Dec 24, 2022
(၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(ရေ) နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ်ပြုစစ်ရေးပြအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် သန်လျင်တပ်နယ်ရှိ ရေတပ်လေ့ကျင့်ရေးဌာနချုပ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးဇေယျကျော်ထင်မိုးအောင်နှင့် ဇနီးဒေါ်အေးခိုင်ညွန့်၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(ရေ)များနှင့်ဇနီးများ၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်နှင့်ဇနီး၊ ရေတပ်စခန်းဌာနချုပ်မှူးများနှင့်ဇနီးများ၊ သန်လျင်တပ်နယ်မှအရာရှိကြီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Dec 24, 2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ တပ်မတော်(ရေ)၏ (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(ရေ)နှစ်ပတ်လည်နေ့တွင် နိုင်ငံတော်၏ရေကြောင်းဆိုင်ရာအကျိုးစီပွားများနှင့် မြန်မာ့ပင်လယ်ပြင်သီးသန့်စီးပွားရေးဇုန်အား အပြည့်အဝကာကွယ် စောင့်ရှောက်နိုင်ရန်အတွက် စစ်ရေယာဉ်များတပ်တော်ဝင်ခြင်းနှင့် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့သို့ လွှဲပြောင်းတပ်တော်ဝင်ခြင်းအခမ်းအနားကို ရန်ကုန်မြို့ရှိ အမှတ်(၃)ရေတပ်ဆိပ်ခံတံတား၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဂုဏ်ပြုချီးမြှင့်သည်။
Dec 24, 2022
ယနေ့တွင်ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(ရေ) နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ နယ်မြေခံရေတပ်လေ့ကျင့်ရေးဌာနချုပ် သီရိမဟာဇေယျကျော်ထင်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်၍ အမှာစကားပြောကြားသည်။
Dec 24, 2022
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၂၃-၁၂-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၄-၁၂-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၉၄၉) ခုအား စစ်ဆေးပြီး စီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၈) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၂) ရာခိုင်နှုန်း ရှိပါသည်။
Dec 24, 2022
၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ပို့စကတ်ထုတ်ဝေ
Dec 24, 2022
လက်ထောက်ညွှန်ကြားရေးမှူး၊ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် ဦးစီးအရာရှိများ စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၃/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း (ရန်ကုန်)ရှိ ပညာရတနာခန်းမ၌ ကျင်းပသည်။
Dec 24, 2022
ကရင်ပြည်နယ် ကော့ကရိတ်မြို့ အမှတ်(၇)ရပ်ကွက်ရှိ ခင်နိမ်းမူဂိတ်(၃)၌ လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဒီဇင်ဘာ ၂၂ ရက်တွင် KKO (ခွဲထွက်)အဖွဲ့နှင့် NUG၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဂိတ်အနီးအမှတ်(၇)ရပ်ကွက်အတွင်းသို့ ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အပြစ်မဲ့ဒေသခံပြည်သူ အမျိုးသားခြောက်ဦးနှင့် အမျိုးသမီးသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Dec 24, 2022
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အတူ ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် တပ်ကုန်းကျေးရွာအနီးရှိ ကညင်ရေလှောင်တမံတွင် ရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မည့်အခြေအနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Dec 24, 2022
နေပြည်တော်စည်ပင်သာယာရေးကော်မတီကအသစ်ခန့်ထားသည့် အမြဲတမ်းဝန်ထမ်းအငယ်တန်းစာရေးဝန်ထမ်း ၆၀ တို့ကို အွန်လိုင်းအခြေပြုအများ ပြည်သူဝန်ဆောင်မှုလုပ်ငန်းများနှင့် e-Government စနစ် အကောင်အထည်ဖော်ဆောင်ရာတွင် ထိရောက်အောင်မြင်အောင် စီမံခန့်ခွဲဆောင်ရွက်နိုင်ရန်လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ e-Government အထောက်အကူပြုရုံးလုပ်ငန်းသုံး အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီမင်္ဂလာခန်းမ၌ ကျင်းပသည်။
