Oct 15, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈)နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားသို့တက်ရောက်ခဲ့သော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် Mr. Deng Xijun ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
Oct 15, 2023
တပ်မတော်တွင် စတုတ္ထအကြိမ်အသည်းအစားထိုးခွဲစိတ်ကုသမှု ဒုတိယနေ့ကို ယနေ့တွင် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး(ခုတင် ၁၀၀၀)၊ အထူးကုစင်တာ၌ ပြုလုပ်ခဲ့သည်။
Oct 15, 2023
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ရိုးရာယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ယဉ်ကျေးမှုအကအဖွဲ့နှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့များသည် ယနေ့မွန်းလွဲပိုင်း နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားမြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး နိုင်ငံတော်ဝန်ကြီးချုပ်က စီစဉ်ချီးမြှင့်သည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ကြသည်။
Oct 15, 2023
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) (MICC – II) ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားသည်။
Oct 15, 2023
သူ့ဉပဒေနဲ့သူနေတဲ့လူတွေနဲ့ ဒီဘက်ကကိုယ့်ဉပဒေနဲ့နေတဲ့လူတွေ ငြိမ်းချမ်းရေးဆွေးနွေးတဲ့အခါမှာ ဘယ်ဉပဒေကိုလိုက်နာရမှာလဲ။ သူတို့လိုက်နာနိုင်တဲ့ဉပဒေနဲ့ ကျွန်တော်တို့ လိုက်နာနိုင်တဲ့ ဉပဒေဆိုတာက NCA ပဲဖြစ်တယ်။
Oct 15, 2023
လွန်ခဲ့တဲ့ (၈) နှစ်က အခုလိုအချိန်မှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) မှာ ပါဝင်ကြသူများ၊ NCA စာချုပ်ကြီး လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြတဲ့ တိုင်းရင်းသားခေါင်းဆောင်များ၊ ပြည်တွင်းနဲ့နိုင်ငံတကာမှ အသိသက်သေများ၊ ပြည်ထောင်စုကြီးအတွင်းမှာရှိကြတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်းနဲ့ တိုင်းပြည်ရဲ့ငြိမ်းချမ်းရေးအကျိုးကို ဆတက်ထမ်းပိုး ထမ်းဆောင်နိုင်ကြပါစေကြောင်း ဦးစွာဆုမွန်ကောင်းတောင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
Oct 15, 2023
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂(MICC-2)၌ ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
Oct 15, 2023
၁။ ချစ်ကြည်လေးစားရပါသော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးပွဲ (၈) နှစ်မြောက်အခမ်းအနားသို့ တက်ရောက်လာကြတဲ့ သက်ဆိုင်ရာတာဝန်ရှိ လူကြီးမင်းများ၊ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များနဲ့ သံတမန်များတို့ကို မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
Oct 15, 2023
နေပြည်တော်တွင် ယနေ့ကျင်းပသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)(၈)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားသို့ ထိုင်းနိုင်ငံအစိုးရကိုယ်စားပြုကာ မိမိအနေဖြင့် တက်ရောက်ခွင့်ရသည့်အတွက် အထူး ဂုဏ်ယူဝမ်းမြောက်မိပါတယ်။
Oct 15, 2023
၁။ လေးစားအပ်ပါသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ (၈)နှစ်မြောက် အခမ်းအနားသို့ တက်ရောက်လာကြသော ဂုဏ်သရေရှိ လူကြီးမင်းများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းနိုင်ကြပါစေ၊ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာဆုမွန်ကောင်းတောင်းအပ်ပါတယ်။
Oct 15, 2023
လေးစားအပ်ပါသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တကွ မြန်မာနိုင်ငံအစိုးရတာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာအသိုင်းအဝိုင်းမှ ကိုယ်စားလှယ်များနှင့် အခမ်းအနားသို့ ကြွရောက်လာကြသော လူကြီးမင်းများ ခင်ဗျား
Oct 15, 2023
