Sep 29, 2023
နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ရန် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် ပြည်ထောင်ကိုးကျေးရွာအုပ်စု ဝေသာလီကျေးရွာ၌ရောက်ရှိနေသည့် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်ဦးစီးသည့် ဌာနဆိုင်ရာများပါဝင်သောအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အဆိုပါကျေးရွာရှိ ရွှေဘုံသာကျောင်းတိုက်၌ ပြည်ထောင်ကိုးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာခွဲတာဝန်ခံများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသား ပြည်သူလူထုတို့ နှင့် တွေ့ဆုံသည်။
Sep 29, 2023
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
Sep 29, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင်အဖွဲ့အစည်း အမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကို လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများဖြင့် ဝင်ရောက်လာသူများကို ဆုကြေးငွေများ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားရှိပြီးဖြစ်ရာ ယနေ့မွန်းလွဲပိုင်းတွင်လည်း ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF အဖွဲ့မှ အလင်းဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အနော်ရထာခန်းမ၌ပြုလုပ်ရာ တိုင်းစစ်ဌာနချုပ်မှတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
Sep 29, 2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ်းခမ်းမြို့ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား လက်နက်များတပ်ဆင်အပ်နှင်းခြင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက တိုင်းစစ်ဌာနချုပ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးအောင်အောင်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တာဝန်ရှိသူများ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။
Sep 29, 2023
တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ မြို့နယ်များမှ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဒေသခံပြည်သူများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အသီးသီးမှ နယ်မြေခံဆေးကုသရေးအဖွဲ့များကလိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
Sep 29, 2023
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ ဟောင်ကောင်မြို့ရှိ ဗဟိုအစိုးရရုံး အဆောက်အအုံ၌ကျင်းပသည့် မြန်မာနိုင်ငံနှင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရ ဒေသတို့အကြား လေကြောင်းပို့ဆောင်ရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်သည်။
Sep 29, 2023
ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဗဟိုကြီးကြပ်ရေးအဖွဲ့ အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်းခန်းမ၌ ကျင်းပရာ ဗဟိုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဗဟိုကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်များ တက်ရောက်ကြသည်။
Sep 29, 2023
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် အာရှ-ပစိဖိတ်ဒေသတွင်း ရုပ်/သံလွှင့်အဖွဲ့အစည်း (Asia-Pacific Institute for Broadcasting Development- AIBD) တို့ပူးပေါင်းပြီး သတင်းမှားများ ကိုင်တွယ်ဖြေရှင်းရန် သတင်းအချက်အလက် သိနားလည်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ “Workshop on Media Literacy to address disinformation” ပိတ်ပွဲအခမ်းအနားကို ယနေ့ ညနေ ၄ နာရီခွဲတွင် နေပြည်တော် Horizon Lake View Hotel, State Meeting Room 2 ခန်းမတွင် ကျင်းပသည်။
Sep 29, 2023
စီမံကိန်းစီမံခန့်ခွဲမှု (Project Man-agement)နှင့် ပတ်သက်သည့် သင်တန်းကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန အစည်းခန်းမ၌ ကျင်းပသည်။
Sep 29, 2023
လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့် နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်း စံနှုန်း (Standard Operating Procedure – SOP) ရေးဆွဲပြုစုရေး ပြည်ထောင်စုအဆင့် လုပ်ငန်းကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 29, 2023
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ (၂/၂၀၂၃) အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ဓမ္ဓဝိဟာရကျောင်းဆောင်၌ ကျင်းပသည်။
Sep 29, 2023
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ရုရှား-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းဥက္ကဋ္ဌ မစ္စတာအန်နာသိုလီ ဘူးလော့ခ်ျနိကော့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ရုံးအမှတ်-၂၈ ရှိ အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Sep 29, 2023
