Skip to main content

ပြည်ထောင်စုဝန်ကြီးများနှင့် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဝါရင့်အကြံပေးအဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေး

ရန်ကုန် ဒီဇင်ဘာ ၂၃

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့နှင့် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဝါရင့်အကြံပေးအဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ရှိ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်နေသော ဆောင်ရွက်ချက်များ တုံ့ပြန်ဆောင်ရွက်

ဦးစွာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့က ဆွေးနွေးပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ပြဋ္ဌာန်းထားသောနိုင်ငံရေးဦးတည်ချက်များနှင့် လုပ်ငန်းစဉ်များအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသောအခြေအနေများ၊ နိုင်ငံရေးရည်ရွယ်ချက်ဖြင့် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ပြည်တွင်းရေးအပေါ် ဝင်ရောက်စွက်ဖက်နေသော ဆောင်ရွက်ချက်များအပေါ် တုံ့ပြန်ဆောင်ရွက်နေမှုများ၊ အာဆီယံ၏တူညီဆန္ဒ(၅)ချက်အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဒေသတွင်းနှင့်နိုင်ငံတကာရှိ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ စိန်ခေါ်မှုအခြေအနေတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့အနေဖြင့် မြန်မာနိုင်ငံ၏ရပ်တည်ချက်၊မူဝါဒနှင့် အကောင်အထည်ဖော် ဆောင်ရွက်ချက်တို့ကို ဒေသတွင်းနှင့် နိုင်ငံတကာမှသိရှိစေရန်သံတမန်လမ်းကြောင်း(၁.၅)၊ သံတမန်လမ်းကြောင်း(၂)တို့ဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေး၊ နိုင်ငံ့အကျိုးဖြစ်ထွန်းစေမည့် မူဝါဒပိုင်းဆိုင်ရာအကြံဉာဏ်များ၊ လေ့လာသုံးသပ်ချက်များကို စဉ်ဆက်မပြတ်တင်ပြနိုင်ရေးနှင့် နိုင်ငံတကာအဆင့်မီသုတေသနစာတမ်းများ ရေးသားပြုစုနိုင်ရေး တိုက်တွန်းပြောကြားသည်။

ပညာရှင်များရှုထောင့်မှ အပြန်အလှန်ဆွေးနွေး

ထို့နောက် တက်ရောက်လာကြသူများက လုပ်ငန်းဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပညာရှင်များရှုထောင့်မှ အပြန်အလှန် အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

အဆိုပါ တွေ့ဆုံဆွေးနွေပွဲသို့ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ဥက္ကဋ္ဌ၊ ဝါရင့်အကြံပေးအဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဖြိုးဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်