Skip to main content

Dec 26, 2022

မြန်မာနိုင်ငံလူဦးရေ၏ ၇၅ ရာခိုင်နှုန်းခန့်သည် ကျေးလက်နေပြည်သူများဖြစ်သည်။ ကျေးလက်ပြည်သူများသည် အဓိကအားဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုကြ၍ စိုက်ပျိုးမွေးမြူရေးထွက်ကုန်များသည် မြန်မာနိုင်ငံ၏ အဓိကထုတ်ကုန်ပစ္စည်းများ ဖြစ်သည်။ သို့သော်အကြောင်းအမျိုးမျိုးကြောင့် ထုတ်ကုန်ပစ္စည်းနည်းပါးမှု၊ အရည်အသွေး မမီမှုတို့ကြောင့် ရောင်းဝယ်ဖောက်ကားမှုအားနည်းသည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2022

လူငယ်များ စာပေနှင့်ရင်းနှီးလာစေရေး၊ စာဖတ်ခြင်းကို စိတ်ပါဝင်စားလာစေရေးတို့အတွက် နှိုးဆော်သည့်အနေဖြင့် စာပေဆိုင်ရာပွဲတော်များ၊ ပြပွဲများကို ကျင်းပပေးလျက်ရှိသည်။ ကလေး၊ လူငယ်၊ လူကြီး မည်သည့်အရွယ်ပင်ဖြစ်စေ စာဖတ်သူက စာမဖတ်သူထက် လူရည်လူသွေး ပို၍သာသည်။ လူငယ်များစာဖတ်ရန် လူကြီးများအထူးသဖြင့် မိဘများက ပျိုးထောင်ပေးခြင်းဖြင့် ပိုမိုထိရောက်အောင်မြင်နိုင်သည်။ စာဖတ်ဝါသနာပါသူ အမိအဖတို့၏ ရင်သွေးသားသမီးများက မိလိုက်ဖပါသဘောဖြင့် စာဖတ်ဝါသနာပါသူများ ဖြစ်လေ့ရှိကြသည်ကိုလည်း တွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2022

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2022

ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ရောက်ရှိနေသော ရုရှားဒုတိယရေတပ်ဦးစီးချုပ် Vice Admiral Igor MUKHAMETSHIN ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် ဧရာဝတီရေတပ်စခန်းဌာနချုပ် အရာရှိရိပ်သာ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2022

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာအားကစားလ (စတုတ္ထပတ်) စုပေါင်းလမ်းလျှောက်ပွဲများကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်များနှင့် ကွပ်ကဲမှုအောက်တပ်နယ်အသီးသီးတို့၌ ကျင်းပပြုလုပ်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2022

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး နိုင်ငံတော် ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို မိဝေးဖဝေး၊ မိသားစုများနှင့်ဝေးကွာစွာဖြင့် နေ့မအားညမနား ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းတို့၏မိသားစုများအပေါ် လွမ်းဆွတ်သတိရသည့်စိတ်များ ခေတ္တခဏမျှ ပြေပျောက်စေရန်နှင့် စိတ်ပျော်ရွှင်ကြည်နူးစေရန်အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့်ပြည်သူ့ ဆက်ဆံရေးအဖွဲ့များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV)မှ အဖွဲ့သူ အဖွဲ့သားများက တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရှေ့တန်းစခန်းများနှင့် နယ်မြေခံတပ်ရင်းဌာနချုပ်များသို့ အလှည့်ကျသွားရောက်၍ ကိုယ်ချင်းစာစိတ် အပြည့်အဝဖြင့် ဂုဏ်ပြုဖျော်ဖြေသီဆို ကပြလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2022

စစ်တက္ကသိုလ်ဗိုလ်လောင်း အမှတ်စဉ် (၁၅၊ ၁၆၊ ၁၇၊ ၁၈၊ ၁၉) ကျောင်းဆင်းအရာရှိများ၏ ဆဌမအကြိမ် အာစရိယပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကုန်းမြင့်သာရှိ အနော်ရထာခန်းမ၌ကျင်းပရာ စစ်တက္ကသိုလ် ဗိုလ်လောင်းအမှတ်စဉ် (၁၅) မှ (၁၉) အထိ ကျောင်းဆင်းအရာရှိများနှင့် ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2022