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ် (Convertion on the Prevention and Punishment of the Crime of Genocide) ကို ကျူးလွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ တရားစွဲဆိုထားခြင်းနှင့်ပတ်သက်၍ ဂမ်ဘီယာက ၎င်း၏အဆိုလွှာ (Memorial)ကို တရားရုံးသို့ ၂၀၂၀ ပြည့်နှစ်အောက်တိုဘာ ၂၃ ရက်တွင် တင်သွင်းခဲ့ပြီး ယင်းအဆိုလွှာအား မြန်မာနိုင်ငံက ပြန်လည်ချေပ လျှောက်လဲသည့်အချေလွှာ (Counter-Memorial)ကို ၂၀၂၃ ခုနှစ် ဩဂုတ် ၂၄ရက်တွင် တရားရုံးသို့ တင်သွင်းခဲ့ပြီး ရှေ့ဆက်သွားမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ တရားရုံးဥက္ကဋ္ဌက မြန်မာနိုင်ငံနှင့် ဂမ်ဘီယာနိုင်ငံမှ ကိုယ်စားလှယ်(Agent)များအား ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၆ ရက်တွင် သည်ဟေ့ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး၌ တွေ့ဆုံရန် အကြောင်းကြားခဲ့သည်။
Sep 29, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၄/၂၀၂၃)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
Sep 29, 2023
ယနေ့သည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် တော်သလင်းလပြည့် (ဂရုဓမ္မ အခါတော်)နေ့ဖြစ်သည်။ လအလိုအားဖြင့် တော်သလင်းလပြည့်နေ့သည် ဝါဆို၊ ဝါခေါင်၊ တော်သလင်း ဝါတွင်းသုံးလ နောက်ဆုံးလပြည့်ဖြစ်သည်။ ဝါတွင်းသုံးလတွင် ကုသိုလ်ကောင်းမှု၊ သူတော်ကောင်းတရားများ အစဉ်ကျင့်ကြံပွားများကြသောကာလ ဖြစ်သည်။ ပါဠိအလိုအားဖြင့် “ဂရု” အလေးအမြတ်ပြုရသော “ဓမ္မ”တရားဖြစ်သည်။ ထို့ကြောင့် ဤတော်သလင်းလပြည့်နေ့တွင် သူတော်ကောင်းတရား ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံစွာကျင့်ကြံအားထုတ်ကြရမည့် အထိမ်းအမှတ်အခါသမယ ဖြစ်သည်။
Sep 29, 2023
ယနေ့သည် တော်သလင်းလပြည့် ဂရုဓမ္မအခါတော်နေ့ဖြစ်သည်။ တော်သလင်းလ၏ ရာသီသဘင်သည် “ရေယဉ်စမ်းငယ်နှင့် သောင်ကမ်းငယ်ပြည့်လျှံ၊ မြစ်လုံးငယ်ညံသည်၊ လှော်တက်သံ မြိုင်မြိုင်နှင့်၊ လှေပြိုင်ကျင်းတဲ့လကိုလေး။” ဟူသော မဟာအတုလ မင်းကြီး၏ စာဆိုနှင့်အညီ မြစ်ယံပွဲခေါ် လှေပွဲသဘင်ဖြစ်သည်။ တော်သလင်းလတွင် မြစ်ရေ ချောင်းရေတို့သည် ဝါဆို၊ ဝါခေါင်ကဲ့သို့ ပေါင်းလန်မနေတော့သော်လည်း ကမ်းပြည့်လျှံကာ လှိုင်းလေတည်ငြိမ်သောအခါဖြစ်၍ လှေပွဲသဘင်ကို ရှေးအစဉ်အဆက် ခမ်းခမ်းနားနား ပျော်ပျော်ရွှင်ရွှင်ကျင်းပခဲ့ကြသည်။ ဗုဒ္ဓဘာသာဝင်တို့ မြန်မာပြက္ခဒိန်လများအလိုက် ကျင်းပကြသည့် အခါတော်နေ့အနေဖြင့်မူ ဂရုဓမ္မ အခါတော်နေ့ကိုကျင်းပ၍ လူသားဟူသမျှ စောင့်ထိန်းလိုက်နာ အပ်ရာသော ငါးပါးသီလကို မမေ့မလျော့၊ မပေါ့မဆစောင့်ထိန်းကြစေရန် တိုက်တွန်းနှိုးဆော်လျက်ရှိသည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၈-၉-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီ
Sep 28, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၂၇-၉-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၈-၉-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၄,၂၈၆)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ်(၈)ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၁၉) ရာခိုင်နှုန်း ဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူမရှိပါ။
Sep 28, 2023
ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ကို နှစ်စဉ်စက်တင်ဘာ(၂၈)ရက်၌ ကျင်းပလျက်ရှိရာ (၁၇)ကြိမ်မြောက် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့တွင် Rabies: ALL FOR 1, ONE HEALTH FOR ALL, “ခွေးရူးရောဂါတိုက်ဖျက်ရေး၊ တက်ညီလက်ညီပါဝင်ပေး၊ တစ်ခုတည်းသောကျန်းမာရေး” ဆောင်ပုဒ်ဖြင့် နေပြည်တော် ရုံးအမှတ်(၃၆)တွင် ကျင်းပသည်။
Sep 28, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံပေကျင်းမြို့၌ စက်တင်ဘာ ၂၅ ရက်မှ ၂၆ ရက်အထိ ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ ပို့ဆောင်ရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် (Global Sustainable Transport Forum) သို့ တက်ရောက်ခဲ့ပြီး ယမန်နေ့ညပိုင်းက ရန်ကုန်မြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဇော်ဟိန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
Sep 28, 2023
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်တွင် ကျရောက်မည့်(၅၉)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရှိ ဌာနကြီးများနှင့် တပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်နှင့်စာရေးဝန်ထမ်း ၂၄၈ ဦးတို့က ယနေ့နံနက်ပိုင်းတွင် နေပြည်တော် (ခုတင်-၁၀၀၀) ပြည်သူ့ဆေးရုံကြီးနှင့် အမှတ်(၂)တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀) တို့၌ တစ်ချိန်တည်း ဂုဏ်ပြုသွေးလှူဒါန်းခဲ့ကြသည်။
