Nov 14, 2022
ယနေ့ကျင်းပသည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲသည် နိုင်ငံတော် ကချမှတ်ထားသည့် “တစ်မျိုးသားလုံးကျန်းမာ ကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး” ဟူသည့် လူမှုရေးဦးတည်ချက်ပါ ပြဋ္ဌာန်းချက်ကို တပ်မတော်အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းလည်းဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် တပ်မတော်အပိုင်းရှိ တာဝန်ရှိသူများက လိုအပ်သည့်ဖြည့်ဆည်းမှုများကို စီမံဆောင်ရွက်ပေးသွားမည် ဖြစ်သကဲ့သို့ တပ်မတော်သား အားကစားသမားများအနေဖြင့်လည်း နိုင်ငံတော်နှင့်တပ်မတော်အတွက် အားကစားသမားကောင်းစိတ်ဓာတ်အပြင် အဖွဲ့အစည်းအချင်းချင်း စည်းလုံးညီညွတ်စွာ ပေါင်းစည်းဆောင်ရွက်တတ်ခြင်း စိတ်ဓာတ်များကို မွေးမြူသွားရမည်ဖြစ်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ကျင်းပပြုလုပ်သည့် ၂၀၂၂ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား၌ အဖွင့်မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။
Nov 14, 2022
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးအောင်ဇော်သိန်း၊ ဦးမျိုးမောင်၊ ဦးတင်ဟုန်၊ ဦးသိန်းကိုကို တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှု အမှတ် ၃/၂၀၂၂(ဧရာဝတီ)၊ ၄/၂၀၂၂(ရန်ကုန်)၊ ၅/၂၀၂၂ (ရန်ကုန်)၊ ၆/၂၀၂၂ (ရန်ကုန်) စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၄) မှုနှင့် တရားမအထူးအယူခံမှုအမှတ် ၁၀/၂၀၂၀ (မန္တလေး)၊ ၄/၂၀၂၂ (ရခိုင်)၊ ၂၅/၂၀၂၂ (ရန်ကုန်)၊ ၂၈/၂၀၂၂ (မန္တလေး)၊ ၂၉/၂၀၂၂ (မန္တလေး) စုစုပေါင်း တရားမ အထူးအယူခံမှု (၅) မှုတို့ကို စီရင်ချက်ချမှတ်သည်။
Nov 14, 2022
တပ်မတော်(ကြည်း/ရေ/လေ) ဘောလုံးပြိုင်ပွဲ ပထမအကြိုဗိုလ်လုပွဲ တိုက်ရိုက်ထုတ်လွှင့်မည်
Nov 14, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့သို့ရောက်ရှိပြီး ထားဝယ်မြို့မှ မြိတ်မြို့သို့သွားသည့် ဘုရားကြီး-မော်လမြိုင်-ထားဝယ်-မြိတ်- ဘုတ်ပြင်း- ကော့သောင်းလမ်း (သရက်ချောင်းနှင့် ထားဝယ်)လမ်းပိုင်းကို ကြည့်ရှုစစ်ဆေးသည်။
Nov 14, 2022
ကိုရီးယားသမ္မတနိုင်ငံ အင်ဒုံမြို့တော်ဝန်၏ ဖိတ်ကြားချက်အရ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကိုရီးယားသမ္မတနိုင်ငံ အင်ဒုံမြို့ အင်ဒုံအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန၌ နိုဝင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိကျင်းပမည့် (၁၈) ကြိမ်မြောက် ကမ္ဘာ့သမိုင်းဝင်မြို့တော်များညီလာခံ (18th World Conference of Historical Cities) သို့ တက်ရောက်ရန် ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့မှ ကိုရီးယားသမ္မတနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာရာ ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေနှင့် ကော်မတီဝင်များက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
Nov 14, 2022
