လုပ်ကြံဖန်တီးထားသည့် ပြောဆိုချက်များအား လူမှုကွန်ရက်များတွင် ထုတ်လွှင့်ခဲ့သည်။
Oct 06, 2022
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဒေသတွင်း စားနပ်ရိပ်က္ခာဖူလုံရေး၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားသောက်ရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ တိုင်းစစ်ဌာနချုပ်နယ်မြေများရှိ မြို့နယ်အသီးသီး၌ နယ်မြေခံတပ်မတော်သားများက တန်ဖိုးသင့်ထမင်းဟင်းများ၊ ဟင်းသီးဟင်းရွက်များနှင့် တပ်မတော်စက်ရုံထုတ် အသား၊ ငါးဘူးများနှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိသည်။
Oct 06, 2022
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ကွပ်ကဲမှုအောက်ရှိ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များ၏ တက္ကသိုလ်အကြံပေးအဖွဲ့နှင့် တက္ကသိုလ်ပညာရပ်အဖွဲ့များ လေ့ကျင့်သင်ကြားရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ရုံး၌ ကျင်းပသည်။
Oct 06, 2022
လာမည့်ရွေးကောက်ပွဲကို စနစ်တကျရှိပြီး အများယုံကြည်လက်ခံသော လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်အောင် အဘက်ဘက်မှ ကြိုတင်မျှော်တွေး စဉ်းစားဆောင်ရွက်ကြရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ကော်မရှင်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် ရွေးကောက်ပွဲအရာရှိများကို မှာကြားသည်။
Oct 06, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့်အတူ ယနေ့ နံနက် ၁၀ နာရီခွဲတွင် စစ်ကိုင်းမြို့ တင်းတိပ်ရပ်ကွက်၊ တင်းတိပ်ကွင်းတွင်တည်ရှိသည့် “ပြည်ကျော်အောင်ဌေး” သဘာဝမြေသြဇာစက်ရုံ ရှင်းလင်းဆောင်၌ ကျင်းပသော သဘာဝမြေသြဇာစက်ရုံ တည်ဆောက်ခြင်းနှင့် နွား/ ဆိတ်/ ကြက်/ ငါး မွေးမြူရေး ဆိုင်ရာလုပ်ငန်းများ ရှင်းလင်းတင်ပြခြင်းအခမ်းအနားသို့ တက်ရောက်သည်။
Oct 06, 2022
ရွှေစင်တုံးနှင့် ရွှေစင်ခဲ သုံးပိဿာစီကို ဈေးပြိုင်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချသွားမည်
Oct 06, 2022
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကား ဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Oct 06, 2022
မြန်မာနိုင်ငံတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME စီးပွားရေး လုပ်ငန်းများကို အဓိကအားပြုလျက်ရှိပြီး နိုင်ငံစီးပွားရေး၏ ၉၀ ရာခိုင်နှုန်းသည် MSME လုပ်ငန်းများ ဖြစ်သည်။ MSME လုပ်ငန်းများသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အဓိကကျသည့် စီးပွားရေး မောင်းနှင်အားတစ်ခုဖြစ်သည်။ ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် MSME လုပ်ငန်းများကို ရာခိုင်နှုန်းများစွာ ဆောင်ရွက်နေသည်ကို တွေ့ရသည်။
Oct 06, 2022
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၅၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ တင်သွင်းခဲ့သော မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ ချို့ယွင်းချက်များပါရှိနေသည့် အစီရင်ခံစာများ၊ တင်ပြချက်များနှင့် နိုင်ငံအချို့၏ စွက်ဖက်ပြောကြားချက်များကို မြန်မာနိုင်ငံက ရှုတ်ချပြီး ပြတ်သားစွာ ကန့်ကွက်ပယ်ချလိုက်သည်။
Oct 05, 2022
အမျိုးသားမြေအသုံးချမှုကောင်စီ တတိယအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အင်ကြင်းခန်းမ၌ ကျင်းပရာ အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
Oct 05, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ပြည်တပ်နယ်နှင့် ပန်းတောင်းတပ်နယ်တို့မှ အရာရှိ၊ စစ်သည်မိသားစုဝင်များအား ပြည်တပ်နယ်ရှိနဝဒေးခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။
Oct 05, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့် ဇနီးများ၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၏ အရှေ့တောင်ဘက် ၅ မိုင်ခန့်အကွာရှိ ပျူမြို့ဟောင်းများအနက် အကြီးဆုံးဖြစ်သည့် သရေခေတ္တရာမြို့ဟောင်း ကမ္ဘာ့အမွေအနှစ်ဒေသသို့ သွားရောက်၍ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းထားရှိမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
Oct 05, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
Oct 05, 2022
၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာနရှိ ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ဦးစွာ နေပြည်တော် အမှတ်(၂၂)၊ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမများက “မြတ်ဆရာ” သီချင်းဖြင့် ဖျော်ဖြေကြသည်။
