Oct 24, 2025
စက်မှုဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Oct 24, 2025
ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးဖြစ်သူ Ms. Gwyn Lewis ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ လက်ခံတွေ့ဆုံသည်။
Oct 24, 2025
ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaud De Baecque နှင့် ဥပဒေရေးရာညှိနှိုင်းရေးမှူး Ms. Samindika Dilani Elkaduwe တို့အား ယနေ့နံနက် ၁၀ နာရီတွင် ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
Oct 24, 2025
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် မွန်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်စန်းနိုင်နှင့်အတူ ယမန်နေ့က မွန်ပြည်နယ်အတွင်း တည်ဆောက်လျက်ရှိသည့် လမ်းလုပ်ငန်းများနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းတို့အား ကြည့်ရှုစစ်ဆေးသည်။
Oct 24, 2025
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
Oct 24, 2025
ခွေးရူးရောဂါကာကွယ်ဆေးနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ရုံးအမှတ် (၃၆) အစည်းဝေးခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးပညာကောင်စီမှ တာဝန်ရှိသူများ၊ ပညာရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Oct 24, 2025
ဆေးတက္ကသိုလ်များ၏ အလုပ်သင်ဆရာဝန် လေ့ကျင့်သင်ကြားရေးဆေးရုံကြီးများတွင် အောက်တိုဘာ ၁ ရက်မှစတင်ပြီး အလုပ်သင်ဆရာဝန်များအဖြစ် တာဝန်ထမ်းဆောင်နေသူ မောင်မယ်သစ်လွင် အလုပ်သင်ဆရာဝန်များကို ကြိုဆိုပွဲအား ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၌ Semi-virtual စနစ်ဖြင့် ကျင်းပသည်။
Oct 24, 2025
(၁၄)ကြိမ်မြောက် မြန်မာ-တရုတ် နှစ်နိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ PARK-ROYAL Hotel ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည်။
Oct 24, 2025
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးဖြစ်သူ Ms. Gwyn Lewis နှင့်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Oct 24, 2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်ဒေသဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စအန်နာဆာဂျီယဲဗ်နာ့ဗင်နီကော့ဗာနှင့် အဖွဲ့သည် ယနေ့တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ လှည့်လည်ကြည့်ရှုလေ့လာကြသည်။
Oct 24, 2025
၂၀၂၅-၂၀၂၆ ပညာသင်နှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအတတ်ပညာများ သင်ကြားနေသည့် Grade-12 ကျောင်းသား ကျောင်းသူများအတွက် စာမေးပွဲဆိုင်ရာလုပ်ငန်းစဉ်များ အတည်ပြုညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Oct 24, 2025
မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ဆောင်ရွက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ရောက်ရှိနေသည့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် ဟူကျိုးမြို့ရှိ အဆင့်မြင့် စက်သုံးဆီများ ထုတ်လုပ်သည့် စက်ရုံနှင့် ကျောက်မီးသွေးမှ လျှပ်စစ်ဓာတ်အားထုတ်စက်ရုံများသို့ သွားရောက်ကြည့်ရှုလေ့လာကြသည်။
Oct 24, 2025
ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လွှမ်းခြုံမှုတိုးတက်စေရန် ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင် သီပေါမြို့ ပြည်သူ့ဆေးရုံကို ယနေ့နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ပြီး သီပေါမြို့ပေါ်နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ခြင်းနှင့် ကုသရေးလုပ်ငန်းများကို အားဖြည့်ဆောင်ရွက်လျက်ရှိသည်။
Oct 24, 2025
စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေးစီမံခန့်ခွဲမှုကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက်အမှာစကား ပြောကြားသည်။
Oct 24, 2025
စားသုံးသူပြည်သူများ စားသုံးဆီ ဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Oct 24, 2025
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ခြင်း၏ အခြေခံအုတ်မြစ်သည် ပညာတတ်အရင်းအမြစ်များ ပေါများခြင်းပင်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် အသိပညာ၊ အတတ်ပညာပြည့်စုံသည့် ပညာတတ်များဖြင့် အေးချမ်းသာယာဝပြောသည့် အနာဂတ်နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်ရန် ဦးတည်ဆောင်ရွက်လျက်ရှိပြီး အရည်အသွေးပြည့်ဝသည့် ဘက်စုံပညာရေးစနစ် တိုးတက်ဖြစ်ပေါ်လာရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် ကျောင်းနေအရွယ်ကလေးငယ်တိုင်း ပညာသင်ယူနိုင်ရေး မိဘ၊ ဆရာ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများအားလုံးက ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။
Oct 24, 2025
နောင်ချို၊ ကျောက်မဲပြီးသည့်နောက် သီပေါမှ ကလေးများလည်း ပညာသင်ခွင့်ရကြပြီဖြစ်သည်။ သက်ဆိုင်ရာက ကျောင်းအပ်ဆက်လက်လက်ခံလျက်ရှိရာ ကျောင်းအပ်သူများလည်း ဆက်လက်အပ်နှံနေကြဆဲ။ TNLA အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူတို့ သီပေါကို ထိန်းချုပ်ထားသည့်ကာလအတွင်း နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ကြသည့် ဒေသခံပြည်သူများမှာလည်း မိမိတို့မြို့ဆီသို့ တဖွဲဖွဲပြန်လည်ဝင်ရောက်လာနေကြပြီဖြစ်သည်။
Oct 23, 2025
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးအပ်လျက်ရှိသည်
Oct 23, 2025
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်တွင်းစီးပွားရေးတည်ငြိမ်စေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ အချို့သောဝိသမလောဘသား စီးပွားရေးလုပ်ငန်းရှင်များသည် Online အခြေပြုလောင်းကစား Website များ တည်ထောင်၍ လူမှုကွန်ရက်များပေါ်တွင် ပေါ်ပေါ်ထင်ထင် ကြော်ငြာမှုများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရသည့်အတွက် ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့သည်။
Oct 23, 2025
တပ်မတော်က ပြည်သူလူထု အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation) ကို ဆောင်ရွက်ပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့အား အလုံးစုံပြန်လည်ထိန်းချုပ်ရရှိပြီးချိန်တွင် အစိုးရ၏အုပ်ချုပ်မှုယန္တရား ပြန်လည်လည်ပတ်နိုင်ရေး၊ ကလေးသူငယ်များ ပညာသင်ကြားနိုင်ရေးနှင့် ဒေသခံပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ရေးစသည်တို့အပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