Dec 24, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၁ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ လေဆိပ်(ကုန်လှောင်ရုံ)၌ ကုန်သေတ္တာ နှစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားသည်နှင့် ကွဲလွဲပါရှိလာသည့် လုပ်ငန်းသုံးပစ္စည်းများ(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၉၇၅၈၉၈)ကိုလည်းကောင်း၊ မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားသည်နှင့်ကိုက်ညီမှုမရှိသည့် ပိတ်ဖြတ်စ(၁၆၃၉၀၀)မီတာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၇၀၁၄၀၀၀၀)ကိုလည်းကောင်း၊ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာတစ်လုံး အတွင်းမှ သွင်းကုန်လိုင်စင်တင်ပြနိုင်ခြင်းမရှိသော ပြန်လည်ပြုပြင်ထားသည့် Mini Computer ၁၀ စုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၀၀၀၀၀)ကိုလည်းကောင်း၊ မြဝတီ-ဘားအံ-ရန်ကုန်ကုန်သွယ်မှုလမ်းမကြီး၊ ဘုရားကြီးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မဏိရတနာကျော်ဆီဆိုင်အနီး၌ မော်တော်ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်းမရှိသည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၂၇၂၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၀၀၀၀၀၀၀)ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၈၅၀၄၈၇၈၉၈ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Dec 24, 2022
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေး အထူးဇုန်(၃)အတွင်း ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်)၊ ဗဟိုလေ့ကျင့်ရေးကျောင်းတို့မှ ကျောင်းသား ကျောင်းသူများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များ၏ စားသောက်ရေးနှင့်သက်သာချောင်ချိရေးကို အထောက်အကူဖြစ်စေရန်အတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကြက်၊ ဝက်၊ ငါးမွေးမြူရေးစခန်းကို ကြည့်ရှုစစ်ဆေးပြီး ပွင့်လင်းရာသီတွင် ပြီးစီးအောင် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးသည်။
Dec 24, 2022
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့နှင့် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဝါရင့်အကြံပေးအဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ရှိ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 24, 2022
အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့အစည်းအဝေး(၁/၂၀၂၂)ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည်။
Dec 24, 2022
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အခွန်အယူခံခုံအဖွဲ့ အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ကောင်စီနယ်မြေ ရုံးအမှတ်(၅၇) ဥတ္တရသီရိမြို့နယ်၌ ယနေ့နံနက် ၉ နာရီတွင် ကျင်းပသည်။
Dec 24, 2022
“နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေးမောင်းနှင်အား၊ စီးပွားရေးမောင်းနှင်အားနှင့် ကာကွယ်ရေးစွမ်းပကားများကောင်းမွန်ရန်လိုအပ်ကြောင်း၊ နိုင်ငံရေးမောင်းနှင်အားတွင် မည်သည့်နိုင်ငံရေးစနစ်ကို ကျင့်သုံးသည်ဖြစ်စေ နိုင်ငံအတွင်းရှိ နိုင်ငံရေးအရ စည်းလုံးညီညွတ်မှုများရှိမည်ဆိုပါက နိုင်ငံတိုးတက်မည်ဖြစ်ကြောင်း၊ စီးပွားရေးမောင်းနှင်အား ကောင်းမွန်မှသာလျှင်လည်း ချမ်းသာကြွယ်ဝမှုရှိမည်ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင် စီးပွားရေးမောင်းနှင်အား ကောင်းမွန်သည့်နိုင်ငံများသည် ဩဇာရှိသည်ကိုတွေ့ရမည်ဖြစ်ကြောင်း၊ ကာကွယ်ရေးစွမ်းပကားထက်မြက်သည့် နိုင်ငံများသည်လည်း ကမ္ဘာတွင် ဩဇာရှိသည့်နိုင်ငံများဖြစ်ကြကြောင်း၊ နိုင်ငံတစ်နိုင်ငံအနေဖြင့် မိမိတို့၏အချုပ်အခြာအာဏာကို လွတ်လပ်စွာဆောင်ရွက်နိုင်ခွင့်ရှိကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒီဇင်ဘာလ ၂၁ ရက်နေ့၌ မြန်မာ့မီးရထားစက်ခေါင်း စက်ရုံ(အင်းစိန်)မှ ဝန်ထမ်းများအား တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
Dec 24, 2022
ပြီးခဲ့သည့် ဒီမိုကရေစီအစိုးရနှစ်ရပ်သက်တမ်းများအတွင်း ပြည်တွင်းစီးပွားရေးလုပ်ငန်းများနှင့် ပြည်တွင်းကုန်ထုတ်လုပ်ခြင်းများကို အားပေးခြင်းများမရှိခဲ့ခြင်းကြောင့် ကုန်သွယ်မှုလိုငွေများ ဖြစ်ပေါ်ခဲ့သလို ၂၀၁၈/၂၀၁၉ ခုနှစ်ခန့်မှစတင်၍ စီးပွားရေးကျဆင်းမှုဖြစ်ပေါ်လာခဲ့ကြောင်း တွေ့ရှိရသည်။ ၎င်းနောက်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်မှုနှင့် နိုင်ငံရေးဆူပူမှုများကြောင့် နိုင်ငံ၏စီးပွားရေးကျဆင်းမှုလည်း ဖြစ်ပေါ်ခဲ့သည်။
Dec 23, 2022
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Dec 23, 2022
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွဋ်အမြတ်ထားရာ သာသနာပိုင်အဆောက်အဦများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက်မိုင်းထောင်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ရဟန်းသံဃာတော်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့အရပ်သားပြည်သူများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ရက်စက်စွာလုပ်ကြံသတ်ဖြတ်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်းများ ပြုလုပ်နေကြသည်ကို တွေ့ရှိရသည်။