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ် ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၂၄-၁၂-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၅-၁၂-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၃၆၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၅) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၁၅) ရာခိုင်နှုန်း ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2022

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ပုလဲလမ်းရှိ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာနသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2022

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း လျှပ်စစ်ကဏ္ဍဆိုင်ရာလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2022

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဥပဒေချုပ်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဦးဌေးအောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ နိုင်ငံတကာအဆင့်မီရေကူးကန်၌ RC နှစ်ထပ်အမိုးပါပွဲကြည့်စင် တည်ဆောက်နေမှု၊ တောင်ဥက္ကလာပမြို့နယ်ရှိ ပဒေသာအားကစားကွင်း၌ လေးထပ်အားကစားသမားအိပ်ဆောင်တည်ဆောက်နေမှုနှင့် RC 2 နှစ်ထပ်ပဒေသာ အားကစားကွင်းပွဲကြည့်စင်တည်ဆောက်နေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2022

ခရစ္စမတ်ပွဲတော်ဝတ်ပြု ကိုးကွယ်မှု၊ ဆုတောင်းမှုများကို နှစ်စဉ် ဒီဇင်ဘာလကျင်းပလေ့ရှိရာ ယနေ့ဒီဇင်ဘာ ၂၄ ရက် ညပိုင်း၌ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများတွင် ခရစ္စမတ်အကြိုရောင်စုံမီးများ ထွန်းညှိထားရှိမှုကို တွေ့မြင်ရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2022

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2022

တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များသည် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမထားဘဲ အရောင်အသွေးကင်းပြီး မိမိတို့လူမျိုးအဓွန့်ရှည်တည်တံ့စေရန် အကျိုးဆောင်ပေးရသည့် အဖွဲ့ဖြစ်ပါကြောင်း၊ နိုင်ငံတော်ကဆောင်ရွက်နေသည့် “ပန်းခင်းစီမံချက်”  နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုဇယားပြုလုပ်ခြင်းလုပ်ငန်းသည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် လွန်စွာအရေးကြီးသဖြင့် တိုင်းရင်းသားများအားလုံး ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊

ဆက်လက်ဖတ်ရှုရန်

Dec 25, 2022

မြန်မာနိုင်ငံပြန်တမ်း

ဆက်လက်ဖတ်ရှုရန်

Dec 25, 2022

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Dec 25, 2022

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေး၌ မြန်မာနိုင်ငံဆိုင်ရာလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အဆိုတစ်ရပ်ကို မဲခွဲချမှတ်ခဲ့ကြောင်းသတင်းနှင့်ပတ်သက်၍ ဆန့်ကျင်ဘက်မီဒီယာများ၏ နေ့စဉ်ရက်ဆက်သတင်းထုတ်လွှင့်မှုများကို ကြားသိနေရပါသည်။ ဤအရေးသည် ပြည်တွင်းရေးသာဖြစ်၍ ပြည်ပမှ မည်သည့်စွက်ဖက်မှုကိုမျှလက်မခံဘဲ မြန်မာနိုင်ငံအနေဖြင့် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေ၊ အခြေခံမူဝါဒရပ်တည်ချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားနေသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2022

ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့သည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်း၌ရှိကြသည့် ခရစ်ယာန်ဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ ခရစ္စမတ်နေ့ဖြစ်သည်။ ခရစ္စမတ်အခါသမယသည် ကမ္ဘာမြေပေါ်တွင် ငြိမ်းချမ်းခြင်းနှင့် လူသားတို့အပေါ် ကောင်းချီးမင်္ဂလာကျရောက်စေခြင်း သတင်းစကားနှင့်အတူ မင်္ဂလာတရားနှင့် ပြည့်စုံစွာ အေးမြသာယာသည့် ချိန်ခါလည်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 24, 2022

NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မလုယူခြင်း စသည်ဖြင့် နည်းလမ်းမျိုးစုံအသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 24, 2022

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ PDF အမည်ခံအကြမ်းဖက်သမားများက ဆားလင်းကြီးမြို့နယ်နှင့် ရေဦးမြို့နယ်တို့ရှိ ဌာနဆိုင်ရာရုံးများအတွင်းဝင်ရောက်ကာ ဌာနပိုင်မော်တော်ယာဉ်များနှင့် ရုံးအသုံးအဆောင်ပစ္စည်းများအား ခြိမ်းခြောက်လုယက်ယူဆောင်မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်