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၂ ရက် နံနက် ၉ နာရီခွဲတွင် ကျိုက်ထိုမြို့နယ် လက်ပြကျေးရွာအနီးတွင် အောင်သန့်ဇင် (ခ) အောင်ကို မောင်းနှင်ပြီး ဝေနိုင်ထူးနှင့် မအိစန္ဒာအောင် (ခ) အိအိတို့ လိုက်ပါလာသည့် Isuzu အမျိုး အစား ၁၂ ဘီး မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ အမိုနီယမ်နိုက်ထရိတ် ၁၃၂၆၆ ကီလို၊ မြန်မာငွေကျပ် ၆ ဒသမ ၅ သိန်းကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြောက်ဥက္ကလာပမြို့နယ် ည- ရပ်ကွက် သုနန္ဒာလမ်းနှင့် ဘုမ္မာလမ်းထောင့်တွင် နေငြိမ်းဇော်(ခ) ဘုမောင်နှင့် မောင်မောင်ဦး(ခ)မောင်မောင်တို့ နှစ်ဦးအားမသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ ကိုလည်းကောင်း။
Nov 14, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၁၀ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ (၁၆)မိုင်ကျောက်ချောစစ်ဆေးရေးစခန်း၌
Nov 14, 2022
လူဖြစ်ပါက အသက်မွေးဝမ်းကျောင်းပညာကို တတ်ကျွမ်းရမည်ဖြစ်ပါကြောင်း၊ အသက်မွေးဝမ်းကျောင်း ပညာဟုဆိုရာတွင် သမာအာဇီဝကျကျ ဖြစ်ရမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမအလုပ်သည် အနန္တောအနန္တငါးပါးတွင် ပါဝင်သည့် မွန်မြတ်သော အလုပ်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများသည် ဂုဏ်သိက္ခာအရမြင့်မားပြီး ဂုဏ်ယူဖွယ်ကောင်းသူများ ဖြစ်သည့်အတွက် မိမိတို့ တပည့်များ၏ဘဝကို ကောင်းမွန်သည့် အနာဂတ်များ ပိုင်ဆိုင်နိုင်စေရန် ဖန်တီးပေးရမည် ဖြစ်ပါကြောင်း ဒုတိယဝန်ကြီး ဦးဇော်ဝင်းက ပြောကြားသည်။
Nov 14, 2022
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေရှိ အကြီးစားပြင်ဆင်မွမ်းမံ ဆောင်ရွက်နေသော မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် အရည်အသွေးစံမီသော သတ်မှတ်ပစ္စည်းများ သုံးစွဲရေးတို့ကို တာဝန်ရှိသူများအား မှာကြားကာ ဓာတ်လှေကားအသစ် တပ်ဆင်ပြီးစီးမှုနှင့် လေအေးပေးစက်များ အသစ်လဲလှယ်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးသည်။
Nov 14, 2022
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရမည့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မဲပေးနိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ မဲစာရင်းတွင်ပါရှိရေး၊ မဲဆန္ဒရှင်ပြည်သူများ ဥပဒေနှင့်အညီ လွတ်လပ်စွာ မဲပေးခွင့်ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိသည်။
Nov 14, 2022
ကုန်ကျစရိတ်သက်သာစွာဖြင့် သီးထပ်သီးနှံများကို ရာသီအချိန်မီ စိုက်ပျိုးနိုင်မှသာ တစ်ဧကချင်း၏ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်လာပြီး တောင်သူများ ဝင်ငွေပိုမိုရရှိစေမည်ဖြစ်ကြောင်း၊ ထယ်ရေးမလိုသော မျိုးစေ့ချကိရိယာအသုံးပြုခြင်းဖြင့် ထွန်စက်ကြီးအသုံးပြုမှုမှ ကြုံတွေ့ရမည့် မြေသိပ်သည်းမှုကို ဖြေလျှော့နိုင်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားသည်။
Nov 14, 2022
