နေပြည်တော် ဇူလိုင် ၁၇
၂၀၂၃ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ကျရောက်မည့် (၇၆) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဇူလိုင် ၁၉ ရက် နံနက် ၈ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်၌ ကျင်းပမည်ဖြစ်သည်။
အဆိုပါ အခမ်းအနား ကျင်းပပုံများကို ဇူလိုင် ၁၉ ရက်နေ့ နံနက် ၇ နာရီ မိနစ် ၄၀ မှစတင်ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV – HD Channel ၊ MRTV News Channel ၊ MWD– HD Channel ၊ MWD Variety HD Channel ၊ MITV ၊ MOI Website ၊ MOI Youtube ၊ MRTV Website နှင့် မြန်မာ့အသံရေဒီယို ၊ သဇင် FM ၊ Star FM ၊ ပတ္တမြား FM ၊ FM ပုဂံ ၊ ပဉ္စဝတီ FM ၊ မန္တလေး FM၊ ချယ်ရီ FM ၊ ရွှေ FM တို့မှ တိုက်ရိုက် (LIVE) ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်