စီးတီးတက္ကစီယာဉ်များ အခြားယာဉ်များနှင့်ကွဲပြားမှုရှိစေရန် ဘေးတစ်ဖက်တစ်ချက်တွင် အဝါရောင်လိုင်းစတေကာကပ်၍ ပြေးဆွဲရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)မှ သိရသည်။
Oct 15, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ့စီးပွားမြင့်မားစေရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝတိုးတက်စေရေးတို့အတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍကို အဓိကထားဖော်ဆောင်ပေးလျက်ရှိသကဲ့သို့ ကုန်ထုတ်စွမ်းအားစုများကို အခြေခံကာ စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ (MSME) စက်မှုလုပ်ငန်းများတွင် ပြည်တွင်းထုတ်လုပ်မှု ပို့ကုန်ကဏ္ဍ အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။ ယင်းသို့ အကောင်အထည် ဖော်ဆောင်ရွက်ပေးရာတွင် ကရင်ပြည်နယ် မြဝတီခရိုင် အမှတ်(၃)ရပ်ကွက် ကြံခင်းလမ်းတွင် တည်ရှိသည့် မိုးအထည်ချုပ်လုပ်ငန်းမှ ထုတ်လုပ်ဖြန့်ဖြူးနေမှု အခြေအနေများကို ပြည်သူများသိရှိစေရန် အထည်ချုပ်လုပ်ငန်းတည်ထောင်သူ ဒေါ်ခင်မိုးဝင်းနှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ပါသည်။
Oct 15, 2023
(၁၁)ကြိမ်မြောက် ကမ္ဘာ့စံချိန်စံညွှန်းနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။
Oct 15, 2023
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းက ရုရှားနိုင်ငံ Rosatom မှ တာဝန်ရှိသူများနှင့်အတူ Moscow Power Engi-neering Institute၊ National Research Nuclear Universityနှင့် RUDN တက္ကသိုလ်များသို့ သွားရောက်လေ့လာရာ တက္ကသိုလ်များမှ ဒုတိယပါမောက္ခချုပ်များက တက္ကသိုလ်ဆိုင်ရာ အချက်အလက်များ၊ သင်ကြားသင်ယူမှုစနစ်များ၊ သုတေသနလုပ်ငန်းများ၊ တက္ကသိုလ်ပတ်ဝန်းကျင်၊ စာသင်ခန်း၊ စာကြည့်တိုက်၊ ဓာတ်ခွဲခန်းများ၊ အလုပ်ရုံများနှင့်သုတေသနခန်းများကို လိုက်လံရှင်းလင်းပြသသည်။
Oct 15, 2023
တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ မြို့နယ်များမှ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဒေသခံပြည်သူများအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ နယ်မြေခံဆေးကုသရေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
Oct 15, 2023
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၃ ရက်က ကရင် ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ရာတွင် ဘားအံမြို့ ကမော့ကစင်ကျေးရွာအနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့်
Oct 15, 2023
တောင်သူ လယ်သမားများ၏ အကျိုးစီးပွားဖြစ်ထွန်းစေရန် ရာသီဥတုဒဏ်၊ ရောဂါပိုးမွှားဒဏ်ခံနိုင်ပြီး အသက်လျင်သော စပါးမျိုးများ၊ သီးနှံအရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်ပြီး အပင်ယိုင်လဲခြင်းမရှိသော စပါးမျိုးများ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေးနှင့် လက်တွေ့အကျိုးဖြစ်ထွန်းစေမည့် နည်းပညာ လိုအပ်ချက်များထိရောက်စွာ ဖြည့်ဆည်းပေးနိုင်ရန်၊ ကြိုးပမ်းအားထုတ် မြှင့်တင်ဆောင်ရွက်ရန် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က တိုက်တွန်းပြောကြားသည်။
Oct 15, 2023
အင်းလေးဖောင်တော်ဦးဘုရားပွဲတော်ဟာ အင်းသားလူမျိုးတို့ရဲ့ ချစ်စရာကောင်းလှတဲ့ ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်ပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)ရဲ့ ထင်ရှားလှတဲ့ ရိုးရာဘုရားပွဲတော်တစ်ခုလည်းဖြစ်ကာ ရက်အရှည်ကြာဆုံးကျင်းပတဲ့ ဘုရားပွဲတော်တစ်ခု ဖြစ်ပါတယ်။
Oct 15, 2023
ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၃ ခုနှစ် တိုင်းမှူးဒိုင်းရေကူးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို အောက်တိုဘာ ၁၃ ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေး တက္ကသိုလ်ရေကူးကန်၌ ကျင်းပရာ တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