အိန္ဒိယသမ္မတနိုင်ငံ ကုန်သည်များအသင်း (Indian Chamber of Commerce–ICC) ၏ ဖိတ်ကြားချက်အရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် နိုဝင်ဘာ ၁၁ ရက်က အိန္ဒိယသမ္မတနိုင်ငံ ကို့လ်ကတ္တားမြို့ ITC Sonar Hotel တွင် ကျင်းပပြုလုပ်ခဲ့သည့် “အိန္ဒိယကုန်သည်ကြီးများအသင်း နှစ်ပတ်လည် စုံညီအစည်းအဝေး” သို့ ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့သည်။
Nov 14, 2022
မြစိမ်းရောင်စီမံကိန်းများသည် ဒေသဖွံ့ဖြိုးရေးအတွက် လက်တွေ့အကျိုးဖြစ်ထွန်းသည်ကို တွေ့ရှိရကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအတွက်လည်း မြစိမ်းရောင်စီမံကိန်းဖြင့် ဆောင်ရွက်နိုင်ရန် အရင်းမပျောက်မတည်ငွေများ ထုတ်ပေးထားရှိပါကြောင်း၊ ဒေသအလိုက် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆောင်ရွက်ပေးခြင်းဖြစ်၍ သက်ဆိုင်သူအားလုံးက ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ယနေ့နံနက်ပိုင်းက ကျိုင်းတုံမြို့ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ခေမရဌ်ဧည့်ရိပ်သာတွင် ပြည်နယ်နှင့် ခရိုင်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။
Nov 14, 2022
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် တိုင်းဒေသကြီး/ပြည်နယ် မြို့တောင်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Nov 14, 2022
မြန်မာနိုင်ငံတွင် ရန်ကုန်၊ မန္တလေးတက္ကသိုလ်များအပါအဝင် နိုင်ငံတစ်ဝန်း၌ ပညာရေးဝန်ကြီးဌာနအောက်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ၇၅ ကျောင်းနှင့် ဝန်ကြီးဌာန ၁၁ ခု၏ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ကျောင်းများအပါ ၁၇၅ ကျောင်း ဖွင့်လှစ်သင်ကြားလျက်ရှိသည်။ နေပြည်တော်တွင် သစ်တောတက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးနှင့်ကုသရေးတက္ကသိုလ်တို့ ဖွင့်လှစ်ထားသည်။ မကြာသေးမီက နေပြည်တော်တွင် Naypyitaw State Academy ကို ဖွင့်လှစ်ပေးခဲ့ပြီး ယခုအခါ နည်းပညာတက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်ခဲ့သည့် နေပြည်တော်နည်းပညာတက္ကသိုလ်ကို ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ရာ နေပြည်တော်သည် ပညာရေးမြို့တော်အဖြစ် ပုံပေါ်လာပြီဖြစ်သည်။
Nov 14, 2022
၁၉၂၀ ပြည့်နှစ် ကောလိပ်သပိတ်သည် သူ့ကျွန်ဘဝကျရောက်နေစဉ်ကာလ နယ်ချဲ့ဗြိတိသျှအစိုးရ၏ ဩဇာအာဏာကို ပထမဆုံးဆန့်ကျင်တော်လှန်ခြင်းဖြစ်သည်။ အမျိုးသားရေးစိတ်ဓာတ် စတင်နိုးကြားတက်ကြွခဲ့ခြင်းဖြစ်ပြီး နောင်တွင်ဆက်လက်ဖြစ်ပေါ်လာမည့် တောင်သူလယ်သမား အရေး တော်ပုံ၊ ၁၉၃၆ ခုနှစ် တက္ကသိုလ်သပိတ်၊ ၁၃၀၀ ပြည့်နှစ် အရေးတော်ပုံ စသည့် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲများ၏ ကနဦးအစလည်းဖြစ်သည်။
Nov 13, 2022
(၃၀)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ (AARM-30)ကို နိုဝင်ဘာ ၄ ရက်မှ ၁၁ ရက်ထိ ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းမှလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
Nov 13, 2022
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
