နေပြည်တော် ဇူလိုင် ၁၇
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Grand Sirius Co.,Ltd. မှ တင်သွင်းလာသော Neta U အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်အစီး ၂၀ နှင့် Asia Pacific Automaker Corporation Co.,Ltd. မှ တင်သွင်းလာသော Seres 3 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်အစီး ၂၀ စုစုပေါင်း လျှပ်စစ်သုံးမော်တော်ယာဉ်အစီး ၄၀ သည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်းနှင့် အဆိုပါ လျှပ်စစ်သုံးမော်တော်ယာဉ်များ တင်သွင်းမှုအတွက် အကောက်ခွန် ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိသည်။
သတင်းစဉ်