Skip to main content

Nov 15, 2022

အာဆီယံစီးပွားရေး အသိုက်အဝန်း ၂၀၂၅ (ASEAN Economic Community 2025- AEC 2025) လုပ်ငန်းစီမံချက်ပါ လုပ်ငန်းကော်မတီ သုံးခုနှင့်စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Online + Offline ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2022

ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်ပြီး အရည်အချင်း ပြည့်ဝစေရန်နှင့် ရုံးလုပ်ငန်းများ ပိုမိုကျွမ်းကျင်စွာ တတ်မြောက်စေရန်ရည်ရွယ်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန လူငယ်ရေးရာဦးစီးဌာန ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း အမှတ်စဉ် (၂/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2022

ပြည်သူများ လျှပ်စစ်အန္တရာယ်ကြောင့် အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးမှုမရှိစေရန်၊ လျှပ်စစ်အား အကျိုးရှိထိရောက်စွာ အသုံးပြုတတ်စေရန်၊ လျှပ်စစ်ကြောင့် ဓာတ်လိုက်မှုဖြစ်စဉ်များ လျော့နည်းသွားစေရန်၊ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိ၍ ဝင်ငွေတိုးတက်လာပြီး လူနေမှုအဆင့်အတန်းများ မြင့်မားလာစေရန်၊ ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်စေရန်တို့အတွက် စက်မှုဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ကျွမ်းကျင်မှုသင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2022

ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း (ဗဟို) ကြီးကြပ်ရေးအဖွဲ့ အဋ္ဌမအကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာအေးကုန်းမြေ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်) ဘွဲ့နှင်းသိမ်ဓမ္မာရုံ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2022

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ စနစ်တကျရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများကို အသိအမှတ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သော ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ဝန်ထမ်းများမိတ်ဆုံစားပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီတွင် ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2022

၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပဒေသာကပွဲ ကျင်းပရေးဦးစီးကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2022

(၂၀၂၂) ခုနှစ် အမျိုးသားကျန်းမာရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2022

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်တို့ရှိ လူမှုဖူလုံရေးအဖွဲ့နှင့် စာချုပ်ချုပ်ဆို ဆောင်ရွက်နေသော ကဲဝဲလ်အထွေထွေရောဂါကုဆေးခန်းများသို့ရောက်ရှိပြီး အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိနေသည်များကို ကြည့်ရှုစစ်ဆေးကာ အာမခံအလုပ်သမားများနှင့် တွေ့ဆုံအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2022

မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှု တားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “တနင်္သာရီတိုင်းဒေသကြီး မြိတ် - ထားဝယ် ကားလမ်းဘေးရှိ ပုလောမြို့နယ်သို့ လျှပ်စစ်မီးပေးပို့လျက်ရှိသည့် လျှပ်စစ်ဓာတ်တိုင်များအား PDF အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သည့်ဖြစ်စဉ်” ခေါင်းစဉ်ဖြင့် နိုဝင်ဘာ ၁၆ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2022

မျက်မှောက်ကာလ ကမ္ဘာ့နိုင်ငံရေးကိုကြည့်လျှင် အင်အားကြီးနိုင်ငံကြီး တစ်နိုင်ငံ၏ ကမ္ဘာ့နိုင်ငံများကြားတွင် ဝင်ရောက်စွက်ဖက်မှုအမျိုးမျိုးကို မြင်တွေ့နိုင်ပါသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့်ပတ်သက်၍လည်း ဝင်ရောက်စွက်ဖက်လျက်ရှိသည့်အပြင် လောကသဘာဝအရ အင်အားကြီးသူဘက် လိုက်ပါလေ့ရှိရာ မြန်မာနိုင်ငံအပေါ်တွင် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းအချို့ကပါ ဖိအားပေးစွက်ဖက်မှုများ ပြုလုပ်ကြသည်ကို တွေ့ရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2022

အကြမ်းဖက်ဖောက်ခွဲမှု၊ သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများ၊ အုပ်စုဖွဲ့ခါးပိုက်နှိုက်၊ လုယက်လူသတ်မှု ကျူးလွန်ခဲ့သူများကို ပြည်သူများ၏ သတင်းပေး ပူးပေါင်းပါဝင်ကူညီမှုများဖြင့် အစုလိုက် အပြုံလိုက်၊ တစ်မှုပြီးတစ်မှု ဖော်ထုတ်ဖမ်းဆီးရမိလျက်ရှိသည်။ ဤသည်မှာ အကြမ်းဖက်မှုကို မလိုလားသော၊ ရပ်ရွာအေးချမ်းသာယာ တည်ငြိမ်မှုကိုသာ လိုလားသော ပြည်သူလူထု၏ သဘောထားကို ထင်ထင်ရှားရှား ပြသနေခြင်းပင်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 14, 2022

ငါန်းဇွန်မြို့နယ်၊ မင်းနေကုန်းကျေးရွာလမ်းခွဲ၌ မော်တော်ယာဉ်တစ်စီးအား PDF အမည်ခံ အကြမ်းဖက်သမားများက နိုဝင်ဘာ ၁၃ ရက် ညနေ ၃ နာရီခွဲခန့်တွင် အကြောင်းမဲ့ မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် အပြစ်မဲ့ပြည်သူ ၁ ဦးသေဆုံးခဲ့ပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 14, 2022

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၃-၁၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၄-၁၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၇,၅၀၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃၂) ဦးတွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၄၃) ရာခိုင်နှုန်း ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 14, 2022

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်အချိန် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အင်းစိန်ဗဟိုအကျဉ်းထောင်၏ ဝင်/ထွက်ပေါက်ဂိတ်ရှိ အကျဉ်းသားများအတွက် ပါဆယ်ထုပ်လက်ခံသည့် အဆောက်အဦအတွင်းနှင့် အပြင်ဘက်တို့တွင် အကြမ်းဖက်သမားများ၏ ပါဆယ်ထုပ်များအတွင်း မိုင်းများထည့်သွင်းဖောက်ခွဲခဲ့မှုကြောင့် တာဝန်ဝတ္တရားများ ဆောင်ရွက်လျက်ရှိကြသည့် အကျဉ်းထောင်ဝန်ထမ်း ၃ ဦးနှင့် အကျဉ်းသားများအတွက် ပါဆယ်ထုပ် လာရောက်ပေးပို့သူ အမျိုးသမီး ၅ ဦး၊ စုစုပေါင်း ၈ ဦးတို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြပြီး အကျဉ်းထောင်ဝန်ထမ်း ၅ ဦး၊ အကျဉ်းသားများအတွက် ပါဆယ်ထုပ်လာရောက်ပေးပို့သူ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၈ ဦး၊ စုစုပေါင်း ၁၈ ဦးတို့တွင် မိုင်းစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများအား အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကာ လိုအပ်သောဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ဖောက်ခွဲမှုကျူးလွန်ခဲ့သူများအား အင်းစိန်မြို့မရဲစခန်း(ပ) ၇၂၆/၂၀၂၂၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ဈ)/၅၄ တို့ဖြင့် အမှုဖွင့်လှစ်ကာ စုံစမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံပိုင်ရုပ်သံနှင့် သတင်းစာများ၌ အောက်တိုဘာလ ၁၉ ရက်နေ့က သတင်းထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်